မင်္ဂလာ ညချမ်းလေးဖြစ်ကြပါစေလို့ ဘလော့ မောင်နှမများ၊ စာဖတ်သူများနဲ့
သူငယ်ချင်းများကို ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ခင်ဗျာ။
အခု အရေးတကြီး
Post တင်စရာရှိလာတော့ အိပ်ယာ တစ်ယောက်ပျင်းလို့ မနေနိုင်တော့ပါဘူး။ အရေးတကြီးဆိုတာက အင်ဒိုက ရှို့သမျှ မီးခိုးနဲ့ပြာတွေဟာ Singapore
နိုင်ငံသားတွေနဲ့အတူ ကိုယ်ရွှေတွေရဲ့ ကျန်းမာရေးတွေကိုပါ ထိခိုက်လာတာကြောင့်
သိသမျှလေး မျှဝေလိုက်ရပါတယ်။
ဒီနေ့ ည ၉ နာရီ မှာ NEA ကထုတ်ပြန်ချက်အရ PSI 290 ရှိနေပါပြီ။

အဲဒီ Haze တွေ မရှူမိအောင် ဘယ်လို
ကာကွယ်ကျမလဲ?? ရိုးရိုးလေးပါ။ အသက်ရှူလမ်းကြောင်းထဲ Haze တွေမဝင်အောင် Mask
ဝတ်ရင်ရပါပြီ။ Mask ဆိုလို့ တစ်ချို့က 3 ply surgical face mask
လို့ထင်အုံးမယ်။ မဟုတ်ပါဘူးခင်ဗျာ။ N95 Mask ကိုပြောတာပါ။ သူတို့နှခုရဲ့
ခြားနားချက်လေးပြောပြရရင် 3 ply surgical face mask ဆိုတာက
ကိုယ်ချောင်းဆိုးနေရင် သူများကို မကူးအောင်၊ ကိုယ့်ဇနီး၊ သားမယားကို
မကူးအောင် ကာကွယ်ဖို့ ဝတ်ဆင်တာပါ။ တစ်နည်းပြောရရင် environment ကို protect
လုပ်တာပါ။ N95 Mask ကတော့ သူနဲ့ပြောင်းပြန်ပါ။ အပြင်မှာရှိတဲ့ Virus တွေ၊
ရောဂါပိုးတွေ ကိုယ့်အသက်ရှူ လမ်းကြောင်းထဲမဝင်အောင် မိမိကိုယ်ကို
ကာကွယ်တာပါ။ အဲ့ဒါကြောင့် N95 Mask ဝတ်ဆင်တဲ့အခါ Air leak မဖြစ်အောင်၊
လေလုံအောင် ဝတ်တတ်ဖို့လိုပါတယ်ခင်ဗျာ။ ဒီ N95 Mask ကို H1N1 တုန်းကလည်း ကမ္ဘာနဲ့အဝှမ်း ယုံကြည်စွာဝတ်ဆင်ခဲ့ကြပါတယ်။ 3 ply surgical face mask နဲ့
N95 Mask တို့ကို မျက်စိထဲမမြင်သူများအတွက် အောက်မှာပုံနဲ့ တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။ဖြစ်ပါတယ်။
N 95, P95 Mask ဖြစ်ပါတယ်။
Haze အတွက်အသုံးပြုသင့်တဲ့ Mask များပါခင်ဗျာ။
မှတ်ချက်အနေနဲ့ N95 ဖြစ်စေ၊
N100 ဖြစ်စေ၊ P95 ဖြစ်စေ၊ P100 ဖြစ်စေ Haze အတွက်
အသုံးပြုနိုင်ပါတယ်ခင်ဗျာ။
သူကတော့ အိပ်ထဲကို ခေါက်ပြီးထည့်လို့ရပါတယ်။ မျက်နှာသေးတဲ့လူတွေအတွက်ပါ အဆင်ပြေပါတယ်။
အမျိုးသားတွေအတွက် ဘယ်ဟာပဲဖြစ်ဖြစ်
အဆင်ပြေနိုင်ပေမယ့် မျက်နှာသေးတဲ့ အမျိုးသမီးတွေအတွက် Model No. 8110S
တို့, 9210တို့, 9211တို့, 9105 တို့ကပိုပြီး အဆင်ပြေနိုင်ပါတယ်ခင်ဗျာ။ Mask ရွေးပြီးရင် အသုံးပြုပုံကို ပုံနဲ့တကွ ရှင်းပြပါရစေ။


