Sunday 19 February 2012

တရားပွဲနဲ့volunteer

ဒီနေ့တော့ Chingay (အပိုင်း၂) ကိုတင်ဖို့ သိပ်အားမရှိတာနဲ့ မနေ့ညက တရားပွဲမှာရိုက်ထားတဲ့ ပုံလေးတွေကိုပဲတင်လိုက်ပါတယ်။ အားမရှိဆို ကိုယ်ရိုက်ထားတဲ့ ပုံတွေက မှုံရီဝေ ဝိုးတဝါး ဖြစ်နေလေတော့ စိတ်လေနေမိတာ မဆန်းပါဘူး။ မနေ့ညက Poh Ern Shih Temple at 9 Chwee Chian Road, Singapore 117488 မှာ ဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင်ဆေကိန္ဒ ရဲ့ တရားပွဲကျင်းပခဲ့ပါတယ်။ ဆရာတော်ဟာ တရားဟောကောင်းသလို လူငယ်တွေကိုပေးချင်တဲ့ message ကလည်းအရမ်းကောင်းပါတယ်။ ဒီနေ့ (19th Feb) Pao Kwan Foh Tang Tampleယ 21 Shun Fu Road, Singapre 575741 မှာထပ်ရှိသေးတာမို့ သွားဖို့ကြိုးစားနေပါတယ်ခင်ဗျာ။

ဆရာတော်ကြွမလာမီ ပြင်ဆင်နေကြသော Online radio အဖွဲ့သားများပါ။ မနေ့က ငါးဖွဲ့လာပါတယ်။

တရားပွဲမတိုင်မီ ရောက်ရှိလာကြသော တရားနာပရိတ်သတ်များ။

ဆရာတော် စတင်လို့ကြွချီလာပါပြီ။

တရားဟောရန် စတင်ပြင်ဆင်။

တရားရေအေး တိုက်ကြွေးစဉ်။

တရားနာ ပရိတ်သတ် နှင့် ဆရာတော်။

ဆရာတော်၏ ဥပမာပေး ကောင်းခြင်းကြောင့် တရားနာပရိတ်သတ်များ ရယ်ရွှင်။

အပြုံးကိုယ်ဆီဖြင့် တရားပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်ခင်ဗျာ။

တဆက်ထဲပြောပါရစေခင်ဗျာ။ ကျွန်တော်ရဲ့ ဘလော့အစ်မ တစ်ယောက်ဖြစ်တဲ့ အစ်မဝါက
မေတ္တာရှင် ဆရာတော်အရှင်ဇ၀န(ရွှေပြည်သာ) ရဲ့ တရားပွဲအောင်မြင်စွာဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေပါတယ်။ အစ်မဝါဆီကသိရတာက volunteer များထပ်မံလိုအပ်နေကြောင်းကိုပါ။ အဲဒါကြောင့် 8Yar အနေနဲ့ မသိသေးသူတွေနဲ့ volunteer လုပ်ချင်သူများအတွက် ဒီသတင်းကိုပြန်လည်မျှဝေပါတယ်ခင်ဗျာ။ အသေးစိတ်ကို ဒီမှာ သွားရောက်ဖတ်ရှုပေးကြပါခင်ဗျာ။

ပထမနေ့တရားပွဲ-
နေ့ရက်- (၃.၃.၂၀၁၂) စနေနေ့
အချိန် - ညနေ (၆)နာရီ မှ ည (၉)နာရီ အထိ

နေရာ-
Poh Ern Shih Temple ,
No.9 Chwee Chian Road,
ှSingapore 117488
---------------------
ဒုတိယနေ့ တရားပွဲ-
နေ့ရက်- (၄.၃.၂၀၁၂) တနင်္ဂနွေနေ့
အချိန် - ညနေ(၆)နာရီ မှ ည (၉)နာရီ အထိ

နေရာ-
Function Room 1,
The Arena Country Club,
511 upper Jurong Road,
Singapore 638366,
Near ( Joo Koon MRT)

တို့မှာဖြစ်ပါတယ်ခင်ဗျာ။ လုပ်အားပေးလိုသူများ အနေနဲ့ အစ်မဝါ ကိုဖြစ်စေ၊ 8Yar (9191 9264) eightyar@gmail.com ကိုဖြစ်စေ ဆက်သွယ်ပေးကြပါရန် နိဗ္ဗာန်အကျိုးမျှော် နှိုးဆော်လိုက်ပါတယ်ခင်ဗျာ။

အားလုံးကောင်းသောနေ့လေး ဖြစ်ပါစေခင်ဗျာ


8Yar

19th Feb 2012

4 comments:

လွင်ပြင်လှိုင်းငယ် said...

သတင်းကောင်းလေးအတွက် ကျေးဇူးပါ

ဖြိုးဇာနည် said...

တရားနာသွားပါတယ် ဦးတော်ပါ ဘုရား

စံပယ်ချို said...

တရာနာတဲ့သူတွေများသားပဲ
သတင်းလေးအတွက်ကျေးဇူးပါရှင်

Candy said...

အိပ်ယာတို့ ဒီလိုကူနေတာ အားကျလိုက်တာ.. ကန်ဒီလည်း ကူချင်ပါတယ်.. ခုလောလောဆယ်တော့ မအားဘူးဖြစ်နေတယ် အဟင့် :(