Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Thursday, 20 June 2013

အသက်ရှူလမ်းကြောင်းထဲ Haze မဝင်အောင်ကာကွယ်ကြမယ်။

မင်္ဂလာ ညချမ်းလေးဖြစ်ကြပါစေလို့ ဘလော့ မောင်နှမများ၊ စာဖတ်သူများနဲ့ သူငယ်ချင်းများကို ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ခင်ဗျာ။ 
 
အခု အရေးတကြီး Post တင်စရာရှိလာတော့ အိပ်ယာ တစ်ယောက်ပျင်းလို့ မနေနိုင်တော့ပါဘူး။ အရေးတကြီးဆိုတာက အင်ဒိုက ရှို့သမျှ မီးခိုးနဲ့ပြာတွေဟာ Singapore နိုင်ငံသားတွေနဲ့အတူ ကိုယ်ရွှေတွေရဲ့ ကျန်းမာရေးတွေကိုပါ ထိခိုက်လာတာကြောင့် သိသမျှလေး မျှဝေလိုက်ရပါတယ်။

ဒီနေ့ ည ၉ နာရီ မှာ NEA ကထုတ်ပြန်ချက်အရ PSI 290 ရှိနေပါပြီ။ 
 
ဒါဟာ ကျန်းမာရေးကို တော်တော်ကြီးကိုထိခိုက်နိုင်ပါတယ်ဆိုတာ အောက်ကပုံးကို ကြည့်ရင်သိနိုင်ပါတယ်ခင်ဗျာ။

 
အဲဒီ Haze တွေ မရှူမိအောင် ဘယ်လို ကာကွယ်ကျမလဲ?? ရိုးရိုးလေးပါ။ အသက်ရှူလမ်းကြောင်းထဲ Haze တွေမဝင်အောင် Mask ဝတ်ရင်ရပါပြီ။ Mask ဆိုလို့ တစ်ချို့က 3 ply surgical face mask လို့ထင်အုံးမယ်။ မဟုတ်ပါဘူးခင်ဗျာ။ N95 Mask ကိုပြောတာပါ။ သူတို့နှခုရဲ့ ခြားနားချက်လေးပြောပြရရင် 3 ply surgical face mask ဆိုတာက ကိုယ်ချောင်းဆိုးနေရင် သူများကို မကူးအောင်၊ ကိုယ့်ဇနီး၊ သားမယားကို မကူးအောင် ကာကွယ်ဖို့ ဝတ်ဆင်တာပါ။ တစ်နည်းပြောရရင် environment ကို protect လုပ်တာပါ။ N95 Mask ကတော့ သူနဲ့ပြောင်းပြန်ပါ။ အပြင်မှာရှိတဲ့ Virus တွေ၊ ရောဂါပိုးတွေ ကိုယ့်အသက်ရှူ လမ်းကြောင်းထဲမဝင်အောင် မိမိကိုယ်ကို ကာကွယ်တာပါ။ အဲ့ဒါကြောင့် N95 Mask ဝတ်ဆင်တဲ့အခါ Air leak မဖြစ်အောင်၊ လေလုံအောင် ဝတ်တတ်ဖို့လိုပါတယ်ခင်ဗျာ။ ဒီ N95 Mask ကို H1N1 တုန်းကလည်း ကမ္ဘာနဲ့အဝှမ်း ယုံကြည်စွာဝတ်ဆင်ခဲ့ကြပါတယ်။ 3 ply surgical face mask နဲ့ N95 Mask တို့ကို မျက်စိထဲမမြင်သူများအတွက် အောက်မှာပုံနဲ့ တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။ဖြစ်ပါတယ်။


3 ply surgical face mask ဖြစ်ပါတယ်။


 
N 95, P95 Mask ဖြစ်ပါတယ်။ Haze အတွက်အသုံးပြုသင့်တဲ့ Mask များပါခင်ဗျာ။ 
မှတ်ချက်အနေနဲ့ N95 ဖြစ်စေ၊ N100 ဖြစ်စေ၊ P95 ဖြစ်စေ၊ P100 ဖြစ်စေ Haze အတွက် အသုံးပြုနိုင်ပါတယ်ခင်ဗျာ။ 
 
