Wednesday 26 October 2011

အနူးအညွန့် တောင်းပန်ပါသည်။

ကျွန်တော် စိတ်အရမ်းညစ်နေပါသည်။ အလုပ်မှာ အရမ်းအဆင်မပြေဖြစ်နေသလို၊ နေသည့်အိမ်မှာလည်း အတော်ကြီးကို အဆင်မပြေဖြစ်နေပါသည်။ ချစ်ရသူနဲ့ အကြီးအကျယ် ကတောက်ကဆဖြစ်ရသလို၊ ကျွန်တော့ Gmail Account ကိုသူများဝင်သုံးသွားခြင်းကို ခံရပါသည်။ ထို့ကြောင့် ဘလော့ကိုဝင်တဲ့ Primary Gmail Account ကိုပြောင်းထားရပါသည်။ နောက်များမှ ဘလော့မောင်နှမများထံ ပြန် Follow လုပ်ပါမည်။ တော်ရုံ အခက်ခဲလောက်ဆိုလျှင် 8Yarတို့အပြုံးပျက်မည်မဟုတ်။ အခုတော့...... ကဲထားပါလေ။

ဒီ Post တင်ရခြင်းဟာ တောင်းပန်ဖို့ပါ။
ကျွန်တော့ရဲ့ ဘလော့မောင်နှမများနဲ့ စာဖတ်သူများ အားလုံး၊ အားလုံးကို ကျွန်တော် Post တင်ရန် ပျက်ကွက်ခဲ့သည့်အတွက် အနူးအညွန့် တောင်းပန်ပါသည်။
ဒိထက်ပိုလေးနက်တဲ့ စကားလုံးရှိရင် အဲ့ဒီ စကားလုံးကိုသုံးပြီး တောင်းပန်ချင်ပါသည်။

ဒီ Post လေးပြီးရင် ကျွန်တော့ရေးလက်စ Post လေးတစ်ခုကို တင်ဖို့ကြိုးစားပြီးရေးနေပါသည်။ အဲ့ဒီ Post လေးပြီးရင်တော့ ကျွန်တော့ကို အချိန်နည်းနည်းလောက် ထပ်ပေးပါလို့ တောင်းပန်ပါရစေ။ အကြောင်းကတော့ အခု ကျွန်တော့အခြေနေမှာ အလုပ်သစ်ပဲ ရှာရတော့မလိုလို၊ အိမ်အသစ်ပဲ ရှာရတော့မလိုလို၊ အားလုံးကို လက်လျှော့ပြီး မြန်မာပြည်ပဲ ပြန်လိုက်ရင်ကောင်းမလားလို့လဲ စဉ်းစာနေမိပါသည်။

အမှန်တော့ လက်ရေးနဲ့ ရေးထားတဲ့စာတွေရှိပေမယ့် မြန်မာလို ရိုက်ဖို့ အခက်ခဲရှိနေဆဲပါ။ ကျွန်တော်နဲ့ ခင်တဲ့သူအချို့သိပါတယ်။ ကျွန်တော်ဟာ အခုချိန်အထိ Burglish Test Engine မှာ Burglish ရိုက်ပြီး မြန့်မာ Font ကိုပြောင်းယူနေရတုန်းပါ။ တခါတခါမှာတော့ ကိုယ့်ဟာကို အသုံးမကျတာတွေကိုကြည့်ပြီး စိတ်ပျက်မိပါရဲ့။

(မှတ်ချက်။ ။ဒီ Post ဟာစိတ်ပူအောင်ရေးတာမဟုတ်သလို၊ ပွဲဆူရေးခြင်းလဲ မဟုတ်ကြောင်း ပြောပါရစေ။ ကျွန်တော့မှာ အဲလိုစိတ်ဓာတ်မရှိပါ။)

အားလုံးကိုတောင်းပန်ရင်း၊ အစစ အရာရာ အစဉ်ပြေ၊ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ခြွေလျှက်၊
8Yar.
26th Oct 2011

Saturday 8 October 2011

လူ....


