Sunday 21 August 2011

Blog day

Blog day အတွက် အစ်ကိုအောင်(ပျူနိုင်ငံ) က ဘလော့ လောကတစ်ခုလုံးက ဘလော့ဂါ အားလုံး
ကို တက်ဂ်(tag)
လိုက်တော့ ကျွန်တော့လိုပါမွှား Bloger လေးက ငါလဲပါပြီကွဆိုပြီး မာန်လေးတင်းကာ Post တင်လိုက်ပါတယ်ခင်ဗျာ။

အမှန်တော့ ကျွန်တော့မှာရေးစရာ များများစားစားမရှိပါဘူး။ အကြောင်းက ကျွန်တော်Blogerဖြစ်တာ သိပ်မှမကြာသေးပဲကိုး။

မှတ်မှတ်ရရကျွန်တော်စပြီး ဖတ်ဖြစ်တဲ့Blogကတော့ Royal-Myanmar ပဲဖြစ်ပါတယ်။အဲဒီကနေမှ အံ့သြတကြီးသိလိုက်ရတာက Onlineမှာ မြန်မာBloger တွေရှိတယ်ဆိုတာပါပဲ…
အဲ့ဒါနဲ့ Google Search မှာသွားမွှေတော့ အားပါးပါး နည်းတဲ့Blogတွေ မဟုတ်ဘူး။ 8Yarတို့က စာတွေ့ရင် ဘာတွေ့တာကျနေတာပဲ။ ပျော်တာအရမ်းပဲ။ ဘယ်ဘ၀ကစာငတ်လာလဲမသိ…ဟီး။ ကိုယ့်အကြောင်းကိုတော့ သိပ်မပြောရဲဘူး :P ဒါပေမယ့် ကျောင်းစာဆိုရင်တော့ မသိခြင်ထောင်ထောင်… အဲလေ! မသိချင်ယောင်ဆောင်နေတတ်တယ်။ :)

ကျွန်တောတို့ ယောင်္ကျားလေးတွေက သိတဲ့အတိုင်းပဲ နည်းပညာ၊ ကလိစရာ လေးတွေကို ပိုစိတ်ဝင်စားကြတယ်။ အဲဒါကြောင့် သွားဖြစ်တဲ့Blogတွေက နည်းပညာBlogတွေများပါတယ်။ အဲဒီတုန်းက သွားဖြစ်တာတွေက မောင်စေတနာ မောင်ပညာ၊ သံလုံငယ်၊ ညီနေမင်း ညီလင်းဆက် စတဲ့ Blogတွေကိုပြဲပြဲစင်အောင် သွားခဲ့ပါတယ်။ အချို့Blog Name တွေကိုတော့ မေ့ကုန်ပါပြီ။ Computerလည်း ဖွတ်ဖွတ်ညက်ညက်ကြေလို့ နောက်တစ်လုံးလဲ ထားရပါတယ်။ :P ဆိုလိုချင်တာက ကျွန်တော့ရဲ့လက်တည့်စမ်းမှုကြောင့် ဖြစ်ပါတယ်။ Bloger အစ်ကိုတို့ကို အပြစ်တင်စကားဆိုခြင်းမဟုတ်ပါ။ ပြဿနာတွေကို မေးချင်၊ ရေးချင်ပေမယ့် ကိုယ့်မှာကမြန်မာလို Typing မရလေတော့ ဒုက္ခ ရောက်ရပြန်ရော… အခုထိလည်းမရသေးပါဘူး။ Post တွေကို Burglish Test Engine ကနေ Type ပြီးတင်နေရတုန်းပါ။ အဲဒီတုန်းက Burglish Test Engine ရှိမှန်းမသိလို့ ရောက်တဲ့Blogတွေမှာ Commentမရေးခဲ့နိုင်ပါဘူး။ အဲဒီအတွက်လည်း အရမ်းစိတ်မကောင်းဖြစ်မိပါတယ်။