သူကတော့ အိပ်ထဲကို ခေါက်ပြီးထည့်လို့ရပါတယ်။ မျက်နှာသေးတဲ့လူတွေအတွက်ပါ အဆင်ပြေပါတယ်။
အမျိုးသားတွေအတွက် ဘယ်ဟာပဲဖြစ်ဖြစ် အဆင်ပြေနိုင်ပေမယ့် မျက်နှာသေးတဲ့ အမျိုးသမီးတွေအတွက် Model No. 8110S တို့, 9210တို့, 9211တို့, 9105 တို့ကပိုပြီး အဆင်ပြေနိုင်ပါတယ်ခင်ဗျာ။ Mask ရွေးပြီးရင် အသုံးပြုပုံကို ပုံနဲ့တကွ ရှင်းပြပါရစေ။ 
 


Mask တိုင်းမှာ အပေါ်ကြိုး၊ အောက်ကြိုးဆိုပြီး နှစ်ကြိုးပါပါတယ်။ အပေါ်ကြိုးက ခေါင်းထိပ်၊ ဘွေရှိတဲ့နားလောက်မှာ ထားရပြီး အောက်ကြိုးကတော့ အနောက် လည်ပင်းဂုတ် ပေါ်မှာရှိရပါမယ်။ ဆံပင်ရှည်သူများသတိထားရမှာက အောက်ကြိုးနဲ့ လည်ပင်းကြားမှာ ဆံပင်ခံမနေရပါဘူး။ အဲဒါကြောင့် ဆံပင်များကို အောက်ကြိုးအပေါ်မှာပဲထားပေးရပါမယ်။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း နှခေါင်းထိပ်က သံပြားလေးကို လက်နှဖက်သုံးပြီး မိမိနှခေါင်းပုံအတိုင်း ပုံသွင်းပေးရပါမယ်။ စိတ်တော့ရှည်ပေးပါ။ စိတ်မရှည်စွာ လက်တစ်ဖက်ထဲနဲ့ သွားဖျစ်လိုက်ရင် သံပြားလေးဟာ တြိဂံပုံ အပေါ်ကို ချွန်ထွက်သွားရင် လေဝင်ပေါက် ဖြစ်သွားနိုင်ပါတယ်။ နောက်ဆုံးနဲ့ အရေးကြီးဆုံးက Checking ပါ။ Air Leak ဖြစ်မဖြစ် Check လုပ်ရမှာဖြစ်ပါတယ်။ လုပ်နည်း ၂ နည်းရှိပါတယ်။ Positive check နဲ့ Negative check ပါ။ ပုံမှာပြထားတဲ့အတိုင်း Mask ကိုလက်နှဖက်နဲ့အုပ်ပြီး Positive check ဆိုရင် လေကိုပါးစပ်ကနေမှုတ်ထုတ်ကြည့်လိုက်ပါ။ Negative check ဆိုရင် နှခေါင်းနဲ့ လေရှူသွင်းကြည့်လိုက်ပါ။ အဲ့လိုလုပ်တဲ့ အချိန်အတွင်း Mask နဲ့ မျက်နှာနဲ့ ထိထားတဲ့ ဘေးပတ်ပတ်လည်မှာ လေဝင်ပေါက်ရှိမရှိ သိသာနိုင်ပါတယ်။ အထူးသဖြင့် နှခေါင်းထိပ်က သံပြားလေးနေရာက Leak ဖြစ်တတ်ပါတယ်။ Air Leak  ဖြစ်နေတယ်လို့ ခံစားရရင် အဲဒီ သံပြားလေးကို ပိုပြီး ဖိလိုက်ပါ။ အဲ့ဒါမှမရသေးရင် Mask သေးတာနဲ့လဲပြီးဝတ်ဆင်သင့်ပါတယ်။

