Wednesday 24 August 2011

သစ်ခွ အယ်(လ်)ဘမ်




တစ်ရက် သူငယ်ချင်း က “Botanic Gardens ကိုသွားရအောင်” လို့ပြောတော့ 

 

“အာ... သွားချင်ပါဘူး။ နေလည်းပူတယ်။ ဘာမှလဲမရှိပဲနဲ့“ ဆိုပြီးသိသရောင်ရောင်ပြောလိုက်တယ်။ အမှန်က အဲဒီကိုတစ်ခါမှ မရောက်ဖူးပါဘူး။ 

 

ဒါပေမယ့် သူငယ်ချင်းကလည်း မလျှော့သောဇွဲနဲ့ ထပ်ပြောတယ်။ “လိုက်ခဲ့ပါကွာ ဖြူဖြူကျော်သိန်း ကိုလိုက်ပို့မလို့” တဲ့။

 

စိတ်ထဲမှာတော့… တိန်! တေပါပြီ… မလိုက်ရင် အဲဒီတစ်ယောက်ပါးစပ်နဲ့တော့တွေ့တော့မှာပဲ.. လို့ စဉ်းစားမိတယ်။ ဖြူဖြူကျော်သိန်းဆိုတာက ရန်ကုန်ကလာလည်တဲ့ သူငယ်ချင်းတစ်ယောက်ကို ပေးထားတဲ့နာမည်ပါ။ အသားမည်းလို့တော့ မဟုတ်ပါဘူး။ စကားပြောရင် ဖြူဖြူ့လိုခပ်သြသြပြောတတ်တာကြောင့် ပြောင်ပြီးခေါ်တဲ့နာမည်ပါ။ 

 

သူငယ်ချင်းကဆက်ပြောတယ် “အဲဒီမှာ Orchid Garden ရှိတယ်။ လိုက်ခဲ့ပါကွာ” 

 

Orchid Garden ရှိတယ်လည်းကြားရော 8Yarတို့ အကြောပေါင်းတစ်ထောင် ဆန့်သွားတယ်။ ဘာဖြစ်လို့လည်းဆိုတော့ 8Yarငယ်ငယ်က ကြီးလာရင် အေးအေးချမ်းချမ်းသစ်ခွစိုက်ပြီး သစ်ခွခြံကြီးနဲ့နေမယ်လို့ ရူးသွပ်ခဲ့သူပါ။ အဲဒီတော့ သစ်ခွသံကြားရင် အနြေ္ဒကမရချင်ဘူး။ :P

 

အဲဒီလိုနဲ့သွားဖြစ်ကြတယ်ဆိုပါတော့။ ချိန်းထားတာကမနက် ၁၀နာရီ၊ တကယ်တမ်းရောက်လာကြတော့ ၁၁နာရီခွဲသွားပြီ။ 8Yarတို့ကားမှတ်တိုင်မှာ မျှော်တော်ရောင်ဘ၀နဲ့ ၁နာရီခွဲလောက်နေလိုက်ရတော့ လူကအီလည်လည်ကြီးဖြစ်နေတော့တာပေါ့။ 

အဲဒါကို အလိုက်သိတဲ့သူငယ်ချင်းနှစ်ယောက်က “သူငယ်ချင်း ni cow lar?” တဲ့။
ကိုယ်ကလည်း “Cow မဟုတ်ဘူး၊ Human Human” လို့ ဘုတောတော့  နှစ်ယောက်သား ခွက်ထိုးခွက်လန် ရီကြပါလေရော။ 

သူငယ်ချင်းက “မင်းကလည်းကွာ စိတ်ဆိုးစရာမရှိ စိတ်ဆိုးနေပြန်ပြီ၊ ငါတို့က မြန်မာစံတော်ချိန်နဲ့ ပြောတာလေ” တဲ့။ 

စိတ်ထဲမှာတော့ “ဟွန့် ဒီနှစ်ကောင်တော့ နာချင်နေပြီ”
သူငယ်ချင်းတွေဆိုတော့ အဲလိုချစ်ကြတာ။

အမှန်တော့ စိတ်မဆိုးပါဘူး။ သက်သက်ညစ်ကျယ်ကျယ်လုပ်လိုက်တာ။ အဲဒီလိုနဲ့ Botanic Gardens ကိုဝင်လိုက်တယ်ဆိုရင်ပဲ အတွဲတွေရော၊ မိသားစုတွေပါ ဟိုတစ်စု ဒီတစ်စုမြင်ရပါတယ်။ ကျွန်တော်တို့ကတော့ Orchid Garden ကိုတန်းသွားဖြစ်ပါတယ်။ သစ်ခွတွေလည်းတွေ့ရော 8Yarတို့ လှစ်ခနဲဆိုပြေးပြီး ဓာတ်ပုံရိုက်တာ ဖြစ်ချင်တော့ ဓာတ်ခဲကသိပ်မကျန်တော့ဘူး။ ခုနကသူငယ်ချင်းတွေကိုစောင့်ရင်း သီချင်းနားထောင်လိုက်တဲ့ အကျိုး လေ…

ကိုယ့်မှာသစ်ခွတွေကို မြင်နေရပြီးမရိုက်လိုက်ရမှာစိုးလို့ တိုးဝှေ့ပြီးရိုက်လိုက်တာ ဘေးကProfessional Camera သမားတွေကတောင် ဘုကြည့်ကြည့်ယူရတဲ့ အထိပဲ... :P