အဲဒီလို Blogတွေကို လျှောက်သွားရင်းသွားရင်နဲ့ ဂျပန်နိုင်ငံအကြောင်းရေးတဲ့ Blog တစ်ခုကိုသွားတွေ့ပါတယ်။ အဲဒါကတော့ မ၀ါဝါခိုင်မင်းရဲ့အမှတ်တရလေးများ Blogလေးပဲ ဖြစ်ပါတယ်။ အဲဒီBlogကိုလည်းတွေ့ရော ကျွန်တော့မှာအားကိုးတစ်ကြီးနဲ့ ဂျပန်နိုင်ငံအကြောင်းတွေကို မွှေနှောက်ရှာဖွေခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်တုန်းက 8Yarရဲ့ကောင်မလေးက ဂျပန်မှာကျောင်းတက်နေချိန်မို့လို့ပါ။ ကျွန်တော့မှာ Blogဖတ်ရုံနဲ့တင်အားမရနိုင်ပဲ သိချင်တာတွေကို အစ်မ၀ါရဲ့ CBoxမှာသွားအော်မိပါတယ်။ အစ်မ၀ါဟာ မာန်မာနမရှိပဲ ကျွန်တော် မေးသမျှကို စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့အတွက် ကျွန်တော့မှာအံ့သြ၀မ်းသာဖြစ်ခဲ့ရပါတယ်။ အခုထက်ထိလည်း ကျွန်တော့ကို ပစ်မထားပဲ ဂရုတစိုက်အရေးတယူရှိတဲ့အတွက် အစ်ကိုဥာဏ်နဲ့အစ်မ၀ါကို အရမ်းကျေးဇူးတင်မိပါရဲ့။ ကျွန်တော် Blog ရေးအောင် ပထမဆုံးတိုက်တွန်းခဲ့သူဖြစ်သလို connection အခက်အခဲကြားထဲက ကျွန်တော့ Blog လေးကို လာလာအားပေးရှာပါတယ်။ ဒါပေမဲ့ အစ်မ၀ါတို့ Singapore လာလည်တုန်းက ကျွန်တော်မှာ ကောင်းကောင်းဧည့်ခံနိုင်တဲ့ အခြေအနေမရှိတဲ့အတွက် အခုထိစိတ်မကောင်းဖြစ်ရတုန်းပါ။ ကျွန်တော်ကသာ တာဝန်မကျေတယ်။ အစ်မ၀ါတို့က ကျွန်တော့အတွက် ကာမာကူရ ဘုရားဆင်းတုတော်နဲ့ ပုံတော်လေးကို လက်ဆောင်ပင့်လာပေးခဲ့လို့ ကျွန်တော့အိမ်မှာ တလေးတစားပူဇော် ခွင့်ရခဲ့တာပါ။ အဲဒါကြောင့် အစ်မဝါတို့ကို ကျေးဇူးပါလို့ ဒီ post ကနေ ထပ်ပြောပါရစေခင်ဗျာ။ အစ်မ၀ါBlogကနေ ထပ်သွားဖြစ်တာကတော့ မြရွက်ဝေကိုရန်အောင်စတဲ့ Blogတွေသွားဖတ်ဖြစ်ပါတယ်။

အဲဒီနောက် အစ်ကိုတစ်ယောက်ဖြစ်တဲ့ KZO(Photographer)က မနိုင်းနိုင်းစနေရဲ့Blog ကို ညွှန်ပြပေးခဲ့ တာကြောင့် အလည်ရောက်ဖြစ်ခဲ့ပါ။ တစ်ကယ်ကောင်းတဲ့Blogပါ။ ကျွန်တော်လေးစားရတဲ့ Bloggerတစ်ယောက်ဖြစ်တဲ့အပြင် ကျွန်တော်Blogထောင်ထောင်ခြင်း လာအားပေးခဲ့သူတစ်ယောက်ပါ။