ဒီ Mask တွေဟာ Maintenance free respirator ဖြစ်တာကြောင့် တစ်ခါသုံးလို့ ခေါ်နိုင်ပါတယ်။  ဒါပေမယ့် အသက်ရှူကြပ်လာရင်ဖြစ်စေ၊ အရမ်းညစ်ပတ်လာလို့ဖြစ်စေ၊ ရေတော်တော်ဆိုသွားလို့ဖြစ်စေ အသစ်လဲဖို့လိုပါမယ်ခင်ဗျာ။ 
 
ကျွန်တော်က 3M Certified Trainer ဖြစ်တာကြောင့် 3M Brand တွေနဲ့သာ ရင်းနှီးတာမို့ 3M Product ကိုပဲ တင်ပြခြင်းဖြစ်ပါတယ်။ ပစ္စည်းရောင်းတာမဟုတ်သလို ကုန်ပစ္စည်း ကြော်ငြာတာလည်းမဟုတ်ရပါ။ ဘယ် Brand မဆို N95 ဆိုရင် အသုံးပြုနိုင်ပါတယ်ခင်ဗျာ။ နောက်တစ်ခုက
ကျွန်တော် ဆရာလုပ်ခြင်းမဟုတ်ရပါဘူးခင်ဗျာ။ ကျွန်တော့သိထား၊ တတ်ထားတာလေးတွေ ပြန်လည်မျှဝေ ခြင်းသာဖြစ်ပါတယ်ခင်ဗျာ။

အားလုံး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
8Yar
20th Jun 2013 (12:35am)

Thursday, 22 March 2012

Chingay (အပိုင်း ၂)

အစကတော့ Chingay (အပိုင်း ၂) ကိုမတင်တော့ဘူးလို့ စဉ်းစားထားတာ။ အကြောင်းက 8Yar ရိုက်ထားတဲ့ပုံတွေကမှောင်တော့ လျှောက်ကလိရင်းကနေ ပုံတွေက ပိုပိုဆိုးလာသလားလို့။ နောက်တစ်ခုက ကိုယ်လိုချင်တဲ့ပုံဆိုဒ်နဲ့ အရေအသွေးကိုတင်လို့မရတာကြောင့် အတော်ပဲစိတ်ညစ်မိပါရဲ့။ ဒါပေမယ့် စာဖတ်သူ တစ်ယောက်စ၊ နှစ်ယောက်စလောက်က Chingay (အပိုင်း ၂) ဘယ်တော့တင်မှာလည်းချည့်မေးမေးနေတော့ ကိုစိတ်တင်းပြီးတင်လိုက်ပါတယ်ခင်ဗျာ။ Chingay (အပိုင်း၁) ကိုတော့ ဒီမှာတင်ထားပါတယ်ခင်ဗျာ။ ပုံကိုအကြီးကြည့်ချင်ရင် ပုံပေါ်ကလစ်နှိပ်ပြီးသာ ကြည့်ပေးကြပါခင်ဗျာ။

NUS အဖွဲ့သားတွေပါ။ သူတို့ အရမ်းကောင်းပါတယ်။


ဒိုင်းညောင့်၊ ဒိုင်းညောင့်.... :P


မည်းမည်းမှောင်မှောင်၊ ပြောင်ပြောင်ရောင်ရောင် ရှိကြပါပေတယ်။


ဟူး ဟူး ဟား..... ဟူး ဟူး ဟား..... ကျွန်တော်လူရိုင်းပါခင်ညာ။ အာဖရိက ကလူဖြူလူရိုင်း အဟိ...


မစဉ်းစားနဲ့ ပြန်ပေတော့ အက...


နာတွ Ladies first တွေရဲ့ အရှေ့က လျှောက်ခွင့်ရတာ။ ဆိုင်းဘုတ်ကိုင်မိုလို့... :P


ချစ်စရာ့ အရွယ် ကလေးငယ်များ


ငတက်ပြားအုပ်စုများလား!!