လူဆိုတာ...
အိပ်နေရင် မျက်လုံးမှိတ်မယ်၊
နိုးနေရင် လျှောက်လုပ်မယ်။

လူဆိုတာ...
လေနဲ့ ရေရှိမှ အသက်ရှင်တယ်၊
ဒါပေမယ့် အချို့က ငွေရှိမှ လူလို့ထင်တယ်။

လူဆိုတာ...
အမြဲတန်း ဦးနှောက်ရှိပေမယ့်၊
တခါတလေမှာ အသုံးမကျဘူး။

လူဆိုတာ
တခါတရံမှာ အမှန်ပြောတတ်ပေမယ့်၊
စကားစုတိုင်းမှာ မုသားပါတက်တယ်။

အဲ့ဒါကြောင့်
လူဆိုတာ....
ကြင်နာတတ်ပေမယ့် ရက်စက်ပြချင်သူ။
ဝမ်းနည်းနေပေမယ့် ပျော်ရွှင်ပြမဲ့သူ။
ရှာဖွေတတ်ပေမယ့် မကျင့်ကြံနိုင်တဲ့သူ။

လို့..... ဆိုရင် မှန်နိုင်ပါ့မလား???

8Yar
8th Oct 2011

Tuesday 4 October 2011

Formula One



တစ်ရက် ကျွန်တော်လုပ်နေသော ကုမ္ပဏီမှ အလုပ်အကြိုးစားဆုံး လူလေးယောက်ကို F1 Rehearsal Ticket ပေးပါတယ်။ အဲ့ဒီထဲမှာ 8Yarတို့လည်းပါလေတော့ အရမ်းပျော်မိတာပေါ့။ အဲဒီအချိန်က ကျွန်တော့်မှာအလုပ်တွေပိပြီးစိတ်ညစ်ရတဲ့အချိန်ဆိုတော့ ပျော်တာတောင် ပြည့်ပြည့်၀၀မပျော်မိပါဘူး။ ပြီးတော့ သူဌေးကမှာလိုက်တယ်....
“မင်းတို့လေးယောက်F1ကိုကြည့်ပြီး အဲဒီမှာသုံးတဲ့ပစ္စည်းတွေကို ပြန်ပြောပြရမယ်။ နောက်နှစ်ကုမ္ပဏီက ဘာတွေရောင်းလို့ရမယ်ဆိုတာတွေ ပြန်ပြောပြနိုင်ရမယ်" တဲ့။ အဲ့ဒီကျမှ 8Yarလည်း သဘောပေါက် သွားတော့တယ်။ ငါတို့ကို relaxလုပ်ခိုင်းတာမှမဟုတ်တာ၊ အလုပ်ခိုင်းတာပဲဆိုတာကိုလေ။ စ’လုံးက သူဌေးတွေကို နည်းနည်းတော့စိတ်ပျက်မိပါရဲ့။ 

F1 ဆိုတာ Formula One လို့ခေါ်တဲ့ Sport Car ပြိုင်ပွဲဖြစ်ပါတယ်။ စင်္ကာပူက F1 ပြိုင်ပွဲ ၅နှစ်ကျင်းပခွင့်ရထားတဲ့အတွက် အခုဆိုရင် လေးကြိမ်မြောက်ရှိပြီလို့ထင်ပါတယ်။ ဒီလိုပွဲမျိုးကို   နိုင်ငံတကာက လာရောက်အားပေးကြတဲ့အတွက် အိမ်ရှင်နိုင်ငံဖြစ်တဲ့ စင်္ကာပူနိုင်ငံကဂုဏ်ယူရသလို လုံခြုံရေးနဲ့ဖျော်ဖြေရေးဆိုင်ရာတွေအတွက်လဲ ခေါင်းစားစေမှာ အမှန်ပါပဲ။  

ဒီလိုနဲ့ F1ပြိုင်ပွဲနေ့ရောက်လာတော့ လိုအပ်တာတွေ ပြင်ရဆင်ရတော့တာပေါ့။ 

 
ဒါကတော့ ၀င်ရမဲ့Ticket…  Bar Codeပါတယ်၊ Zone, Gate No, Seat No, Seat Colour, Roll No တွေကတစ်ဘက်မှာပါတယ်။ 