Mask တိုင်းမှာ အပေါ်ကြိုး၊ အောက်ကြိုးဆိုပြီး နှစ်ကြိုးပါပါတယ်။ အပေါ်ကြိုးက ခေါင်းထိပ်၊ ဘွေရှိတဲ့နားလောက်မှာ ထားရပြီး အောက်ကြိုးကတော့ အနောက် လည်ပင်းဂုတ် ပေါ်မှာရှိရပါမယ်။ ဆံပင်ရှည်သူများသတိထားရမှာက အောက်ကြိုးနဲ့ လည်ပင်းကြားမှာ ဆံပင်ခံမနေရပါဘူး။ အဲဒါကြောင့် ဆံပင်များကို အောက်ကြိုးအပေါ်မှာပဲထားပေးရပါမယ်။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း နှခေါင်းထိပ်က သံပြားလေးကို လက်နှဖက်သုံးပြီး မိမိနှခေါင်းပုံအတိုင်း ပုံသွင်းပေးရပါမယ်။ စိတ်တော့ရှည်ပေးပါ။ စိတ်မရှည်စွာ လက်တစ်ဖက်ထဲနဲ့ သွားဖျစ်လိုက်ရင် သံပြားလေးဟာ တြိဂံပုံ အပေါ်ကို ချွန်ထွက်သွားရင် လေဝင်ပေါက် ဖြစ်သွားနိုင်ပါတယ်။ နောက်ဆုံးနဲ့ အရေးကြီးဆုံးက Checking ပါ။ Air Leak ဖြစ်မဖြစ် Check လုပ်ရမှာဖြစ်ပါတယ်။ လုပ်နည်း ၂ နည်းရှိပါတယ်။ Positive check နဲ့ Negative check ပါ။ ပုံမှာပြထားတဲ့အတိုင်း Mask ကိုလက်နှဖက်နဲ့အုပ်ပြီး Positive check ဆိုရင် လေကိုပါးစပ်ကနေမှုတ်ထုတ်ကြည့်လိုက်ပါ။ Negative check ဆိုရင် နှခေါင်းနဲ့ လေရှူသွင်းကြည့်လိုက်ပါ။ အဲ့လိုလုပ်တဲ့ အချိန်အတွင်း Mask နဲ့ မျက်နှာနဲ့ ထိထားတဲ့ ဘေးပတ်ပတ်လည်မှာ လေဝင်ပေါက်ရှိမရှိ သိသာနိုင်ပါတယ်။ အထူးသဖြင့် နှခေါင်းထိပ်က သံပြားလေးနေရာက Leak ဖြစ်တတ်ပါတယ်။ Air Leak ဖြစ်နေတယ်လို့ ခံစားရရင် အဲဒီ သံပြားလေးကို ပိုပြီး ဖိလိုက်ပါ။ အဲ့ဒါမှမရသေးရင် Mask သေးတာနဲ့လဲပြီးဝတ်ဆင်သင့်ပါတယ်။
ဒီ Mask တွေဟာ Maintenance free respirator ဖြစ်တာကြောင့် တစ်ခါသုံးလို့ ခေါ်နိုင်ပါတယ်။ ဒါပေမယ့် အသက်ရှူကြပ်လာရင်ဖြစ်စေ၊ အရမ်းညစ်ပတ်လာလို့ဖြစ်စေ၊ ရေတော်တော်ဆိုသွားလို့ဖြစ်စေ အသစ်လဲဖို့လိုပါမယ်ခင်ဗျာ။
ကျွန်တော်က 3M
Certified Trainer ဖြစ်တာကြောင့် 3M Brand တွေနဲ့သာ ရင်းနှီးတာမို့ 3M Product ကိုပဲ တင်ပြခြင်းဖြစ်ပါတယ်။
ပစ္စည်းရောင်းတာမဟုတ်သလို ကုန်ပစ္စည်း ကြော်ငြာတာလည်းမဟုတ်ရပါ။ ဘယ် Brand
မဆို N95 ဆိုရင် အသုံးပြုနိုင်ပါတယ်ခင်ဗျာ။ နောက်တစ်ခုက
ကျွန်တော် ဆရာလုပ်ခြင်းမဟုတ်ရပါဘူးခင်ဗျာ။ ကျွန်တော့သိထား၊ တတ်ထားတာလေးတွေ ပြန်လည်မျှဝေ ခြင်းသာဖြစ်ပါတယ်ခင်ဗျာ။
ကျွန်တော် ဆရာလုပ်ခြင်းမဟုတ်ရပါဘူးခင်ဗျာ။ ကျွန်တော့သိထား၊ တတ်ထားတာလေးတွေ ပြန်လည်မျှဝေ ခြင်းသာဖြစ်ပါတယ်ခင်ဗျာ။
အားလုံး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
20th Jun 2013 (12:35am)
10 comments:
Bro,
Thank u so much for ur useful info.
