Wednesday 26 October 2011

အနူးအညွန့် တောင်းပန်ပါသည်။

ကျွန်တော် စိတ်အရမ်းညစ်နေပါသည်။ အလုပ်မှာ အရမ်းအဆင်မပြေဖြစ်နေသလို၊ နေသည့်အိမ်မှာလည်း အတော်ကြီးကို အဆင်မပြေဖြစ်နေပါသည်။ ချစ်ရသူနဲ့ အကြီးအကျယ် ကတောက်ကဆဖြစ်ရသလို၊ ကျွန်တော့ Gmail Account ကိုသူများဝင်သုံးသွားခြင်းကို ခံရပါသည်။ ထို့ကြောင့် ဘလော့ကိုဝင်တဲ့ Primary Gmail Account ကိုပြောင်းထားရပါသည်။ နောက်များမှ ဘလော့မောင်နှမများထံ ပြန် Follow လုပ်ပါမည်။ တော်ရုံ အခက်ခဲလောက်ဆိုလျှင် 8Yarတို့အပြုံးပျက်မည်မဟုတ်။ အခုတော့...... ကဲထားပါလေ။

ဒီ Post တင်ရခြင်းဟာ တောင်းပန်ဖို့ပါ။
ကျွန်တော့ရဲ့ ဘလော့မောင်နှမများနဲ့ စာဖတ်သူများ အားလုံး၊ အားလုံးကို ကျွန်တော် Post တင်ရန် ပျက်ကွက်ခဲ့သည့်အတွက် အနူးအညွန့် တောင်းပန်ပါသည်။
ဒိထက်ပိုလေးနက်တဲ့ စကားလုံးရှိရင် အဲ့ဒီ စကားလုံးကိုသုံးပြီး တောင်းပန်ချင်ပါသည်။

ဒီ Post လေးပြီးရင် ကျွန်တော့ရေးလက်စ Post လေးတစ်ခုကို တင်ဖို့ကြိုးစားပြီးရေးနေပါသည်။ အဲ့ဒီ Post လေးပြီးရင်တော့ ကျွန်တော့ကို အချိန်နည်းနည်းလောက် ထပ်ပေးပါလို့ တောင်းပန်ပါရစေ။ အကြောင်းကတော့ အခု ကျွန်တော့အခြေနေမှာ အလုပ်သစ်ပဲ ရှာရတော့မလိုလို၊ အိမ်အသစ်ပဲ ရှာရတော့မလိုလို၊ အားလုံးကို လက်လျှော့ပြီး မြန်မာပြည်ပဲ ပြန်လိုက်ရင်ကောင်းမလားလို့လဲ စဉ်းစာနေမိပါသည်။

အမှန်တော့ လက်ရေးနဲ့ ရေးထားတဲ့စာတွေရှိပေမယ့် မြန်မာလို ရိုက်ဖို့ အခက်ခဲရှိနေဆဲပါ။ ကျွန်တော်နဲ့ ခင်တဲ့သူအချို့သိပါတယ်။ ကျွန်တော်ဟာ အခုချိန်အထိ Burglish Test Engine မှာ Burglish ရိုက်ပြီး မြန့်မာ Font ကိုပြောင်းယူနေရတုန်းပါ။ တခါတခါမှာတော့ ကိုယ့်ဟာကို အသုံးမကျတာတွေကိုကြည့်ပြီး စိတ်ပျက်မိပါရဲ့။

(မှတ်ချက်။ ။ဒီ Post ဟာစိတ်ပူအောင်ရေးတာမဟုတ်သလို၊ ပွဲဆူရေးခြင်းလဲ မဟုတ်ကြောင်း ပြောပါရစေ။ ကျွန်တော့မှာ အဲလိုစိတ်ဓာတ်မရှိပါ။)

အားလုံးကိုတောင်းပန်ရင်း၊ အစစ အရာရာ အစဉ်ပြေ၊ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ခြွေလျှက်၊
8Yar.
26th Oct 2011

19 comments:

mstint said...

မောင် 8Yar ရေ။ လူတိုင်းကိုယ်စီမှာ ခေါင်းစဉ်ကွဲပြားတဲ့ အခက်အခဲဆိုတာအ ရှိစမြဲပါ။ အဆင်ပြေတဲ့အခါ ပို့စ်လေးတွေ ရေးပေါ့နော်။ လူမှာအရေးအကြီးဆုံးက စိတ်ဓာတ်မို့ လွယ်လွယ်နဲ့ မချလိုက်ပါနဲ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မုန်တိုင်း said...

ကျူပ်လောက် တော့် စိတ်ရှပ်နေမယ် မထင်ပါဘူး
ဒါကြောင့် မောင်ရင် ဖြေသိမ့်ပါ

Anonymous said...