နောက်တစ်ဘက်ကတော့ ကြည့်ရမဲ့ရက်စွဲနဲ့မြေပုံပါတယ်။ သိတဲ့အတိုင်းပဲ စ’လုံးက Technology ထွန်းကားတော့ ဒီလိုကဒ်တွေကို ဖောဖောသီသီသုံးနိုင်ကြတာပေါ့။ အဲဒါလေးတော့သဘောကျမိပါရဲ့။


ဒါကတော့ Ear Muff နဲ့ Ear Plug
ဘယ်ဟာယူရမလဲလို့စဉ်းစားနေတာ......
သူကတော့မပါလို့မဖြစ်ဘူး... ခုသွားကြည့်မဲ့ပြိုင်ကားတွေက လေယာဉ်အင်ဂျင်တပ်မောင်းတာလို့ကြားဖူးတယ်။ အရမ်းမြန်သလို အရမ်းလည်းဆူတယ်။ အခန့်မသင့်ရင် နားပျက်သွားနိုင်ပါတယ်။ နောက်တစ်ခုကMOM Regulationပါ။ MOMဆိုတာကတော့ စ’လုံးမှာနေတဲ့သူတိုင်းသိပါတယ်။ အလုပ်ရှင်နဲ့အလုပ်သမားကြားမှာရှိတဲ့ ပြဿနာတွေကိုဖြေရှင်းပေးနိုင်တဲ့ အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ တစ်နည်းပြောရရင် အလုပ်သမားတွေနဲ့ ပတ်သက်တာတွေကိုကိုင်တဲ့ အစိုးရပါ။ မြန်မာလိုတော့ အလုပ်သမားဝန်ကြီးဌာနလို့ခေါ်ရင်ရမလားပဲ။ စ’လုံးမှာတော့ Ministry of  ManPower လို့ခေါ်ပါတယ်။ သူတို့ရဲ့Rules အရတော့ လူတစ်ယောက်ဟာ 85 Decibel  အောက်အသံကို ကြားရရင် Hearing Protection လုပ်စရာမလိုပါ။ 85db ထက်ရှိတဲ့အသံအနားမှာရှိနေမယ်ဆိုရင် Hearing Protection လုပ်ရပါတယ်။ အဲဒါတွေက ကျွန်တော့အလုပ်နဲ့ပတ်သက်တာတွေမို့ အများကြီးပြောမပြတော့ပါဘူး။ ဆိုလိုချင်တာက ဒီပွဲအတွက် Hearing Protection လုပ်ကိုလုပ်ရပါမယ်။ 8Yarတို့ ကုမ္ပဏီကဒီပစ္စည်းတွေရောင်းတာဆိုတော့ လွယ်လွယ်ကူကူပဲProvideလုပ်ပါတယ်။ Ear Plugကနားထဲကိုသွင်းရတာဆိုတော့ ကျွန်တော်သဘောမကျပါ။ ကျွန်တော့နားပေါက်ကို ဆွဲဖြဲထားသလိုခံစားရမှာအသေအချာမို့ Ear Muffကိုပဲရွေးလိုက်ပါတယ်။


ဒါလေးက Friday အတွက် အချိန်ဇယားလေးပါ။ စမှာက 3:30pm ကျွန်တော်တို့ အလုပ်တွေပြီးတော့ 5:00pm ထိုးနေပြီ။ အလုပ်ပြီးတော့ အိမ်ပြန်ရ၊ လူပြန်စုရနဲ့ ညစာစားတော့ 6:00pm ရောက်သွားရော။ အဲဒီအချိန်ထိ ပြိုင်ကားကွင်းထဲကို မရောက်သေးဘူး။


ဒါလေးက အဲ့ဒီနေ့က စားဖြစ်တဲ့ Dinner လေးပါ။ ရေးထားတာတော့ 6.90s$၊ GST ပေါင်းလိုက်တော့ 7.00s$ စွန်းစွန်းလေးကျသွားတယ်။ ကိုယ်ကလည်းထမင်းစားရမှ ကျေနပ်တဲ့သူဆိုတော့ တတ်နိုင်ဘူးစားလိုက်ရတယ်။ ဒါတောင် သိပ်မဝချင်ဘူး။ :P


ကဲစဝင်ပါပြီ.....


