Monday 23 January 2012

Volunteers




မင်္ဂလာပါခင်ဗျာ

ကျွန်တော်ပြီးခဲ့တဲ့ ရုံးပိတ်ရက်စနေနေ့ကစပြီး ဒီနေ့အထိ လုပ်အားပေးသွားနေခဲ့တာပါ။ သူငယ်ချင်းတစ်ယောက်က တရားစခန်းအတွက် ဝေယျာဝေစ္စ လုပ်ချင်ရင် စာရင်းပေးလို့ရတယ်လို့ ပြောလာကြောင့် ကျွန်တော်လည်း စာရင်းပေးလိုက်ပါတယ်။

ပထမဦးစွာ တရားစခန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာချို့ကိုရှင်းပြပါရစေ။ လာရောက်တရားပေးတဲ့ ဆရာတော်ကတော့ မြစိမ်းတောင်ဆရာတော်ကြီးဖြစ်ပါတယ်။ တရားစခန်းက ၉ရက်ဖြစ်ပြီး နေရာက စိန့်ဂျွန်းကျွန်းမှာဖြစ်ပါတယ်။

အသေးစိတ်ကိုတော့ ဒီမှာကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ယောဂီများမှာ ၂၀၀ကျော်ရှိမယ်လို့ ထင်ပါတယ်ခင်ဗျာ။ အကယ်၍ 8Yar ကဲ့သို့လုပ်အားကုသိုလ်ယူချင်သူများရှိခဲ့ရင် 8Yar ကိုဆက်သွယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ 8Yar ရဲ့ဖုန်းနံပါတ် 9191 9264 ကိုဖြစ်စေ၊ eightyar@gmail.com ကိုဖြစ်စေ ဆက်သွယ်ပေးကြပါခင်ဗျာ။အခု 25.01.2012 (WED) မှ 29.01.12 (SUN) အတွင်း
ဝေယျာဝေစ္စ ကုသိုလ်ယူနိုင်ကြပါပြီခင်ဗျာ။ Volunteer များအနေဖြင့် တစ်ရက်ဖြစ်စေ၊ နှစ်ရက်ဖြစ်စေ၊ ကျန်ရက် အားလုံးကိုဖြစ်စေ ယူနိုင်ကြပါတယ်ခင်ဗျာ။ စိန့်ဂျွန်းကျွန်းမှာနေ၍ ကုသိုလ်ယူရမည်ဖြစ်သောကြောင့် Singpaore IC ၊ အိပ်ယာ၊ စောင်၊ ခေါင်းအုံးနှင့် တကိုယ်ရည် အသုံးအဆောင်များ တပါတည်းယူလာပါရန် မေတ္တာရပ်ခံအပ်တယ်ခင်ဗျာ။

အရေးကြီးဆုံးနဲ့ လူအင်အားအလိုအပ်ဆုံးနေ့ကတော့ နောက်ဆုံးစခန်းသိမ်းရက် 29ရက်နေ့ဖြစ်ပါတယ်ခင်ဗျာ။ နောက်ဆုံးတရက်တည်းကိုသာ ကုသိုလ်ယူချင်သူများက စနေနေ့ညနေသဘောင်္ဖြင့် ကြိုတင်သွားရောက်၍ ကုသိုလ်ယူပေးကြရမှာဖြစ်ပါတယ်။ Volunteer များအား စိန့်ဂျွန်းကျွန်းတွင် လာရောက်ကြိုဆိုမည့်သူရှိပေမဲ့ သဘောင်္အသွားအပြန် $15ကိုတော့ မိမိဘာသာဝယ်ယူကုသိုလ်ယူပေးကြပါခင်ဗျာ။ ကျွန်တော် 8Yar လည်း စနေနေ့သွားရောက်ကုသိုလ်ယူမှာဖြစ်ပါတယ်ခင်ဗျာ။

သဘောင်္ကို Marina South Pier မှာသွားပြီးစီးရမှာဖြစ်ပါတယ်ခင်ဗျာ။

How to get Marina South Pier by yourself
မြေပုံကို ကြည့်ရန် Click ပါ

1. By Taxi
Marina South Pier ဟုပြောလျှင်ရပါသည်။ နားမလည်သေးပါက Saint John Island သွားရန် ပြောပါ။ Marina Coastal Drive လမ်းပေါ်တွင်ရှိပါသည်။

2. By Car ECP Highway လမ်းမတွင် Marina South Exit မှ ထွက်ရပါသည်။ Marina Coastal Drive လမ်းပေါ်တွင်ရှိပါသည်။ အထက်ဖော်ပြပါ မြေပုံကိုကြည့်ပါ။