ကျောင်းတက်ပါဆို ဒီမှာသံဘုံးလာတီးနေတယ်။


လာပြန်ပေ နောက်လူရိုင်းတစ်ဖွဲ့


တို့ရဲ့ကမ္ဘာပေါ်မှာဂြိုလ်သားတွေ၊..... ကျားပေါက်ရဲ့ ဂျိုသားတော့မဟဟုတ်ဘူး စတားဝါးထဲကဂြိုလ်သား :P


အဟိ... 8Yar ကိုရယ်ပြသွားတယ်။ သွားကြီးကိုဖြဲလို့ တိန်! :P


ခန့်တော့ခန့်တယ်၊ ဒါပေမယ့် လူမလေးစားဘူး။ တိန်! :P တားပြောတာ ဓာတ်ပုံထဲကလူကိုပြောတာနော်။ လျှောက်တွေးနဲ့.....


ဪ.... သနားပါတယ်။ အောက်စီဂျင်ပိုက်နဲ့ လမ်းလျှောက်နေရရှာတယ်။.....


ကြည့်စမ်း သူများတွေ စက်ဘီးစီးတာ ဘယ်လောက်ရိုသေလဲ နှစ်ဘီးလုံးချစီးရင် စက်ဘီးနာမှာစိုးလို့ တစ်ဘီးချင်းပဲချစီးတယ်။ ဟွန့်..


တိုက်ကွမ်ဒိုကလေးတွေတော်ချက် ပျဉ်ပြားကို ဂျွန်းပစ်ပြီးခွဲပြသွားတာ။ 8Yar လဲ အရှေ့မှာလာပိတ်နေတဲ့လူရဲ့ခေါင်းကို ပစ်ခွဲချင်စိတ်ပေါက်သွားတယ်။ ဟွင်း ဟွင်း...


လက်ထဲမှာကိုင်ထားတယ်တွေ့လား ပျဉ်ပြားကို။ မနိုင်ရင် ပျဉ်ပြားနဲ့ပလာတာလုပ်မယ် တိန်!


ထမင်းနဲထိုးရအောင်လဲ ဒယ်အိုးမရှိ၊ လှေလှော်ရအောင်လဲ လှေမတွေ့ ဘာလုပ်ကြမှာပါလိမ့်???


တောင်ပံပါရင်မြင်းဆီကို.....


အောက်မှာကနေတာ ရေခူ အပေါ်မှာရပ်နေတာ ပြည်ကြီးငါး နှစ်ခုလုံးပင်လယ်စာ ပြောရင်းနဲ့တောင်ဗိုက်စာလာပြီ အဟီး.... :P

အားလုံးပဲ ကိုယ်ရော၊ စိတ်ပါ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ။

8Yar

23rd Mar 2012

Saturday, 17 March 2012

လူနုံ

ဒေါသထွက်ခြင်းသည်
စိတ်ကိုတိုစေ၏။

စိတ်တိုခြင်းသည်
အသက်ကိုတိုစေ၏။

အသက်တိုခြင်းသည်
ဘဝကိုတိုစေ၏။

ဘဝတိုခြင်းသည်
အလုပ်များစွာ မပြီးမြောက်တော့ပေ။

အလုပ်များစွာ မပြီးမြောက်လျှင်
လောက ကောင်းကျိုးမဖြစ်။

လောက ကောင်းကျိုးမဖြစ်လျှင်
အသင်သူသည် လူနုံဖြစ်၏။

ယခု အိပ်ယာ လူနုံဖြစ်နေ၏။ အကြောင်းမှာ စိတ်တိုနေခြင်းကြောင့်ပင်ဖြစ်၏။ ဘယ်သူ့ကို ဒေါသထွက်သလဲ ဟုမေးလျှင် မမေးပါနှင့်ဟု တောင်းပန်ပါမည်။ ဒီနေ့ Orchard Road သွားပါသည်။ Orchard Road ပေါ်မှာ model show လည်းရှိပါသည်။ သို့သော် အိပ်ယာ ကင်မရာပါမသွားပါ။ HANG TEN member ဝင်များ၏ မွေးနေ့လတွင် မူရင်းဈေး၏ 50% off ရှိသည်ဆို၍ အိပ်ယာညီမ အားကိုးဖြင့် အင်္ကျီသွားဝယ်ပါသည်။ သို့သော် အချို့အင်္ကျီများမှာ မူရင်းဈေး၏ 60% လျှော့၍ရောင်းချနေသဖြင့် HANG TEN member ဝင်များထက် 10% သက်သာနေပါသည်။ ထို့ကြောင့် member ကဒ်လုပ်ခြင်းသည် အဘယ်သို့သော အဓိပ္ပါယ်ရှိအံ့။ ဒီနေ့မျက်နှာပေါင်းတင်၏။ အသားညက် မညက်တော့မသိ၊ အိပ်ယာနှာစည်းသွား၏။ တခါမှ မတင်ဖူး၍လော၊ အဝတ်စို အကြာကြီး မျက်နှာပေါ်တင်ထား၍လောမသိပေ။ ခြောက်ကပ်ကပ်နိုင်လှသော အိပ်ယာအိမ်လေးကိုကြည့်၍ မျက်ရည်အစား နှာရည်တတောက်တောက်ကျနေမိသည်။ ဘလော့မောင်နှမများ မခင်၍လော၊ အလုပ်များနေကြ၍လော မသိတော့ပြီ။ :(