အမှတ်တရပစ္စည်းအရောင်းဆိုင်ပါ။ ဈေးလား??... မေးမိတာကိုယ့်အမှားပါဆိုပြီး အော်ငိုချင်စိတ်ပေါက်သွားတယ်။ ကျွန်တော် မေးမိတဲ့ အင်္ကျီဈေးက 170S$ တဲ့။ :( ဘာသားနဲ့များချုပ်ထားတယ်မသိဘူး။   ဈေးပေါတာရှိလားလို့မေးတော့ 50S$ တန် အင်္ကျီကိုလက်ညိုးထိုးပြတယ်။ ကိုယ့်ကို စကားတောင်မပြောတော့ဘူး။ ခစ် :P
ဆက်သွားတော့ 


လမ်းညွှန်ဆိုင်းဘုတ်ကိုတွေ့တယ်။ လျှောက်ရင်း လျှောက်ရင်း ပြိုင်ကားသံကြားလို့ ပြေးပြီးရိုက်လိုက်လိုက်သေးတယ်။


ဒီကားပေါ့ 8Yar ဘဝမှာ ပြိုင်ကားကို အပြင်မှာ ပထမဆုံးမြင်ဖူးတာ။ တော်တော်ဆူတဲ့ ကား။   ဖြတ်သွားတာနဲ့ နားကိုအီသွားတာပဲ။ F1 ကစနေပြီ 8Yar တို့က ကိုယ်ထိုင်ရမယ့်နေရာ မရောက်သေးဘူး။ 


ရောက်ပါပြီဗျာ၊ ခုံတွေရှိတဲ့နားကို။  အပေါ်ကိုမော့ကြည့်လိုက်တယ်ဆိုရင်ပဲ။
 အောင်မလေးဗျာ! နည်းတဲ့လူတွေမဟုတ်ဘူး။ ခြံစည်းရိုးကျော်ဝင်လာသလားအောက်မေ့ရတယ်။ :P လူတွေအများကြီးရှေ့မှာ မတ်တပ်ရပ်လိုက်ရတော့ 8Yar တို့ ဒူးတောင်တုန်ချင်သွားတယ်။ အများနဲ့တစ်ယောက်ဆိုတော့ ဖြစ်ပါ့မလား။ ဘဝပျက်ရချည်ရဲ့ဆိုပြီး လျှောက်တွေးနေမိတယ်။ ဟတ်ဟတ်.... အနောက်ကနေ Excuse me! ဆိုပြီး အသံဗြဲကြီးနဲ့အ်ာလိုက်သံကြားမှ သတိပြန်ဝင်လာတော့တယ်။ ဟုတ်သားပဲ ငါက ဘောပွဲလာကြည့် အဲလေ ပြိုင်ကားပွဲလာကြည့်တာပဲ ဖိုက်တင်ပလေးဖို့လာတာမှ မဟုတ်ပဲဆိုပြီး လူတွေကြားထဲကို ရင်ကော့ပြီးတက်လာလိုက်တယ်။ 

8Yar တို့လူစုကလူညီတယ် ထိုင်ရမဲ့နေရာကို လူခွဲရှာမယ်ဆိုပြီး တစ်ယောက်တစ်နေရာ ထွက်လာကြတယ်။ ရှာတယ်.. တွေ့ဘူး..။ ဒီထက်ပိုချောတာရှာတယ်။ အဲလေ... ဒီထက်ပိုနီးစပ်တဲ့ ခုံနံပါတ်ကိုရှာတယ်။ မတွေ့ဘူး တွေ့ပြန်တော့လည်း မနီးစပ်နိုင်ဘူး။ ဘေးမှာကောင်လေးတစ်ယောက်နဲ့ တိန်! ဘာတွေရှောက်ရေးမိနေပါလိမ့်။ ငါ့နယ်နော် စိတ်ညစ်ပါတယ်။ :( ပြောချင်တာက ထိုင်ရမဲ့ခုံကိုအခုထိမတွေ့သေးဘူး။ 10 မိနစ်ကျော်ကျော်လောက် လမ်းသလားတာ မတွေ့သေးဘူး။   ခြေကုန်လက်ပန်းကျခါနီးမှတွေ့တော့တယ်။ ခုံတော့မဟုတ်ဘူး။ ကိုယ့်လူတွေကို တွေ့တာ။ အမယ် ကိုယ်တော်တွေက အညိမ့်သားထိုင်လို့။ ကိုယ်လည်းနည်းနည်းတင်းသွားတယ်။ သူတို့နားရောက်ရောက်ချင်း ဘုတောလိုက်တယ်။
“ဘာလို့ငါ့ကို မခေါ်တာလဲ?” လို့ 
တစ်ယောက်က “မင်းငါတို့အရှေ့ကဖြတ်ဖြတ်သွားတာ သုံးခါရှိပြီ။ လှမ်းခေါ်တိုင်း ငါတို့ကိုမကြည့်ပဲ ဘေးကအတွဲကိုကြည့်ကြည့်ပြီး ထွက်ထွက်သွားလို့ မခေါ်တော့တာ” 
ကိန်! အဲလေ... တိန်! ဂလိုလား အဲဒီတော့လည်း 8Yar က “အရမ်းဆူတယ်ကွ ဘယ်ကြားမလဲ” ဆိုပြီး ဝင်ထိုင်လိုက်တယ်။  


