Tuesday 16 August 2011

ကျွန်တော် ရောက်နေတဲ့မြို့လေး


ဒါလေးက ကျွန်တော် ရောက်နေတဲ့မြို့လေးပါ။ ကားတွေရှိတယ်၊ ရထားတွေရှိတယ်၊ စားကောင်း သောက်ဖွယ်များနဲ့ ကုန်တိုက်တွေလည်းရှိတယ်။ သာယာလှပတဲ့ ရှုခင်းတွေကို လူတွေက ဖန်တီးပေးထားတယ်။ မြို့ပြနဲ့ကျေးလက်ကို ပေါင်းစပ်ထားတယ်လို့ အခြားလူတွေကပြောကြတယ်။ ဟုတ်ပါတယ် ခေတ်မှီမှုရဲ့ ရုပ်ပြဖြစ်တဲ့ မိုးမျှော်တိုက်တွေကို စိမ်းလန်းတဲ့ သစ်တောထူထူတွေနဲ့ ရောယှက်ပြီး ချပြထားတဲ့ အနုဗိသုကာ ကတော့ အံ့မခန်းပါပဲ။

အဲ့ဒီလို အစစ အရာရာ ရှိနေတဲ့နေရာမှာ မရှိတာက မေတ္တာ...........
လို့ သူများတွေကပြောကြတယ်။ ပြောမဲ့သာပြောရတယ်၊ စနေ၊ တနင်္ဂနွေ နားရက်လေးများ အပြင်ထွက်မိရင် တွေ့လိုက်တဲ့ အတွဲ၊ များလိုက်တဲ့သမီးရည်းစားတွေ၊ တစ်ဦးကို တစ်ဦး ပေးနေလိုက်ကြတဲ့ ချစ်တာတွေ၊ မေတ္တာတွေ၊ အကြင်နာတွေ၊ ဆင်ဆာတွေ ကုန်ပဲ မကုန်နိုင်ဘူး။ ဒီလိုပြောလို့ 8Yar တို့က မနာလိုလို့တော့မထင်လိုက်ပါနဲ့။ အဲ့ဒီလို ကဲတဲ့၊ သဲတဲ့ထဲမှာ 8Yar တို့လည်းပါတယ်။ :P ဆိုလိုချင်တာက ဒီလိုမြင်မြင်နေရတော့ သူများတွေပြောပြောနေတဲ့ မေတ္တာ မရှိဘူးဆိုတာကိုတောင် နည်းနည်း သံသယဝင်လာတယ်။ အမှန်က မေတ္တာ မရှိတာမဟုတ်ပါဘူး။ လူတိုင်းကို မေတ္တာမထားနိုင်ကြတာပါ။ လူတိုင်းအပေါ် မေတ္တာထားဖို့ဆိုတာ အမှန်တော့မလွယ်ပါဘူး။ မယုံရင် ဒီတစ်ယောက်နဲ့ မေတ္တာရှိနေတုန်း၊ နောက်တစ်ယောက်ကို မေတ္တာထားကြည့်ပါလား။ ဟီး.... ရေးရင်းရေးရင်းနဲ့ ဘေးထွက်လာပြီ၊ အဲ့ဒီလို မြို့လေးကို မေတ္တာ မရှိဘူးလို့ပြောသူတွေ ရှိသလို၊ အချို့က Little Europe လို့ပြောသူတွေလည်းရှိပါတယ်။ အဲ့ဒါကြောင့် ဒီမြို့လေးမှာ လူကြီးတွေရဲ့ အရိုးစွဲနေတဲ့ ထုံးတန်းစဉ်လာတွေနဲ့ လူငယ်တွေရဲ့ ရဲတင်းပွင့်လင်းမှုတွေအကြား လွန်ဆွဲပွဲတွေ မကြာခဏဆိုသလို ပေါ်ပေါက်လေ့ရှိပါတယ်။ ဘယ်လိုပြဿနာတွေ ရှိရှိ မြို့လေးကတော့ အေးဆေးတိတ်ဆိတ်စွာ တစ်ရက်ပြီးတစ်ရက် ခရီးဆက်နေလေရဲ့။

ဒီမြို့လေးပိုင်ဆိုင်တာလေးတွေကတော့.......

လှိုင်းပြေပြေလေးတွေ ရှိတဲ့ ကမ်းခြေရယ်၊

လူတွေဖန်တီးပေးထားတဲ့ လှပတဲ့ ဥယျဉ်ရယ်၊

ကလေးတွေအတွက် ကစားကွင်းနဲ့

လူကြီးတွေအတွက် ကစားဝိုင်းတွေရယ်၊

ခေတ်မှီတဲ့ မိုးမျော်တိုက်တွေနဲ့ ခေတ်မှီတဲ့ နည်းပညာတွေကိုလည်း ပိုင်ဆိုင်ပါတယ်။
ဒီလောက်ဆို 8Yar ရောက်နေတဲ့မြို့လေးကို ရိပ်မိလောက်ပြီလို့ထင်ပါတယ်။