3. By MRT Marina Bay MRT Station (NS27) တွင်ဆင်းပြီး Exit B မှထွက်ပါ။ Bus Service 402 ကို MRT အပြင်ဘက် ကားမှတ်တိုင်တွင် စီးပြီး Marina South Pier တွင်ဆင်းပါ။ .
Bus Service 402 ၏ Schduled Service Frequency မှာ ၁၆ မိနစ်မှ ၃၉ မိနစ်အထိ ကြာတတ်ပြီး အချိန်အပေါ်မူတည် အပြောင်းအလဲရှိသည်။ အသေးစိတ်ကို ဒီမှာဖတ်ပါ။
ထို Marina Bay MRT မှ Taxi ငှားလျှင်လည်း Taxi အလွယ်တကူ ရမည်မဟုတ်ပါ။ အနီးဆုံးဖြစ်သော Raffle Place (သို့ မဟုတ်) Tanjong Pagar MRT မှ ငှားလျှင် ပိုမိုလွယ်ကူပါလိမ့်မည်။

4. By Bus SBS Transit Bus 402
Loop service running from Shenton Way Terminal to Marina South Pier
Bus Service 402 ၏ Schduled Service Frequency မှာ ၁၆ မိနစ်မှ ၃၉ မိနစ်အထိ ကြာတတ်ပြီး အချိန်အပေါ်မူတည်ပြီး အပြောင်းအလဲရှိသည်။
အသေးစိတ်ကို ဒီမှာဖတ်ပါ။

(၁) Site Map (တရားစခန်းအတွက် နေရာချထားမှု အစီအစဉ်ကြည့်ရန် Click ပါ)
(၂) Map of St. John's Island (စိန့် ဂျွန်းကျွန်းမြေပုံကြည့်ရန် Click ပါ)

အထက်ပါ Link များမှာ http://myaseintaung.net/tayarsakhan/#yawgi မှယူထားခြင်းဖြစ်ပါတယ်ခင်ဗျာ။

ဒီ Postလေးကို Forwardလုပ်ပေးခြင်းဖြင့် ကုသိုလ်ယူပေးကြပါရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်အပ်ပါတယ်ခင်ဗျာ။

အားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။

8Yar
24th Jan 2012

7 comments:

Thameesan said...

သာဓု.သာဓု.သာဓုပါ
ကိုအိပ်ရာ
နီးစပ်ရာကိုရှယ်ပေးလိုက်ပ့ါမယ်ရှင်
မွန်မြတ်တဲ့..လုပ်အားဒါနလေးကြောင့်
စိတ်သွားတိုင်းကိုယ်ပါပြီး
အမြဲပျော်ရွှင်ချမ်းမြေ့ပါစေရှင်

ခင်မင်လျှက်

ဘိုဖြူ said...

အိပ်ယာတစ်ယောက်ကောင်းမှုတွေဒီထက်လုပ်နိုင်ပါစေလို့
အများအကျိုးဆောင်ရွက်မှုတွေပြုနိုင်ပါစေလို့

စံပယ်ချို said...

ပျောက်နေတယ်ထင်နေတာနော်
ကောင်းမှုတွေလုပ်နေတာပေါ့ သူငယ်ချင်းတွေကိုလဲ ပြောပြပေးပါ့မယ်
ကောင်းသောအမှု ပြုလုပ်ခြင်းဖြင့် သင့်ဘ၀ကို ကောင်းစေ၏တဲ့
ခင်မင်တဲ့ မကြီးဂျက်

မိုးသက် said...

သာဓုပါအစ်ကိုရေ.. ညီလေးတို့လည်းလုပ်နေတယ်.. ပြီးမှပဲ ပြတော့မယ်နော်..

mstint said...

မမြင်တာကြာတာကောင်းမှုကုသိုလ်တွေလုပ်နေတာကိုး။
သာဓု သာဓု သာဓု မောင်8Yar ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

AH said...

သာဓု၊ သာဓု၊ သာဓု ပါဗျာ..... နှစ်သစ်မှာ မင်္ဂလာအပေါင်း ခညောင်းပါစေ ကို8ယာ

Candy said...

အော်.. ပျောက်နေတာ ဒါကြောင့်ကိုး
ညအိပ်ပြီးကူရမှာကျတော့ အဆင်မပြေဘူး.. >.<

ဒီလိုကျတော့ ငါ့ သယ်ရင်းကြီးက လိမ္မာသား..
သာဓု သာဓု သာဓုပါရှင် :D