အိပ်ရာရေ ဘ၀ဆိုတာအခုမှ စတာဟ.. မုန်တိုင်းပီးရင်
လေပြေလာစမြဲမို့ ...အဆင်လည်းပြေ..ဆံပင်လည်း၇ှည် မှ ကောင်မလေးချာချောရှိတဲ့ Beauty saloon မှာ အနားယူကြမယ်..
အားတင်ထား သူငယ်ချင်း.......

AH said...

စိတ်မညစ်ပါနဲ့ အကိုရာ တစ်ခုချင်းစီ ပြီးအောင်လုပ်သွားပေါ့၊ ခေါင်းထဲ အကုန်စုထည့်လိုက်တော့ ဘယ်ခံနိုင်မှာလဲ။ အိမ်ပြောင်းချင်ရင် ဒီနေ့ စရှာပေါ့... အိမ်ရှင်ကို တစ်လ နို့တစ်ပေးလိုက် ဖုန်း အခါ ၂၀ လောက်ထက်ပိုမဆက်ရပါဘူး အိမ်ခန်းက ပေါမှပေါ။ ရွှေအိမ်ခန်း ၀ဘ်ဆိုဒ်မှာရှာရှာ သပြေနုသွားသွား အို နေရာတစ်ကာ အိမ်ငှာကြော်ငြာတွေ မတွေ့ချင်မှ အဆုံး။ အိမ်အဆင်ပြေသွားတော့ အလုပ်အကြောင်း စဉ်းစားပေါ့ အကိုရယ်... အခု တစ်လော အလုပ်တွေပေါပါတယ်... ခပ်မြန်မြန် အလုပ်နောက်တစ်ခုရတော့လဲ ခပ်မြန်မြန် အရင်လုပ်ကို ထွက်စာတင်လို့ရတာပေါ့ :) မြန်မာပြည်တော့ အဲ့သလိုကြီး မပြန်ပါနဲ့။ အချိန်တွေရှိပါသေးတယ်.... ရှုံးပြန်ပြန်တာကြီးကိုတော့ မမြင်ချင်ဘူး၊ ကို ပြန်ချင်လို့ လက်မထောင်ပြီးတော့ပဲ ပြန်စေချင်တယ်။

ချစ်သူနဲ့ ကတောက်ကဆဖြစ်ရတာလည်း ကောင်းတာပဲ အမြဲတမ်းအဆင်ပြေနေရင် ပျင်းစရာကြီး။ နောက်တစ်ခုက ကတောက်ကဆဖြစ်ပြီးတိုင်း နားလည်မှု့တစ်ခု နှစ်ဦးကြားမှာ တည်ဆောက်နိုင်တယ်၊ ဒါဟာ ပိုပြီးကောင်းတယ်လို့ ကျွန်တော်ထင်တယ်၊ အဲ့ဒါကြောင့် ကျွန်တော်ဆို ခဏ ခဏ ကတောက်ကဆဖြစ်အောင် တမင်ကို လုပ်ရတယ်၊ ဒါမှ တစ်ယောက်နဲ့ တစ်ယောက်ပိုပြီး နာလည်လာမှာကိုး သူ့ခံယူချက်၊ ကိုယ်ခံယူချက် နှစ်ဦးနှစ်ယောက်ရဲ့ ခံယူချက် ဖလှယ်ယူလို့ရတာပေါ့။

gmail ကတော့ ပက်စ၀က်အရှည်ကြီးထားလိုက်ပေါ့၊ ကိုယ်ကြိုက်တဲ့ ကဗျာတစ်ပုဒ်ဖြစ်ဖြစ် သီချင်းတစ်ပိုဒ်လောက်ဖြစ်ဖြစ် ကျန်တဲ့လူတွေ ရိုက်ရမှာ ပျင်းလို့ ဘယ်သူ့မှ နောက်ဆို ၀င်သုံးမယ်မထင်တော့ဘူး။

ဖြစ်ပြီးတာတွေကို သင်ခန်းစာယူနိုင်သလောက်ယူ၊ ပြန်ဆန်းစစ်၊ လိုအပ်တာတွေကို မွန်းမံ၊ အဲ့ဒါတွေ လိုက်လုပ်နေရင် စိတ်ညစ်ဖို့ အချိန်မရှိဘူးလို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဟာကို ပြန်ဆန်းစစ်ရတာက တော်တော် အချိန်ကုန်တဲ့ အလုပ်တစ်ခုဖြစ်နေတော့ အဲ့ဒီမှာတင် ကျန်တဲ့ စိတ်ညစ်ဖို့ကိစ္စတွေကို တွေးဖို့ အချိန်မရလို့။

အကို အချိန်အနည်းငယ်အတွင်းမှာ Recovery ပြန်လုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။ Recovery လုပ်လို့မရတော့လဲ Format ချလိုက်ရုံပေါ့။ ဘာဆန်းတာ မှတ်လို့ ဟီး ဟီး။

Anonymous said...

