Sunday 14 August 2011

မင်္ဂလာပါ။

မင်္ဂလာပါ။
ကျွန်တော်က 8Yar ပါခင်ဗျာ။ အင်မတန် ကျယ်ဝန်းလှတဲ့ ဘလော့လောကထဲကို မျက်စိသူငယ်၊ နားသူငယ်နဲ့ ဝင်ရောက်လာခဲ့ပါပြီ။ နောင်တော်၊ အစ်မတော်များကိုလည်း ဤနေရာမှ ဂါဝရပြုလိုက်ပါသည်။
ကျယ်ပြောတဲ့ ဘလော့ လောကထဲ့ ခြေချလိုက်တယ် ဆိုရင်ပဲ၊ လတ်ဆတ်သင်းပျံ့တဲ့ လေထုနဲ့အတူ မျက်စိတစ်ဆုံးမြင်ရတဲ့ရောင်စုံ ဘလော့ ရှူခင်းကို ကြည့်ရင်း အံ့ဩ ဘနန်း ဖြစ်ရပါတယ်။ အချို့က ကဗျာတွေနဲ့ကျေနပ်၊ တစ်ချို့က ဒဏ်ရာတွေနဲ့နေတတ်ခဲ့ပြီး၊ တစ်ချို့ကတော့ နည်းပညာတွေပေး၊ အချို့က အတွေ့အကြုံတွေဖလှယ်၊ များပြားလှတဲ့ လူတွေ လက်ချင်းဆက်၊ ကျောချင်းကပ်၊ ရင်ချင်းဆက် အဲလေ! ရင်ချင်းအပ် (ရေးရင်းရေးရင်းနဲ့ စိတ်ကဖောက်ချင်လာတယ်။ ဟီး။) ဆိုချင်တာက သီချင်း ဟုတ်ပေါင်! ဆိုလိုချင်တာက အရာရာကိုအတူရင်ဆိုင်၊ ပြဿနာတွေကို လက်တွဲရှာ (တိန်! မှားပြန်ပြီ) ပြဿနာတွေကို လက်တွဲဖြေရှင်း (များများရေးရင် မှားတာနဲ့ ချောင်းရိုက်ခံရတော့မှာပဲ၊ တိုတိုပဲရေးတော့မယ် ဟီး... :P) လောကကို အကျိုးပြုသူတွေ အများအပြားတို့ကို ကျွန်တော် 8Yar မှ လေးစားစွာနှုတ်ခွန်းဆက်ရင်း မြန်မာဘလော့ လောကထဲကို ဝင်ရောက်ခဲ့ပါပြီ။
ဘလော့ ဖွင့်ပွဲ အထိန်းအမှတ် အနေဖြင့် Google မှမှာယူထားသော မွေးနေ့ကိတ်များဖြင့် တည်ခင်းဧည့်ခံလိုက်ပါသည်။

ဒါက ဘလော့ကာ အစ်ကိုကြီး၊ အစ်မကြီးများ အတွက်

ဒါက ဘလော့ကာ ညီလေး၊ ညီမလေးများ အတွက်


ဒါက ကဗျာဆန်သောသူများ အတွက်

ဒါက ဘောလုံးချစ်သော ကိုကို၊ မမများ အတွက်

ဒါက ပုလင်းကြိုက်သော ကိုကို၊ မမများ အတွက်

အားလုံးပျော်ရွှင်ကြပါစေလို့ ဆုမွန်ခြွေလျှက်
8Yar

9 comments:

မဒမ်ကိုး said...

လာလည်စားသုံးရင်း အားပေးသွားပါကြောင်း

ခင်တတ်တဲ့
မဒိုးကန်

8Yar said...

ကျေးဇူးပါ မဒမ်ကိုး ရေ။ နောက်လဲလာလည်ပါလို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ။

Anonymous said...

အောက်ဆုံးကပုလင်းတွေ့တော့သရေကျတယ်...

8Yar said...

Anonymous > လာအားပေးတဲ့အတွက် ကျေးဇူးပါ ခင်ဗျာ။

သက်ဝေ said...

Man U ကိတ်မုန့် လာစားတယ်...
ပြီးတော့ Link လေးလည်း ယူသွားတယ်နော်...း))

ပန်းနှင်းဆီ(ကြယ်ကလေး) said...

မင်္ဂလာရှိတဲ့ နေ့ရက်လေးနဲ့အတူ အောင်မြင်မူတွေအမြန်ဆုံးရပါစေရှင်...:)

ပန်းနှင်းဆီ

8Yar said...

ပန်းနှင်းဆီ(ကြယ်ကလေး) > ပေးတဲ့ဆုနဲ့ပြည့်ရပါစေ ခင်ဗျာ။ ကျေးဇူးပါ။ ထာဝရသူငယ်ချင်းများ ဆီမှ ပထမဆုံးလာလည်သော ပန်းနှင်းဆီ ကို တလေးတစား ကြိုဆိုပါတယ် ခင်ဗျာ။

etoile said...

Cake က ခွဲမထားတော့ စားမရသေးဘူး ထင်တယ် 8yar ရေ

8Yar said...

etoile > ဟုတ်ဘူး ခင်ဗျ။ စားလို့ ကုန်သွားလို့ အသစ်ထပ်မှာထားတာ။ ဟီး... :P ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။