ကျွန်တော် Blogger မလုပ်ခင် ကြားထဲမှာ Blogတွေသိပ်မဖတ်ဖြစ်တော့ပဲ Social Network Siteဖြစ်တဲ့ Forever Friends လေးမှာပဲ ငြိမ်နေမိတာ အတော်ကြာပါတယ်။ အဲဒီSiteကနေမှ ပုံမှန်သွားဖြစ်တာက ကိုပီတာBlog နှင့် ကွန်ပျူဗေဒသုခုမBlogတို့ပဲဖြစ်ပါတယ်။ ကိုပီတာBlogဟာ ကျွန်တော့အတွက် သုတနဲ့ဟာသကို ကောင်းကောင်းပေးနိုင်လို့ အရမ်းသဘောကျနှစ်ချိုက်ရပါတယ်။ ကျွန်တော့Blogစတော့ မသိတာလေးတွေကို စိတ်လိုလက်ရ လာရှင်းပြပြီး ကူညီပေးခဲ့သူပါ။ လာလည်သူအလွန်ရှားတဲ့ ကျွန်တော့Blogလေးကို အမြဲလာနှုတ်ဆက်တတ်သူတစ်ယောက်မို့ ကျွန်တော်လေးစားချစ်ခင်ရပါတယ်။ နောက် ဗေဒသုခုမBlogပိုင်ရှင် ဆရာဦးတင်ဗိုလ်ဗိုလ်ရဲ့Blogလေးဟာ ဗေဒင်ပညာနဲ့ ၇ရက်သားသမီးများရဲ့ ပြဿနာတွေကို အတတ်နိုင်ဆုံးဖြေရှင်းပေးနေတဲ့ နေရာလေးတစ်ခုပါ။ ဗေဒင်ပညာမပပျောက်ရအောင် ရဲရင့်စွာရပ်တည်နေသလို ပညာတွေလက်ဆင့်ကမ်းနိုင်အောင် ကြိုးစားနေသူဖြစ်တဲ့အတွက် အလွန်လေးစားရပါတယ်။

နောက်တစ်ဦးကတော့ ဒီPostကို Tagတဲ့ အစ်ကိုအောင်(ပျူနိုင်ငံ)ပါ။ သူကတော့ အားလုံးသိကြတဲ့အတိုင်း စ္ဆေသရဲ ဝတ္ထုတွေကို စွမ်းစွမ်းတမံ ရေးသားနိုင်သူပါ။ သူ့ရဲ့လောင်သွားနောက်မှာ လည်တဆံ့ဆံ့၊ ရေတငတ်ငတ်နဲ့ ပါသွားသူတွေထဲမှာ ကျွန်တောလည်းတစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ လည်ဆံ့ရတာက Postတစ်ပိုင်းနဲ့တစ်ပိုင်း မျှော်ရလို့၊ ရေငတ်ရတာက ကျွန်တော့ကို Beerမတိုက်လို့ :P (နောက်တာပါ အစ်ကိုအောင်) Blogerတွေကို အဆင့်အတန်းမခွဲခြားပဲ Tagပေးတဲ့အတွက် လေးစားရပါတယ်ခင်ဗျာ။

ပြီးတော့ကျွန်တော့တလေးတစား ဂါဝရပြုလိုသူများကတော့ ကျွန်တော့Postတွေကို Commentလာပေးတဲ့ မဒမ်ကိုးကိုမောင်မျိုးCandyအစ်မငယ်နိုင် နဲ့ စာဖတ်သူများ။ ကျွန်တော့CBoxမှာ လာအော်ကြတဲ့ ဘရဏီ၊ ဇော်သိင်္ခ phothalayCherry၊ chocothazintaikkyithar မိစံသျှင်နေမင်း ကိုအောင်သာငယ် နဲ့ စာဖတ်သူများအားလုံးတို့ကိုပဲဖြစ်ပါတယ်။ ကျွန်တော်ရေးဖို့ကျန်သွားတဲ့Blogerများရှိခဲ့ရင် ညီ၊ မောင်ငယ်တစ်ယောက်လို သဘောထားခွင့်လွှတ်ပြီး Post Commentမှာလာဆူပေးပါလို့ လေးစားစွာပြောကြားရင်း post ကိုဒီမှာပဲ ရပ်နားလိုက်ပါတယ် ခင်ဗျာ။