စိတ်ရော၊ လူရော နေမကောင်း၍ ရေးချင်ရာ ရေးမိခြင်းဖြစ်ပါသည်။ မည်သူကိုမှထိခိုက်စေလိုခြင်း မရှိပါခင်ဗျာ။

အားလုံးပျော်ရွှင်၊ ကျန်းမာကြပါစေ။

8Yar

17th Mar 2012

Saturday, 11 February 2012

Chingay (အပိုင်း၁)

မင်္ဂလာပါခင်ဗျာ။ အရှေ့ Post မှာပြောခဲ့သလို 8Yar တစ်ယောက် 3rd Feb နဲ့ 4th Feb နှစ်ရက်ဆက်တိုက် Pit Building မှာကျင်းပတဲ့ Chingay ပွဲတော်ကို ပြေးခဲ့ပါတယ်။ 3rd Feb နေ့ဖြစ်တဲ့ ပထမရက်မှာ ရိုက်တဲ့ပုံတွေက shutter speed ကိုမှားချိန်မိလို့ ပုံပေါင်း 699 File လုံးလုံး မဝါးတဲ့ပုံ မရှိသလောက် ဖြစ်ခဲ့ရပါတယ်။ 4th Feb မှာတော့ အစ်ကိုဖြစ်သူ KyawZO လည်းပါ၊ သူငယ်ချင်းဖြစ်သူ ကျော်ကြီးလည်းပါတော့။ ဆရာနှစ်ဆူ အားကိုးနဲ့ အကောင်းဆုံးတော့ကြိုးစားလာခဲ့ပါတယ်။

ကဲ.... စမယ် မူးတတ်တဲ့သူပါရင် ကျွတ်ကျွတ်အိတ်လေး ဆောင်ထား၊ လန့်တတ်တဲ့သူပါရင် စောင်လေးယူထား ပေါ့ဗျာ။ ဟီး....

ပွဲမစခင် မြင်ကွင်း။

အချို့လဲ ဒီလို အားပေးကြပါတယ်။ အလယ်က ကလေးကတော့ ခြင်ထောင် အမှတ်ဖြင့်.....

