Thursday 31 January 2013

အမေး



လေထဲမှာ အိမ်မက်တွေကို လိုက်ဖမ်းကြည့်တယ်
လက်သာနာသွားတယ် ဘာမှမရလိုက်ဘူး။

ခပ်ရေးရေး အတွေးတွေကို ပုံဆွဲကြည့်တယ်
စိတ်တွေသာပွန်းသွားတယ် ဘာမှအရာမထင်ဘူး။

အထပ်ထပ်အခါခါထိ အားမထုတ်ချင်တာလား?
မပေးဆပ်ရဲလို့ ရောင့်ရဲတာလား?

အသစ်တွေဖြစ်ဖို့ဆိုရင် အဟောင်းတွေ စတေးရမှာပေါ့
ဟုတ်ပြီလေ
လောကကြီးအတွက် ဘာတွေ စတေးသင့်သလဲ ???

8Yar
31st Jan 2013