Blogerများ အားလုံးအားလုံးကို လေးစားစွာ ဂါဝရပြုလျက်
8Yar
21st Aug 2011

18 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ကောင်းတယ်ဗျာ၊ ကျေးဇူး ...

8Yar said...

အစ်ကိုအောင်ရေ လာအားပေးတဲ့ အတွက်ကျေးဇူးပါ ခင်ဗျာ။ နောက်လည်းကြိုးစားပါ့မယ်။ :)

WWKM said...

မိတ်ဆွေကောင်းတွေအများကြီးရှိတာပဲ ယာယာရေ.
ဘလော့ဂ်အသစ်ကလေးမှာ စာတွေအများကြီးရေးနိုင်ပါစေ..
ညီမလေးကိုလည်း ဘလော့ဂ်လေးတစ်ခုဖွင့်ပေးပေါ့..ဂျပန်မှာနေခဲ့တဲ့အတွေ့အကြုံလေးတွေရေးလို့ရသလို ၊စင်္ကာပူအတွေ့အကြုံလေးတွေပါမျှဝေလို့ရတာပဲလေ။
ညီမလေးနဲ့အတူရိုက်ထားတဲ့ ဓါတ်ပုံလေးတွေတောင် အရင်တစ်နေ့ကတွေ့လို့ သတိရမိသေးတယ်။ညီမလေးက အရမ်းချောတယ်နော်..ဘလော့ဂ်လည်းရေး..ညီမလေးကိုလည်း ဂရုစိုက်ပါ ယာယာရေ..
အစ်မနာမည်ကို သတိတရထည့်ရေးလို့ ကျေးဇူးတင်ဝမ်းသာပါတယ်။
အစ်မပို့စ်တွေထဲမှာ ယာယာနဲ့ပတ်သက်တဲ့ပို့စ်လေးတစ်ပုဒ်တောင်ရှိနေခဲ့သေးတာလေ..ခုတော့ဖျက်လိုက်ပြီလားမသိဘူး။ ယာယာကို အစ်မက ပထမမိန်းကလေးလို့ထင်ခဲ့မိသေးတာ.. :)))

blogging ရင်း မိတ်ဆွေကောင်းတွေရပြီး ပျော်ရွှင်နိုင်ပါစေ။
အစ်မလည်း ကော်နက်ရှင်ကောင်းနေလို့ လာအားပေးလို့ရတာ မဟုတ်ရင်တော့ ရောက်နိုင်ဘို့မလွယ်ဘူး။

ခင်မင်စွာ

အစ်မ၀ါ

Maung Myo said...

အဟမ်း အဟမ်း ကြိုးစားပေါ့ ညီလေးရယ်း) ဘာကိုကြိုးစားရမှာလည်းတော့ အစ်ကိုလည်းမသိဘူးကော ဟဟား ကဲ မိုက်ဖေါ်မိုက်ဖက် တစ်ယောက်တိုးလာတယ်လို့ပေါ့ သဘောထားလိုက်တာပေါ့ ပျင်းလည်းစာရေး ပျော်လည်းစာရေး ညစ်လည်းရေးပါလို့ ။

Candy said...

ဘာလို့ မြန်မာလို မရတာလဲ... Zawgyi တို့.. Aspire myanmar တို့ မရှိလို့လား.. ဒါမှမဟုတ် ရိုက်ကျင့်မရှိလို့လား.. Burglish engine နဲ့ရေးရင်တော်တော်ကြာမှာပဲ.. အရမ်းလေးစားသွားပြီး.. ^_^

ချယ်ရီမြေ said...