May I know where can I buy 3M mask other than Guardian, Watson, NTUC Unity Healthcare?
Thank a lot par bro :)
Mee Lay>>> မမီးလေးရေ 3m authorized distributors တွေဆီမှာဝယ်လို့ရပါတယ်ခင်ဗျာ။ http://www.everwin.com.sg/Home.htm
http://www.masstech.com.sg/
http://www.leesengheng.com/v2/ တို့မှာ ရနိုင်ပါတယ်ခင်ဗျာ။ ၄၊ ၅ ခုလောက်ပဲလိုချင်တာ ဆိုရင် ကျွန်တော် ကုသိုလ်ယူပါရစေ။ ကျွန်တော် (eightyar@gmail.com) ကို ဆက်သွယ်ပေးပါခင်ဗျာ။
မိုးနတ်ကြယ်စင် >>> My pleasure Sis...
http://www.channelnewsasia.com/news/singapore/sufficient-n95-masks-no/719102.html
သြော် ဦးဟန်ကြည်တို့များ ညံ့ချက်...PSI PSI နဲ့ စိတ်ဂျာရစ်တစ်ယောက် ဖဘပေါ်မှာ ပေါက်ကွဲနေတာ ဘာများပါလိမ့်လို့ စဉ်းစားနေတာ အခုမှပဲ သဘောပေါက်တော့တာကလား...တော်သေးတာပေါ့ ဆေးပညာသင်ခဲ့ဖူးလို့...း)
ဦးဟန်ကြည်တို့ဆီမှာ ကြက်တုတ်ကွေးဖြစ်တုန်းကတော့ သူသူငါငါ mask ကလေးတွေနဲ့ပေါ့ကွယ်...အောင်မယ် အနှီကာလကများ mask တစ်ခုကို မြန်မာငွေ ငါးရာလောက်နဲ့ရောင်းပြီး စီးပွားဖြစ်သွားကြတာတောင် ရှိသေး...
N95 mask ကတော့ သည်မှာ မမြင်ဖူးပေါင်ဗျာ...ကိုယ်ပဲတောသားဖြစ်နေလို့လားတော့ မသိပေါင်...အင်း ရွှေပြည်ကြီးမှာ တစ်ခုခု ဖြစ်လို့ကတော့ ကြွပ်ကြွပ်အိတ်စွပ်နေရမယ့်ကိန်း...
စလုံးနေ ပုပုရွရွအားလုံး ဘေးကင်း ရန်ရှင်းကြပါစေဗျား...
ဟန်ကြည်>>> ဆြာကြည်ရေ ကြွပ်ကြွပ်အိတ်တော့မစွတ်ပါနဲ့ခင်ဗျာ။ တော်ကြာ အကြမ်းဖက်သမားထင်နေပါအုံးမယ်။
အခုတော့ အသက်ရှုချောင်သွားပြီမဟုတ်လား
နောက်နှစ်တွေလည်း အနည်းနဲ့များရှိအုံးမလားပဲ နှစ်တိုင်းရှို့နေတဲ့မီးမို့မေးတာပါး)
မောင်ဘကြိုင်
Howdy! Do you know if they make any plugins to safeguard against hackers?
I'm kinda paranoid about losing everything I've worked hard on. Any tips?
Here is my blog: Nike Air Max 1 Womens
I am regular reader, how are you everybody? This post
posted at this web page is actually good.
my web-site jeep j8
You actually make it appear really easy with your presentation but
I in finding this matter to be actually one
thing that I believe I'd never understand. It sort of feels too complicated and extremely extensive for me.
I am having a look ahead in your subsequent publish, I'll try to get the
hang of it!
Feel free to visit my page ... Prosolution Pills
Post a Comment