အဲဒီတုန်းက ရှိတဲ့ Camera လေးကို မြန်မာပြည်ကအိမ်ကိုပို့လိုက်လို့ ကျွန်တော့ ဖုန်းလေးနဲ့ပဲရိုက်ခဲ့ရပါတယ်။ 

ကျွန်တော့ရဲ့ အသဲအသန်ရိုက်ချက်တွေက ပန်းကြိုက်တဲ့သူတွေကို ကျေနပ်စေမယ်ဆိုရင် 8Yar တို့ တေပျော်ပါပြီ အဲလေ! ပီတိဖြစ်ရပါပြီ...  ကဲခံစားကြည့်ရအောင်နော်။




















ကောင်းသောနေ့လေးဖြစ်ကြပါစေ။
8Yar
24th Aug 2011

 မှတ်ချက် - တင်ထားသောပုံများထောင့်တွင် 8Yar အမည်မပါသည့် ပုံများမှာ Google မှရှာဖွေထားကြောင်း ဝန်ခံပါသည်။

12 comments:

မဒမ်ကိုး said...

အောင်မလေး ကို8yar ကလေးေ၇..
အကြံလက်ဦးသွားတယ်ပေါ့
ကျုပ်တော့အဲဒီနေရာကိုချိန်နေတာတခါမှကိုမရောက်လို့လေ
သစ်ခွပိုးကပိုတိုးလာပြန်ပြီနော်
ဒုက္ခပါပဲ..း)

ခင်တဲ့
အမကြီး
မဒိုးကန်

8Yar said...

မဒမ်ကိုး > ဟီး... :P အစ်မကလည်း အစ်ကိုကို လိုက်ပို့ခိုင်းပေါ့။ သွားဖြစ်ရင် စားစရာလေးနဲ့ ရေလေးတော့ထည့်သွားနော်အစ်မ။ ပျော်ရွှင်ပါစေ ခင်ဗျာ။ :)

ပန်းနှင်းဆီ(ကြယ်ကလေး) said...

ဟမ်းးးးးးနာသွားတုန်းက ပန်းတွေအဲ့လောက်မလှပါဝူး...
ကြည့်ရတာ လှတဲ့သူသွားလို့ ပန်းတွေတောင်မလှတော့တာဖြစ်မယ်..း))

Candy said...

ရေလည် လှတယ်ဗျို့.... တေချင်တေလို့ရပြီနော်.. အဟိ... :P

khinlay said...

"ထာဝရသူငယ်ချင်းများ" ကနေေ၇ာက်လာခဲ့ပါတယ်။

Maung Myo said...

ငယ်ချင်း ni cow lar?” တဲ့။
ကိုယ်ကလည်း “Cow မဟုတ်ဘူး၊ Human Human” လို့ ဘုတောတော့

အဲ့အကျင့် အစ်ကိုလည်းရှိတယ် တော်တော် အရသာရှိတယ်နော် ကောင်းကောင်း မကောင်းကောင်း မပြင်ချင်ဘူးဗျး)

8Yar said...

ပန်းနှင်းဆီ(ကြယ်ကလေး) > ha ha ha ha ဖြစ်နိုင်ပါတယ်။ :P

khinlay > လာအားပေးတဲ့ အတွက်ကျေးဇူးပါ ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

မောင်မျိုး > မပြင်ချင်လဲ မပြင်ပါနဲ့တော့ အစ်ကိုရယ်။ ပြင်လိုက်ရင် ကိုမောင်မျိုး မဟုတ်ပဲနေအုံးမယ်။ ဟီး....

8Yar said...

Candy > ဪ... Candy တို့ စေတနာရှိပုံများ 8Yar ကို အဟင့် :(

ဇော်သိင်္ခ said...

8yar တို့ရိုက်လိုက်တဲ့ သစ်ခွပန်းကလေးတွေကလည်း... ဖုန်းနဲ့ရိုက်လို့သာပေါ့နော် ပရော်ဖက်၇ှင်နယ် ကင်မရာနဲ့များရိုက်ရင် ဘယ်လောက်လှလိုက်မလဲနော်.. အခုကိုတော်တော်လှတယ်..
သစ်ခွပန်းလေးတွေ သဘောကျတယ်။

8Yar said...

ဇော်သိင်္ခ > ဟီးမြှောက်ပေးနေပြန်ပြီ အစ်ကိုကလဲ။ ကျွန်တော် ပရော်ဖက်၇ှင်နယ် ကင်မရာကို အရမ်းဝယ်ချင်နေတာဗျ။ ရှိတာလေးနဲ့ဝယ်လိုက်ရင် ငတ်သွားမှာစိုးလို့။ :P လာအားပေးတဲ့ အတွက်ကျေးဇူးကမ္ဘာပါ အစ်ကို။

မြစ်ကျိုးအင်း said...

သစ်ခွတွေ မြင်တော့ ကျွန်တော့်မေမေမြင်ရင် တော်တော် ကြိုက်မှာပဲ တွေးမိတယ်။

8Yar said...

မြစ်ကျိုးအင်း > အစ်ကိုရေ လာအားပေးလို့ ဂုဏ်ယူပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။