ဟုပ်ပါတယ်ဗျာ... မြန်မာဘလော့တွေ တွင်ကျယ်လာတော့ မြန်မာစာအရေး အသားတွေလဲ ပိုကောင်းလာကြတယ်။ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ နည်းပညာ၊ အထွေထွေဗဟုသုတအစုံပါပဲ စာရေးတဲ့သူတွေပေးချင်တဲ့ရသကို အပြည့်အ၀ ဖတ်ခွင့်ရလာကြတယ်။

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

8Yar said...

WWKM @နန်းဝါ၀ါမောင် > ဟုတ်တယ် အစ်မဝါရေ မိတ်ဆွေကောင်းတွေရတဲ့အတွက် အရမ်းပျော်မိပါတယ် ခင်ဗျာ။ ဆုတောင်းပေးတဲ့ အတွက်လည်းကျေးဇူးပါ။ အစ်မညီမက ဘလော့ရေးချင်သေးဘူးတဲ့။ ကျွန်တော်လည်း ဘလော့တစ်ဖက်နဲ့သူကို ဂရုစိုက်ပါတယ်။ ဒါပေမယ့် သိပ်ကြည်ပုံမရဘူး။ :P အစ်မဝါ post ကို ကျွန်တော်မှတ်မိပါတယ် ခင်ဗျာ။ ကိုယ့်မောင်လေးကို တကူးတကာလာကြည့်ပေးတဲ့အတွက် ကျေးဇူး ကမ္ဘာပါပဲခင်ဗျာ။

မောင်မျိုး > ဟားဟားဟားဟား ဟုတ်ကဲ့ အစ်ကိုမောင်မျိုး၊ အစ်ကိုလမ်းပြသလိုပဲ ကြိုးတော့ကြိုးစားပါ့မယ် ဘာကိုမှန်းတော့ မသိသေးပါဘူး။ ပျင်းပျင်း၊ ပျော်ပျော် စာများများရေးနိုင်အောင် ကြိုးစားပါ့မယ်ခင်ဗျာ။ ကျေးဇူးပါ ခင်ဗျာ။

Candy > မြန်မာ font ကရှိပါတယ်၊ ရိုက်ကျင့်မရှိတာပါခင်ဗျာ။ comment လေးအတွက် ကျေးဇူးပါခင်ဗျာ။

ချယ်ရီမြေ > တင်ပါ့ဘုရား။ လာပြီးချီးမြောက်တဲ့အတွက် ဝမ်းသာရပါတယ် ဘုရား။ လိုတာရှိလည်း ဆုံးမတော်မူပါ ဘုရား။

Nge Naing said...

ဘလော့ဂ်မလည်ဖြစ်တာ တနှစ်နီးပါးတောင် ရှိနေပြီမို့ ဘလော့ဂါအသစ်မှ မဟုတ်ဘူး မိတ်ဆွေဘလော့ဂ်ဟောင်းတွေကိုတောင် မရောက်ဖြစ်တာ ကြာနေပြီ။ ဘလော့ဂါအသစ်ဆိုတော့ ဟိုနေ့က ဘလော့ဂ်ကိုလာလည်သွားလို့ ပြန်လာလည်ရင်းနဲ့ ဟိုနေ့ကမှ စရောက်ဖူးပါတယ်။ အခုလည်း အားပေးရင်းနဲ့ တခေါက်ထပ်ရောက်လာပါတယ်။ ဘလော့ဂ်စစချင်းမှာတောင် မိတ်ဆွေလည်း ဒီလောက်များနေပြီး အtag လည်း ခံနေရမှတော့ အောင်မြင်တဲ့ ဘလော့ဂါတယောက် ဖြစ်လာမှာ သေချာပါတယ်။ ဘလော့ဂါဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းပြီး ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်နော့်။

စာကြွင်း - Link ခွင့်ပြုပါလို့ ဘလော့၈်မှာ လာခွင့်တောင်းသွားပြီး Link ထားတာလည်း မတွေ့ဘူး။

သျှင်နေမင်း said...

