Friday 26 August 2011

နေရာ

ဒီနေ့ဘလော့တွေလိုက်လည်တော့ သူငယ်ချင်းတွေဖြစ်တဲ့ ကန်ဒီ နဲ့ သမီးစံ တို့ဆီမှာ Blog Day အတွက် Post တင်ထားတာဖတ်ရပါတယ်။ ကန်ဒီ ကကျွန်တော့ကို Tag ပြီး၊ သမီးစံ ကတော့ ကျွန်တော်တင်ထားပြီးသားမို့မ Tag တော့ပါဘူးလို့ဆိုပါတယ်ခင်ဗျာ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့ ဘလော့မောင်နှမတွေနဲ့ ကျွန်တော်ကို Tag ထားတဲ့ ဘလော့ကာ အစ်ကို၊ အစ်မတွေ အားလုံးကိုလေးစာတာကြောင့် ဘလော့ဒေး အတွက် ကဗျာတိုလေး ကြိုးစားရေးပြီး တင်လိုက်ပါတယ် ခင်ဗျာ။


နေရာ

တကယ်ပါ
မရောက်ဖူးရင် ခေါ်ပြလိုက်ချင်
မိတ်ဆွေစစ်တွေ ရှိတဲ့နေရာ
 
တကယ်ပါ....
မမြင်ဖူးပေမယ့် ခင်ဖူးရင်
တစ်သက်မမေ့မဲ့ သူတွေရှိတဲ့နေရာ
 
တကယ်ပါ....
ပေးချင်ယုံသက်သက်နဲ့
အတွေးတွေကို ကောက်ကြောင်းဆွဲ
နှလုံးသွေးတွေကို လက်နဲ့ရေးတဲ့နေရာဟာ
ငါတို့ ဘလော့ကာတွေရဲ့ တည်နေရာ....။    ။
 

ကောင်းသောနေ့လေးဖြစ်ကြပါစေ။
8Yar
26th Aug 2011

15 comments:

Candy said...

cbox မှာ တက်ဂ်ထားတာရေးပြီးပြီ လာအော်သွားတော့ ကြောင်တောင်တောင်ဖြစ်သွားတယ်.. ဟိုနေ့ကပဲ အိပ်ယာပေါ်မှာ ဖတ်ပြီးသားကို ဘယ်လိုများ ထပ်ရေးလိုက်လဲပေါ့.. အဟီး
မိုက်လှချည်လား ကဗျာက... ပညာစွမ်းတွေက စပြလာပြီ... အမလေး ကြောက်လိုက်တာ... :P
ခင်တဲ့ ... Candy

Jerome Namsu said...

မိုက်ဒလယ်ကွာ...

Maung Myo said...

တယ်ဆိုတဲ့ စာပါလားကွဲ့ ရို့ရိုး ၀ါးဝါးးး) (ရက်ပါ အသံဖြင့်ဖတ်ရန်)

မအိမ်သူ said...

အဲဒီနေရာက ပျော်စရာလဲကောင်းတယ်။ အတွေ့အကြုံ အသစ်တွေလဲရတယ်။ တကယ်ကောင်းတဲ့ ကဗျာလေးဘဲ။ ခေါင်းစဉ်နဲ့ကော ဘလော့ဂ်ဒေး အကြောင်းအရာနဲ့ပါ လိုက်ဖက်ညီအောင် ရေးတတ်တယ်။

8Yar said...

Candy > ကြိုးစာပြီးရေးထားပါတယ်ချိုမှ၊ လာနောက်နေတယ်။ ချက်ချင်းလာအားပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ။

ကျောက်ခေတ် > ကျေးဇူးပါ အစ်ကို။ CBox မှာအစ်ကိုပြောသလို ရေးဖို့အဆင့် ကျွန်တော့မှာမရှိသေးတာမို့ ခွင့်လွှတ်ပေးပါအစ်ကို။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

မောင်မျိုး > ကြိုးစားဆဲပါ အစ်ကို ရို့ရိုး ၀ါးဝါးးး) (ရက်ပါ အသံဖြင့်ဖတ်ရန်) :P

မအိမ်သူ > အစ်မရေ လာအားပေးတဲ့အတွက် တကယ်ကျေးဇူးပါ ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

ချယ်ရီမြေ said...

