လေထဲမှာ အိမ်မက်တွေကို လိုက်ဖမ်းကြည့်တယ်
လက်သာနာသွားတယ် ဘာမှမရလိုက်ဘူး။
ခပ်ရေးရေး အတွေးတွေကို ပုံဆွဲကြည့်တယ်
စိတ်တွေသာပွန်းသွားတယ် ဘာမှအရာမထင်ဘူး။
အထပ်ထပ်အခါခါထိ အားမထုတ်ချင်တာလား?
မပေးဆပ်ရဲလို့ ရောင့်ရဲတာလား?
အသစ်တွေဖြစ်ဖို့ဆိုရင် အဟောင်းတွေ စတေးရမှာပေါ့
ဟုတ်ပြီလေ
လောကကြီးအတွက် ဘာတွေ စတေးသင့်သလဲ ???
8Yar
31st Jan 2013
6 comments:
ဟုတ်တယ်အိပ်ယာရေ
လေထဲကအိပ်မက်တွေလိုက်ဖမ်းနေရလို့ နောက်ဆုံးတော့
လက် နာတယ်
အကြင်နာတွေ နာတယ်
သံယောဇဉ်တွေလဲနာရတာပဲ အဖတ်တင်ခဲ့တယ်
သြော...အိပ်ယာတစ်ယောက် စာရေးကြဲနေရခြင်း အကြောင်းရင်းက ဤသို့ဤနှယ် အိပ်မက်မုဆိုးလုပ်နေရခြင်းကြောင့်ကိုး...အလုပ်များတာလည်း များတာပေါ့လေ...ဘလော့လေးတော့ နှစ်ပတ်တစ်ခါလောက် ဖုန်ခါပါဦးလား...
ဦးနှောက်ထဲက ပညာဟောင်းတွေ သွန်ချလိုက်မှ လစ်လပ်သွားတဲ့ နေရာမှာ ပညာသစ်တွေထည့်လို့ ရမယ်လို့ ယူဆတယ် အိပ်ယာရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အိုးးးးးးးး
ကောင်းလိုက်တဲ့ အမေးးးးးးး
ဒါပေသိ မိုးနတ်မဖြေနိုင်ဘူးရှင့် :)))
အကိုအိပ်ယာလဲ ပျောက်ချက်သားက ကောင်းသတော်
စာတွေများများရေးပါရှင့်...ဒါပေသိ...
စာဆိုတာ ကဗျာဆိုတာ ကလဲ အနုပညာ ဈာန်ဝင်စားမှ
ဖွဲ့သီလို့ရတဲ့ အရာဆိုတော့ ကိုယ်ချင်းစားစွာပဲ
တိုက်တွန်းမှုကို ရုပ်သိမ်းခဲ့ကြောင်းပါ ....
(အမြင်မှန်ရတွားပီ)
ဒါပေသိ မစ်စတာဟန်ကြည်ပြောသလို
ဘလော့လေးကိုတော့ဖြင့် နှစ်ပတ်တစ်ခါလောက်တော့
ဖုန်ခါပါအုံးလားလို့ Ahakhakkk !!!
ခင်တဲ့....မိုးနတ်
ပျောက်နေလို့ စိတ်ပူမိနေတာ ပေါ်လာတော့
စာသားကောင်းကောင်းလေးတွေနဲ့ပါလား ။
ကောင်းလိုက်တဲ့စာသားလေးတွေ
မှတ်သားထိုက်ပါတယ်
စာကြောင်းလေးတွေက နည်းနည်းလေးဆိုပေမဲ့
မှတ်သားစရာလေးပါ
စဉ်းစားစရာတစ်ခုတိုးသွားတာပေါ့
ခင်တဲ့(အိပ်မက်ကောင်းကင်)
Post a Comment