လာပါပြီခင်ဗျာ ပထမဆုံး အဖွဲ့။ ဗိုလ်အောင်ဒင်အလား ထင်မှားလောက်ပေတယ်။

ဆော့စရာရှားလို့ မီးကိုမှ သွားဆော့ရသလား ဦးရယ်။

နဂါးကိုးကောင် မဟုတ်တဲ့ နဂါးသုံးကောင်ကား။

နတ်တွေဆိုတော့ မြေကြီးနဲ့ မထိအောင်လမ်းလျှောက်ကြတယ်။

နဖူးပြောင်တဲ့ ဦးမောင် နတ်များ။

ဒီဟာကတော့ မြင်တဲ့ အတိုင်း တချို့က ပါးစပ်နဲ့ ကိုက်ပြီး ထိန်းတယ်၊ တချို့က နဖူးပေါ်တင်ပြီး ထိန်းတယ်၊ တချို့က ပုခုန်းသုံးပြီး၊ တချို့က ဗိုက်ပေါ်တင်ပြီး လမ်းလျှောက်ပြတယ်။ တစ်ယောက် တစ်လှည့်နဲ့ လဲသွားရင် ဘေးကလူတွေက ဝိုင်းထိန်းပေးကြပါတယ်။ ဟိုတစ်ခေါက် 8Yar လဲ တုန်းက ဘယ်သူမှ ဝိုင်းမထိန်းပေးကြဘူး။ ထိန်းမဲ့သူတွေက ကိုယ့်အရင် မူးပြီးလဲနှင့်နေကြလို့။ သောက်လို့မူးတာတော့ မဟုတ်ဘူး။ 8Yar Dance ပြလိုက်လို့ မူးပြီးလဲသွားတာ။ ဟတ်ဟတ်.....။

တော်ချက်က လန်ထွက်နေတာပဲ 8Yar တို့လို အမြင့်ကြောက်တဲ့လူနဲ့တော့ မဖြစ်ဘူး။

ခေါင်းရော ကိုယ်ပါ အမွှေးတိုင်တွေ စိုက်ထားသော မီးနဂါး။

လာပါပြီခင်ဗျာ အစိမ်းရောင် နတ်မိမယ်လေးတွေ။

သူကတော့ အလှပြယဉ်ပေါ်က အလှဆုံး နတ်မိမယ်လေးပါ။ လူပျိုသိုး ဘလော့ဂါ ကိုကိုများ အတွက် 8Yar ရဲ့ လက်ဆောင်မွန်ပါခင်ဗျာ။

ဟင့်အင်း ငါတို့က အသားညိုမှကြိုက်တာ ဆိုတဲ့ ကိုကိုသိုးများအတွက် နောက်ထပ်ရွေးစရာ......။
ခြယ်ထားတာတော့ အတော်သေသပ်ပြီး လှသဗျာ။

8Yar ကိုနှုတ်ဆက်တဲ့ ဂျပန်မလေး။ ရယ်ပြသလား... ငိုပြသလား... မသိတော့ပြီ.......။

8Yar ရဲ့ရိုက်ချက်အောက်မှာ ကားကနဲ။ တခါ တခါ ကိုယ့်ရိုက်ချက်တွေကို ကိုယ်ပြန်ကြောက်မိတယ်။ ဟီး.....

ဪ ကိုယ့် အဝတ်အစားနဲ့ကိုယ် ရှုပ်နေရတယ်လို့ ကွယ်။

ပန်းနီနီ ပေးနဲ့ကွယ် ပန်ချင်ဘူး။

8Yar ကိုကြည့်ချင်တာများ ရိုးရိုးလှည့်ကြည့် လဲရသားနဲ့။

အိုစမာဘင်လာဒင်ရဲ့ညီ အိုဇာတာခင်မာတင် ပါခင်ဗျာ။

မလေး ပုသိမ်သူများအဖွဲ့။

တစ်ပင်တိုင်ထီး အက ဆိုတာများလား.....။

စင်ပေါ်က သူကြီးသားဘစီ ရွာထဲဝင်ကာ သောင်းကျန်းနေသည်။

နောက်ဆုံး အနေနဲ့ မျက်ဝန်းပြာလေးကို တင်ပြရင်း Post လေးကို ရပ်နားပါရစေ။ 8Yar ရဲ့ပုံလေးတွေဟာ စာဖတ်သူနဲ့ ဘလော့ မောင်နှမတွေရဲ့ ဘဝ အမောတွေကို ခေတ္တ ပြေပျောက် လျော့ပါး စေတယ် ဆိုရင်ပဲ 8Yar တစ်ယောက် အရမ်းကြည်နူးမိမှာ အမှန်ပါခင်ဗျာ။

(မှတ်ချက်။ ။ ပုံများကို ပြန် share လိုပါက ပြန် share နိုင်ပြီး၊ ကျွန်တော့ ဆိုက်လေးကိုတော့ ပြန်ညွှန်းပေးပါရန် တောင်းပန်အပ်ပါသည်။)

အားလုံးပျော်ရွှင် ကျန်းမာကြပါစေ။

8Yar

12th Feb 2012