8Yar ရေ...သူများတွေနဲ့မတူအောင် တက်လိုက်တဲ့ဘလော့ဒေးကဗျာကို အတော်သဘောကျမိတယ်...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

KMC@ချင်းလေး said...

တကယ်ပါ....
မမြင်ဖူးပေမယ့် ခင်ဖူးရင်
တစ်သက်မမေ့မဲ့ သူတွေရှိတဲ့နေရာ

ရိုးရှင်းပြီးအဓိပ္ပါယ်နက်နဲတဲ့ကဗျာကောင်းတစ်ပုဒ်ပါ။
စာရေးသူရဲ့ဘလော့အပေါ်မှာထားရှိတဲ့အမြင်လေးကို
အင်မတန်မှလေးစားသွားမိပါတယ်ဗျာ။
ကျနော့်လိုပါမွှားဘလော့လေးမှာလာပြီး အားဆေးချန်ခဲ့တာကျေးဇူးတင်လျက်ပါဗျာ။

ပန်းချီ said...

တကယ်ပါ...ကောင်းလိုက်တဲ့ ကဗျာလေး..ရှင်။ ဘလော့ဂ်ဂါသရုပ်ကို ကဗျာတိုလေးနဲ့ ထိထိမိမိ ဖော်ပေးသွားတာ သပ်ရပ်လှတယ်း)

8Yar said...

KMC@ချင်းလေး > အစ်ကိုချင်းရေ comment လေးအတွက် ကျေးဇူးပါခင်ဗျာ။ စီနီရာ ဘလော့ကာ အစ်ကိုချင်းကို ညီငယ် 8Yar ဂါဝရပြုပါတယ် ခင်ဗျာ။

ပန်းချီ > အစ်မပန်းချီရေ လာအားပေးတဲ့အတွက် အရမ်းကျေးဇူးပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ။

Unknown said...

တကယ်ပါ....
ပေးချင်ယုံသက်သက်နဲ့
အတွေးတွေကို ကောက်ကြောင်းဆွဲ
နှလုံးသွေးတွေကို လက်နဲ့ရေးတဲ့နေရာဟာ
ငါတို့ ဘလော့ကာတွေရဲ့ တည်နေရာ....။ ။

.. တဲ့လား သူငယ်ချင်းရေ..ဟုတ်လောက်မယ်ဗျာ..
တစ်တစ်ခါတစ်ခါ တစ်လော့ တစ်ပုဒ်လောက်ရဖို့အတွက် သုံးလေးရက်လောက် အိပ်ရေးပျက်ရတာ ကျွန်တော် တို့ ဘလော့ဂါတွေပေါ့ဗျာ..လေးစားစွားဖြင့်..(ဒုတိယ)

ချယ်ရီမြေ said...

8yarရေ... ဘလော့ဒေးပို့စ်လေး ဖတ်သွားပါတယ်....


ချမ်းမြေ့ပါစေ
ချယ်ရီမြေ

8Yar said...

ဒုတိယလူ > လာအားပေးတဲ့ အတွက်ကျေးဇူးကမ္ဘာပါပဲ အစ်ကို။ ကျွန်တော် 8Yar ကလည်း အစ်ကို့ကို ကောင်းသောနေ့လေးဖြစ်ပါစေလို့ ဆုတောင်းပေးပါရစေခင်ဗျာ။

ချယ်ရီမြေ > တင်ပါ့ဘုရား။ လိုတာရှိလည်းသွန်သင်ပါအုံး ဘုရား။ ကောင်းသောနေ့လေးဖြစ်ပါစေ ဘုရား။

mstint said...

ဘလော့ဂ်ဒေး အမှတ်တရပို့စ်တွေထဲမှာ ထူးထူးခြားခြားကဗျာကောင်းလေးနဲ့ တင်သွားတာ အားပေးသွားပါတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

8Yar said...

mstint > ကျေးဇူးပါအန်တီတင့် ရေ။ Comment ကိုအခုမှမြင်လို့ Reply လုပ်တာနောက်ကျသွားပါတယ်။ Sorry ပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

ပန်းနှင်းဆီ said...

အတွေးအရေးကောင်းလေးပါပဲရှင်..
ဆထက်တိုး၍ အောင်မြင်ပါစေနော်..

ပန်းနှင်းဆီ