Saturday 25 August 2018

သား


ရွှန်းလဲ့တဲ့ အကြည့်
ချိုလိုက်တဲ့ အပြုံး
လုံးဝိုင်းတဲ့မျက်နှာ
နူးညံ့တဲ့ အသား

တစ်ချက် တစ်ချက် လှုပ်ခတ်သွားတဲ့ လက်အလွှဲ
တိမ်တွေအပေါ် ခုန်တက်မလားထင်ရတဲ့ ခြေဟန်
အရာရာတိုင်းက စည်းချက်မညီပေမယ့်
နူးညံ့တဲ့ တေးသွားတစ်ပုဒ်လို
ဒီရင်ကို အေးမြကြည်လင်စေတယ်..
သား...

8Yar
2nd Jul 2018