Thursday, 13 September 2012
ကျွန်တော်ဖြေမယ်
ကီးဘုတ်သံတွေကြားတယ်
ရင်းနှီးပေမယ့် မကျွမ်းကျင်တဲ့ စကားလုံးတွေနဲ့ ဖောင်ဖွဲ့နေတယ်။
မဲ့သံ ရွဲ့သံတွေနဲ့ အတူ
ဝမ်းနည်းတတ်သူ အချို့ရဲ့
ရှိုက်သံတွေ၊ ဟန်ဆောင်အပြုံးတွေကို မြင်နေရတယ်။
အမှန်တရား ဆိုတာထက်
သဘာဝကျတာကို ပိုအလေးထားကြတာလား??
စေတနာ ဆိုတာ
သရုပ်ပြကောင်းတဲ့သူတွေရဲ့ နှုတ်ခမ်းအောက်မှာ ပျက်ပြားသွားရမှာလား??
အမှားဆိုတာ
လူတစ်ယောက်ရဲ့ ကိုယ်ပိုင်နံပါတ်လို့ ထင်နေကြတာလား??
ထားပါတော့လေ
ခင်ဗျား မပြောလဲ ကျွန်တော်ဖြေမယ်
စလုံးမှာ အသက်ကို ငုံ့ပြီးရှူတတ်ဖို့လိုမယ် ဆိုတာ.....
8Yar
13rd Sep 2012
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
14 comments:
အိပ်ယာရေ
မြင်ကွင်းတခုရဲ့ ပေါက်ကွဲသံလို့ထင်မိတယ်
မလေးရှား လဲဒီလိုပါပဲဟယ်
ခင်တဲ့ မဂျီးဂျက်
အသက်ကို ငုံပြီး ရှုထားပါတယ် ကိုအိပ်ယာ..... ကဗျာကိုတော့ ခိုက်တယ်ဗျာ...
ကဗျာလေးက တစ်မျိုးလေးပဲ..ခံစားသွားတယ်နော်..
ခင်တဲ့..မိုးနတ်
အောင့်ထားရတာသိပ်များနေပြီအိပ်ယာရေး)))
ကဗျာလေးတကယ့်ကိုကောင်းတယ်
လာလည်သွားပါတယ်
တခါမှမရောက်ဖူးပါဘူး
လာအားပေးကြတဲ့ သူငယ်ချင်းများနဲ့ comment ပေးကြတဲ့ မဂျီးဂျက်၊ အစ်ကိုအောင်ထွဋ်၊ မိုးနတ်ကြယ်စင်၊ အစ်မဒိုး၊ အစ်ကိုလွင်ပြင် တို့ကို ကျေးဇူးပါလို့ပြောပါရစေခင်ဗျာ။
ကောင်းပါတယ်။
ွ
Good!
ကဗျာဖတ်ပြီးပြီးခြင်း အသက်ကိုငုံပြီးရူကြည့်တယ်
ကဗျာရဲ့ပုံရိပ်ကိုမြင်ကြည့်ရင်းပေါ့
အဟား...
ကဗျာလေးဖက်ရင်းအနော်တောင်ဘယ်စာသားထဲပါနေလဲမသိဘူး....
လာအားပေးကြလို့ ကျေးဇူးပါ AungNaing Soe, မောင်ဘကြိုင်(ချဉ်ပေါင်ခြံ), လွမ်းမ တို့ခင်ဗျာ။ ပျော်ရွှင်စရာနေ့လေးဖြစ်ပါစေ။...
ကဗျာလေးကနူးညံ့လှချည်လား
ကဗျာကောင်းလေး တစ်ပုဒ်ကိုခံစားသွားတယ်နော်
Post a Comment