ကျနုပ်သည်လည်း အလုပ်သစ်ရှာရမလို မြန်မာပြည်ပြန်ရမလို ဖြစ်နေတဲ့ကြားက အိမ်လည်းပြောင်းရပါသေးတယ် ကတောက်ကဆ ဖြစ်စရာ ချစ်သူမရှိလို့ တော်ပါသေးရဲ့ ....

မိုးခါး said...

စိတ်အေးအေးထားပါ .. This too will pass လေ ..း)) အဆင်ပြေပါစေကြောင်းဆုမွန်ကောင်းတောင်းပါတယ် .. ဒီလိုပါပဲ သူများနိုင်ငံမှာ နေရတဲ့ ဒုက္ခပေါ့ .. အတွေ့အကြုံပေါ့ အိပ်ရာရယ် .. စိတ်ညစ်နေမယ့်အစား ဖြေရှင်းနိုင်မယ့်နည်းလမ်း အမြန်ဆုံးတွေ့ပါစေ .. အစစ အမြန်ဆုံး အဆင်ပြေပါစေနော် .. ကိုယ်အဆင်မပြေတာထက် ပိုပြီး ဆင်းရဲဒုက္ခရောက်နေသူတွေ အများကြီးပါ .. ဖိုက်တင်းးးး)

စံပယ်ချို said...

စိတ်လဲသိပ်ပူမနေပါနဲ့
လူတိုင်အခက်အခဲရှိကြတာပါ
အိပ်ယာတစ်ယောက်ထဲ မဟုတ်ပါဘူး
အခုမတင်နိုင်ရင်လဲ တင်တဲ့အထိစောင့်ပြီးဖတ်မှာပါ

မဒမ်ကိုး said...

တောင့်ထားပါဟာ
ငါ့ခေါင်းစီးကိုမြင်တယ်ဟုတ်
အေး အဲဒါဘဲ
ကြိုးစားပါ
ချစ်သူကလဲနားလည်မှု့ရှိပါစေ
မရှိရင်တော့လဲ ညောင်းပေစေ့
စလုံးမှာအလုပ်လုပ်ရတာပန်းခင်းလမ်းမဟုတ်ဘူး
စိတ်မောရ လူမောရနဲ့
တောင့်ထား
မပြန်နဲ့
ဟုတ်ပီလားနော်

Thameesan said...

နှမဆိုတာလိုက်ပွဲ.ဟုတ်မဟုတ်တော့မသိ
ဘ၀ဆိုတာတော့..ဒါပါပဲးP(အစ်ကိုကြုံနေရသလိုပေါ့)
အားမငယ်ပါနဲ့ဗျို့
ပြီးရင်အားလုံးအဆင်ပြေသွားမှာပါ
လူ့ဘ၀ထဲ.ဒီလိုတစ်ကြိမ်တစ်ခါလောက်ကြုံဖူးမှ
လူပီသမှာ..ဒီအခက်ခဲကိုကျော်နိုင်ရင်တော့
နောက်ဆို..ဘာလာလာပဲး)
စိတ်အေးအေးထားပြီး..တစ်ခုချင်းဖြေရှင်းကြည့်ပါရှင်
ပြဿနာတိုင်းမှာ..အားနည်းချက်တော့ရှိမှာပါ။
OK ! နော်း))
အကူအညီလိုရင်တောင်းပါအစ်ကိုရေ
တတ်နိုင်တဲ့ဖက်က..ကူညီပေးပါရစေ
ပျော်ရွှင်ချမ်းမြေ့ပါစေရှင်
ချစ်ခင်စွာဖြင့်

TZH1985 said...

ကိုအားထိုင်ပြောသလို ဂျီမေးလ်ပတ်စ်ဝေါ့ကို အရှည်ကြီးပြန်ပေးလိုက်ပါ။...