ြဲကြိုးစာကြတာပေါ့ ဗျာ..
ကျွန်တော်လည် ဘလောက်ထောင်တာမကြာသေး
ပါဘူး..ကျွန်တော်တို့ ရဲ့ နောင်တော်တွေ၊အမတော်
တွေရဲ့ ဘလောက်တွေကိုအတုယူပြီး တတိယ
ဘလောက်လောကမျိုးဆက်ကို ကိုယ်ပိုင်အတွေး
အခေါ်၊အယူအဆအသစ်တွေနဲ့ တည်ထောင်ကြတာပေါ့ 
ဖြစ်နိင်ရင်ကိုယ်ပိုင်အရေးအသားတွေတင်စေခြင်ပါတယ်
ကျွန်တော်ကတော့ မနက်၈၊ည၈နာရီအလုပ်ထဲမှာရှိနေတော့
ကိုယ်ပိုင်အရေးအသားသိပ်မရှိသေးပါဘူး၊စာမရေးတက်
ပေမယ့် ရေးတက်သလိုရေးချင်တာကိုရေးထားတာပါ..
တိုးတက်အောင်မြင်ပါစေ....

ချယ်ရီမြေ said...

ဖွင့်ဆိုချက်၊ ခံယူချက်၊ တင်ပြပုံမတူကြတဲ့ ဘလော့များစွာတို့က ဘလော့အလည်လာသူတို့အတွက် မတူကွဲပြား များပြားစွာသော ဗဟုသုတတွေကို ပေးပါတယ်.. အဲဒီအတွက်ကြောင့် 8Yarဆီကိုလဲ အမြဲတမ်းလာရောက်အားပေးဖြစ်ပါတယ်၊

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

8Yar said...

အစ်မငယ်နိုင် ရေ လာလည်ပေးလို့ ကျေးဇူးတင် အားရှိရပါတယ် ခင်ဗျာ။ Public Health in Myanmar ကိုချိတ်ပြီး၊ အစ်မငယ် link ကိုချိတ်ဖို့မေ့သွားတာပါ။ ကျွန်တော့ရဲ့ပေါ့ဆမှုပါခင်ဗျာ။ အဲဒီအတွက် တောင်းပန်ပါတယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

8Yar said...

လာပြီးအားပေးတဲ့ အတွက်ကျေးဇူးပါ အစ်ကိုသျှင်နေမင်း။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

8Yar said...

ချယ်ရီမြေ > တပည့်တော်လည်းကြိုးစားပါ့မယ် ဘုရား။ ကောင်းသောနေ့လေးဖြစ်ပါစေ ဘုရား။

Unknown said...

မင်္ဂလာပါ ဘလော့ပေါက်စ ဆိုပေမယ့် အရေးအသားက
လန်း ပါပေတယ်ဗျာ .. လမ်းကြုံလို့ဝင်လာတယ် ဆိုပေမယ့်
နောက် လမ်းမကြုံလည်း တိုးဝှေ့လာလယ်ပါအုံးမယ်.
(ဒုတိယ)

8Yar said...

ဒုတိယလူ > အစ်ကိုရေ လာအားပေးလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ...

မအိမ်သူ said...

အဲ..ဘလော့လောကထဲ ရီဒါဘ၀ကနေ ရိုက်တာဘ၀ ကူးပြောင်းလာတဲ့သူ အချင်းချင်း အဖေါ်ရပြီ။း)

8Yar said...

မအိမ်သူ > ဟုတ်ကဲ့ ကျေးဇူးပါ။ ကျွန်တော်ကြိုးစားပါ့မယ်။

Blogger said...

Submit your blog or website now for appearing in Google and 300+ search engines!

Over 200,000 sites indexed!

SUBMIT NOW via I NEED HITS!!!