မထိုင်ခင် လူသိပ်မရှိတဲ့ဘက်သွားပြီး ထိုင်နေတဲ့လူတွေနဲ့ Marina Bay ရဲ့ အလှကို မှတ်တန်းတင်လိုက်တယ်။ F1 မစခင်က 8Yar တစ်ယောက် Ear Muff ကိုတပ် Camera လေးတဝင့်ဝင့်နဲ့ ပဲများနေတာ။ ပွဲလည်းပြန်စရော အမုန်းရိုက်တာ။ အဝေးကရိုက်တော့.....


ကားက ကောင်းကောင်းမမြင်ရဘူး။
အဲ့ဒါနဲ့ အောက်ဆင်းသွားပြီး အနီးကပ်ဆွဲတော့ ....


မြင်တဲ့အတိုင်းဝါးနေပြန်ရော။
နောက်ကျမှရိုက်ရင်....


အမြှီးပဲပါတယ်။
ကြိုရိုက်ပြန်တော့.....


ခေါင်းပဲပါတယ်။
ကွက်တိရိုက်ပြန်တော့....


ကားတောင်မမြင်လိုက်ရဘူး။
အဲဒီလောက်ကြီး တော်နေတဲ့ ကိုယ့်ဟာကိုယ် ဘယ်လိုချီးကျူး ရမလဲ ဆိုတာတောင်မသိဘူးဖြစ်သွားတယ်။ ကျွန်တော့အရှေ့မှာထိုင်နေတဲ့ ပရော်ဖက်ရှင်နယ် ကင်မရာပိုင်ရှင်ရဲ့ပုံတွေကိုလှမ်းကြည့်လိုက်တော့ အားပါးပါး ကောင်းလိုက်တဲ့ ပုံတွေဗျာ။ ကိုယ်ငန်းနေမှန်းသိတော့ ကိုတော်ကလှည့်ကြည့်တယ်။ ကိုယ်ကလည်း ပုံတွေမိုက်တယ်နော်ဆိုပြီး မျက်စပစ်ပြတော့။ သူဘယ်လိုသဘောပေါက်တယ် မသိဘူး။ ကိုယ့်ကိုခြေဆုံး ခေါင်းဆုံးကြည့်တယ်။  နောက်တစ်ခါ  မျက်စပစ်ပြလိုက်ရင် ကိုယ့်ကိုတစ်မျိုးထင်တော့မှာပဲ ဆိုပြီးထပ်ပစ်ဖို့မကြိုးစားတော့ဘူး။ ပုံတွေက အစဉ်မပြေတော့ movie လေးနည်းနည်းပဲ တင်မယ်ဆိုပြီး တင်တာ ကံကမကောင်းချင်တော့uploadက တက်ကိုမတက်ဘူး။ 
ဒီနေ့လည်း 8Yarအဆင်မပြေပါလားနော်....
 
Post အတင်ကျဲသွားတဲ့အတွက် Blogမောင်နှမများနှင့် စာဖတ်သူများကို ကျွန်တော်8Yarက ဒီPostလေးနဲ့တောင်းပန်ပါရစေခင်ဗျာ။

ကိုယ်ရော စိတ်ပါ ကျန်းမာချမ်းသာကြပါစေ။

8Yar
4th Oct 2011