ဘ၀ဆိုတာ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတာပါပဲ... စိန်ခေါ်မှုတိုင်း စိတ်ညစ်စရာဆိုရင် နေတိုင်း စိတ်ညစ်နေရလိမ့်မယ်... This shall too pass ဘာပဲဖြစ်ဖြစ် လုပ်စရာရှိတာလုပ်ရင်း (မဖြစ်သေးတာကို မတွေးပဲ အကောင်းကိုပဲ မျှော်လင့်ပြီး) ကျော်ဖြတ်သွားပါ ခင်ဗျာ... နိုင်ငံခြားရောက်စ ကျနော်တို့လည်း အင်မတန်မှ ဒုက္ခရောက်ခဲ့ရတာပါပဲ... အားလုံး အဆင်ပြေပါစေ ကိုအိပ်ရာရေ... ဘလော့မှာလည်း လာရင်ဖွင့်လို့ ရပါတယ်... Good Luck Bro :)

Candy said...

သူငယ်ချင်း အိပ်ယာရေ..
တကယ်တော့ ဘာမှ တောင်းပန်စရာမလိုပါဘူး.. အားလုံးကို ဘလော့ မောင်နှမတွေက နားလည်ပြီးသားပါ... လူတိုင်းက ဒီဘလော့တစ်ခုပဲ လုပ်နေတာမှ မဟုတ်တာ..
ဘ၀ဆိုတာ ဒီလိုပဲပေါ့.. စိတ်ညစ်စရာတွေလည်း ကြုံရမှာပဲ.. အားမလျော့နဲ့နော်... အားတင်းထား...
အစစအရာရာပြန်အဆင်ပြေပါစေ..
ချစ်ငယ်ချင်း..
Candy

Anonymous said...

ဘဝဆိုတာ ဒီလိုပါပဲ အစ်ကိုရာ...။ သူများနိုင်ငံမှာဆိုတော့ ကြိုးစားအားတင်းထားပါဗျာ။
ကျွန်တော်တို့ကတော့ မရောက်ဖူးသေးတော့ လာဖို့ကြိုးစားတုန်း.. အရှုံးနဲ့တော့
ပြန်မလာနဲ့ အကိုရေ...။ အားတင်းထား... :)

Junemoe
(http://june-moe.blogspot.com)

မောင်မျိုး said...

ညီရေ အိုအေအိတ် ပြေသွားတာတွေ ထောက်ခံပါတယ် အသေးအဖွဲလေးတွေအတွက် အစ်ကိုတို့ရဲ့ စိတ်အာရုံမှာ ကုန်ခမ်းသွားမယ့် အင်နာဂျီတွေ နှမြောစရာ အဲ့တော့ ဖြစ်လာသမျှအကြောင်းကို ရင်ဆိုင်ဖြေရှင်းလို့ စိတ်ချရတဲ့ ရင်ဖွင့်ရတဲ့သူတွေဆီင်္မှာ တိုင်ပင်ကြည့်ပါ အခက်ခဲဆိုတာ လူတိုင်းမှာရှိတာမို့ အဲ့စိတ်လေးနဲ့ အားတွေပြန်တင်းနိုင်ပါစေလို့ပဲ ပြောချင်ပါတယ်ဗျာ ။

ညီရဲ said...

ဘဝမှာ ဒီိလို အခက်အခဲလေးတွေ ရှိတတ်ပါတယ် စိတ်ဓာတ်မကျပါနဲ့ ညီ...
တနေ့ အားလုံး အဆင်ပြေသွားမှာပါ။ ပြဿနာဆိုတာ ထိပ်တိုက်ဖြေရှင်းလိုက်ရင် ခဏပါ ဒါကို မွေးထားပြီး တွေးနေရင်သာ ပိုဆိုးတာ...
အရာရာဟာ အားလုံး နောက်တော့ နေသားကျသွားမှာပါညီ...

အမ်တီအန် said...

အခက်အခဲတွေအမြန်ဆုံးချောမွေ့အဆင်ပြေပါစေ...။

အိမ်မက်စေရာ said...

အားလုံးက ဝိုင်းပြီးအားပေးထားပြီးကြတာ အားရစရာပါ..ကိုယ်ထိလက်ရောက်မကူညီနိုင်ပေမယ့် ဒီစာလေးတွေ ဖတ်ပြီး ကိုအိပ်ယာတစ်ယောက် အားတင်းနိုင်ပါစေလို့..
ကျားရို( တရုတ်လို ကြိုးစားတဲ့.ဒါပဲသိလို့) အဟီး
ခင်တဲ့
အိမ်မက်

မေသိမ့်သိမ့် ကျော် said...

စိတ်မညစ်ပါနဲ့..။ အစစအရာရာ အဆင်ပြေပါစေရှင်။

ခင်တဲ့
မေသိမ့်

ak1428 said...

လူ တစ်ခု ၊ ပူမှူ့ရယ် တဲ့ဆယ် ကုဍေ တဲ့ .Dont give up Bro

Étoile said...

8yar...
Fighting...
ဒီလိုပေါ့ကွာ...