Thursday, 31 May 2012
ရန်ကုန်သို့ ရောက်ရှိနေခြင်း
မင်္ဂလာပါခင်ဗျာ။ ဒီရက်ပိုင်း 8Yar ပျောက်နေမိလို့ မောင်နှမတွေလည်း စိတ်ပူမယ်၊ စာဖတ်သူများလည်း သို့လော၊ သို့လော ဖြစ်နေမယ်ဆိုတာ စဉ်းစားမိတာကြောင့် ကြိုးစားပြီး ဒီပို့စ်လေးကိုတင်လိုက်ပါတယ်ခင်ဗျာ။ အခု 8Yar တစ်ယောက် ရန်ကုန်ကိုပြန်ရောက်နေပါတယ်။ အစက အလည်ပြန်လာတာဖြစ်ပေမယ့်၊ ရောက်ပြီး တပါတ်ကျော်ကျော်မှာ ရုတ်တရက် ဗိုက်နာလာလို့ ဆေးရုံတက်ပြီး ဗိုက်ကို Operation လုပ်လိုက်ရပါတယ်။ ၊ ဗဟိုစည် ဆေးရုံမှာ ခွဲစိတ်လိုက်တာပါ။
အရင်က အူအတက်ရောင်တာလို့ထင်ပေမယ့် ဒီရောက်တော့ သည်းခြေမှာကျောက်ရှိနေတာကြောင့် ဗိုက်နာတာလို့သိရပါတယ်။ ခုတော့ ဆေးရုံကနေ ရန်ကုန်ကအိမ်ကိုပြန်ရောက်ပြီး အတော်သက်သာနေပါပြီ။ အကူမပါပဲ ကိုယ့်ဟာကိုယ် အိမ်ထဲမှာ ထိုင်နိုင်၊ ထနိုင်၊ သွားနိုင်၊ လာနိုင် လာတာကြောင့် ဒီ Post လေးကိုကြိုးစားပြီး တင်လိုက်ပါတယ်ခင်ဗျာ။
တစ်လနီးပါး Post တွေမတင်နိုင်တာရယ်၊ Blog သတင်းမပေးနိုင်တာကြောင့် တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ 8Yar ရဲ့ပျက်ကွက်မှုတွေအတွက်လည်း အားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ။ Blog မောင်နှမတွေနဲ့ စာဖတ်သူအပေါင်း နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
အားလုံး ပျော်ရွှင်၊ ကျမ်းမာကြပါစေ။
8Yar
31st May 2012
Tuesday, 24 April 2012
ဒီနေ့
ဒီနေ့ တိမ်တွေမှာ အရောင်တွေပါတယ်
သိပ်မကြိုက်ချင်ဘူး
လှပေမယ့် ညစ်ကျယ်ကျယ်နိုင်နေတယ်....
ဒီနေ့ စိတ်တွေမှာ အရောင်တွေပါတယ်
သိပ်မကြိုက်ချင်ဘူး
သိပေမယ့် ပြုံးနေလိုက်တယ်....
ဒီနေ့ စကားတွေမှာ အကာတွေပါတယ်
သိပ်မကြိုက်ချင်ဘူး
ချိုပေမယ့် အဝင်ဆိုးနေတယ်....
ဒီနေ့ မျက်ရည်တွေမှာ အတ္တ္တတွေပါတယ်
သိပ်မကြိုက်ချင်ဘူး
မြင်နေပေမယ့် ယုံလိုက်မိရင် သေသွားနိုင်တယ်...။
8Yar
24th Apr 2012
Thursday, 19 April 2012
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များ ဖူးမျှော်ခွင့်သတင်း
သတင်းကောင်းလေးပါးပါတယ်ခင်ဗျာ။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များဖူးခွင့်ရတုန်း စာဖတ်သူများကိုရော၊ ဘလော့ဂ်မောင်နှမတွေကိုပါ ဖူးစေချင်ပါလို့ပါခင်ဗျာ။ ကျွန်တော်တို့ မေတ္တာရှင်ဖောင်ဒေးရှင်း (စင်္ကာပူ) အဖွဲ့ကလည်း ဓာတ်တော်များ စောင့်ရှောက်ခြင်းနှင့် တရားစခန်းယောဂီများအတွက် ဝေယျာဝစ္စများကိုပါဝင် ကုသိုလ်ယူကြမှာဖြစ်ပါတယ်ခင်ဗျာ။ အောက်က Post လေးကို http://mettashinfoundationsg.blogspot.com ကကူးယူလာကြောင်းပါခင်ဗျာ။
8Yar
19th Apr 2012
--------------------------------------------------------------------------------------------------
လေးစားအပ်ပါသော ဓမ္မမိတ်ဆွေ သူတော်စဉ် အပေါင်းတို့ခင်ဗျာ...