ဟုတ်ပါတယ်။
ကျွန်တော်ရောက်နေမြို့လေးကတော့ စင်ကာပူပါ။ ကျွန်တော်တို့ ရွှေမြန်မာတွေ အခေါ်ကတော့ စလုံးပေါ့။ အမှန်တော့မြို့ ဆိုတာထက် နိုင်ငံတစ်နိုင်ငံပါ။ အရွယ်အစားအားဖြင့် အလွန်သေးငယ်တာကြောင့် မြို့လေးလို့ တင်စားလိုက်ချင်းဖြစ်ပါတယ် ခင်ဗျာ။

မှတ်ချက် - တင်ထားသောပုံများထောင့်တွင် 8Yar အမည်မပါသည့် ပုံများမှာ Google မှရှာဖွေထားကြောင်း ဝန်ခံပါသည်။

8Yar

12 comments:

Candy said...

ဘယ်မြို့လေးလဲလို့ ဖတ်ရင်းဖတ်ရင်း ကိုယ်နေတဲ့မြို့ ဖြစ်နေတယ်.. ဟီးဟီး.. စိတ်ဝင်စားအောင်ရေးတတ်တယ်... :D

Nge Naing said...

မင်္ဂလာပါ။ လာလည်သွားပါတယ်။ ဘလော့ဂါ အသစ်လေးဆိုတာ သိရတော့ တယောက်တော့ မှန်တချပ်ရသွားပြီမို့ ခြေချုပ်မိတော့မှာပဲလို့ ကြိုပြီး ဟောကိန်းထုတ်လိုက်ပါတယ်။ လူငယ်လူရွယ် အတော်များများအတွက် အားလပ်ချိန် မိမိအခန်းထဲမှာ ရှိနေစဉ် ကြည့်ဖြစ်တဲ့အကြိမ် အများဆုံးအရာက မှန်ဖြစ်ဖို့ သေချာသလောက် ရှိပါတယ်။ ဒါပေမဲ့ ဘလော့ဂ် ရှိသွားရင် မှန်ထက် ဘလော့ဂ်ကို ပိုကြည့်ဖြစ်သွားမယ်ဆိုတာလည်း သေချာလို့ မှန်တချပ်ရသွားပြီလို့ တင်စားလိုက်တာပါ။ ပျော်ရွှင်စွာ ဆက်လေးရေးသားနိုင်ပါစေ။

8Yar said...

Candyရေ တစ်မြို့တည်းသားဆိုတာသိရလို့ ဝမ်းသာမိပါတယ် ခင်ဗျာ။ နောက်လည်းလာလည်ပါအုံးနော်။ ကျေးဇူးပါ ခင်ဗျာ။

8Yar said...

မင်္ဂလာပါ အစ်မ Nge Naing ။ အစ်မပြောသလိုပဲ ကိုယ့် blog ကို တစ်ရက်ထဲ ဆယ်ခေါက်လောက်ဝင်ကြည့်မိတယ်။ :P လာအားပေးတဲ့အတွက် တကယ်ဂုဏ်ယူပါတယ် ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

မောင်မျိုး said...

စာလေးရေးနေတော့လည်း အပျင်းပြေတာပေါ့ ညီရာ ကိုယ့်ခံစားချက်လေးတွေ ဝေမျှတော့လည်း ကိုယ်ပြောတာတွေ နားထောင်ပေးကြပါတယ်ပေါ့ အဲ့တော့ စာများများရေးပါ ဘလော့ခြင်းဖြင့် ပျော်ပါစေ အိပ်ယာရေ့ ။း)

8Yar said...

ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ ကျွန်တော် ကြိုးစားပါ့မယ် အစ်ကိုမောင်မျိုး :)

ပန်းနှင်းဆီ(ကြယ်ကလေး) said...

မေတ္တာတရားရှိပါတယ်လေ...
အထားအသိုမတတ် ၊ အသိမ်းလွန်နေကြတာဖြစ်မယ်..း))
ကြည့်ရတာ အိပ်ယာတစ်ယောက် ရောက်တာ သိပ်ကြာသေးပုံမရဘူးဖြစ်မယ်....း)

8Yar said...

ပန်းနှင်းဆီ(ကြယ်ကလေး) > ဟုတ်ကဲ့၊ ကျွန်တော် ရောက်တာ ၃နှစ်ကျော်ကျော်လေးပဲ ရှိပါသေးတယ်။

Anonymous said...

ရောက်တာ ၃နှစ်ရှိပြီ..ဆိုလည်း အိပ်ယာဝင်နေလို့ပဲဖြစ်ပြီး..အခုမှတရေးနိုးလာတာဖြစ်မယ်နော်..
နောက်တာနော်..

cheer !
8yar

8Yar said...

Anonymous > ၃နှစ် လုံးတော့မအိပ်ပါဘူးခင်ဗျာ၊ တစ်နှစ်ခွဲပဲ အိပ်တာပါ။ အဲဒါလည်း ညမို့လို့ပါ။ :P ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

etoile said...

ဟဟ မိုက်တယ် ရေးထားတာလေး

8Yar said...

etoile<< လာအားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။