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များဖြစ်ကြသော
အံသွားတော်
မျက်လုံးတော်
ဆံတော်များ
အသွေး၊အသား ဓာတ်တော်များနှင့်
ဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများကို (၇) ရက်တိုင်တိုင် ပူဇော်ပွဲနှင့် မန္တလေးမြို့
မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ ဌာနချုပ်မှ နာယကချုပ်ဆရာတော်ဖြစ်သော အရှင် ဣန္ဒက
(ဓမ္မကထိကဆရာတော်)မှ မိုးကုတ်ဝိပဿနာ (၇)ရက် အထူးတရားစခန်းပွဲကို မေလ (၁)ရက်မှ (၇)ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်အသိပေး နှိုးဆော်လိုက်ရပါသည်။
ဤကဲ့သို့ ထူးကဲလှစွာ စင်္ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ်ကြွချီလာတော်မူသော ဓာတ်တော်ပူဇော်ပွဲ နှင့် (၇)ရက် တရားစခန်းပွဲတွင် ကျွန်တော်များ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ (၂)ရက် မေလ ၂၀၁၂တွင် အခြားဓမ္မအဖွဲ့များနှင့် စုပေါင်း၍ နေ့လည်ပိုင်း ဝေယျာဝစ္စကုသိုလ်အားလည်းကောင်း၊ (၄)ရက် မေလ ၂၀၁၂တွင် တရားစခန်းယောဂီများအတွက် တစ်နေ့တာ ဝေယျာဝစ္စကုသိုလ်၊ ဓာတ်တော်များ တာဝန်ယူစောင့်ရှောက်ရေး ကုသိုလ် နှင့် လာရောက်ဖူးမျှော်ပူဇော်သူများအား အဆင်ပြေချောမွေ့စေရေး အစရှိသည့် လုပ်အားကုသိုလ် အစုစုတို့ကို ပါဝင်အားဖြည့်သွားမည် ဖြစ်ပါသည်။
ညနေတရားပွဲများကိုလည်း မေလ (၁)ရက်၊ (၅)ရက် နှင့် (၆)ရက် တို့၏ ညနေ ၆:၃၀ မှ ၈:၀၀ အထိ Function Room 1, Arina Country Club, Joo Koon တွင် ကျင်းပပေးသွားမည်ဖြစ်ပါသည်။
တရားစခန်းဝင်လိုသူများအနေဖြင့် မိမိတို့၏
အမည်
ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့်
အီးမေလ်းလိပ်စာများကို
မနီလာအောင် (၉၆၉၉ ၄၇၉၅)၊ လမ်းပြသူ (၆၃၃၆ ၅၉၄၉)၊ (nilaaung63@gmail.com)
ကိုအောင်နိုင် (၉၂၂၇ ၇၄၉၁)၊ dhammadownload (၉၇၃၆၅၀၃၄)၊
ကိုကျော်ဝင်း (၈၃၂၄၈၁၈၀)
ကိုသန်းဝင်း (၉၃၂၂၀၆၂၄)
ကိုထင်ကျော် (၉၄၂၄ ၂၉၆၁)
မသွယ်သွယ်စိုး (၉၃၅၁ ၆၄၃၉)
ကိုထွန်းထွန်း (၉၄၅၁၈၂၆၃)
ကိုသန်းမြတ်စိုး (၈၃၆၈၉၇၈၅)
မမြင့်မြင့်သန်း (၉၄၂၄၂၇၁၃)
ကိုထိန်လင်း (၉၀၆၈ ၇၀၁၉)
မဇာခြည်သန်းထွန်း (၉၄၃၄၆၀၅၅)
ကိုခိုင်ဇော်လင်း (၈၁၈၀ ၀၇၇၆)
တို့ထံသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။
လှူဒါန်းလိုသူများ အနေဖြင့် ဒေါ်နီလာအောင် (၉၆၉၉ ၄၇၉၅)၊ nilaaung63@gmail.com (POS Saving account 189-11107-0) အကောင့်သို့တိုက်ရိုက်ထဲ့ဝင်၍လည်းလှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။
မေတ္တာရှင်ဖောင်ဒေးရှင်း (စင်္ကာပူ) အဖွဲ့
Subscribe to:
Posts (Atom)
