Wednesday 7 December 2011

အိုမင်းခြင်းရဲ့ ရုပ်ပြ


ရာသီတွေ ခါလီပြကာ
နှစ်တွေလဲ ကုန်တော့မယ်
စိတ်ဓာတ်တွေဟာ အရောင်အမျိုးမျိုးပြောင်းလို့
အိုမင်းရင့်ရော်စပြုနေပြီ.....

တွေးမယ်လို့ ကြံလိုက်တိုင်း
အရာရာဟာ ခမ်းခြောက်နေလေရဲ့
အတိတ်တွေမှာ ဝေဒနာရှိရင်
ငါတော့ သေရာပါ ဒဏ်ရာတွေနဲ့ လှမလားပဲ.....

ထားပါတော့
တောမဟုတ်တဲ့ မြို့ပြကောက်ကြောင်းပေါ်မှာ
ငါမသိတဲ့ စိတ်တစ်ခုနဲ့ ရှင်သန်နေခဲ့တာ
အခုဆို နေတောင် စောင်းလုပြီ.....

8Yar

7th Dec 2011

15 comments:

Anonymous said...

ကောင်းလိုက်တာဗျာ
မြို့ပြကောက်ကြောင်းပေါ်မှာ ရှင်သန်ရတာချင်းတူလို့ ရင်ဘတ်နဲ့ ခံစားသွားတယ်ဗျို့..

ခင်လျက်
ဲJunemoe

စံပယ်ချို said...

8yar ရဲ့ကဗျာကောင်းလေးကိုခံစားခဲ့ရလို့ကျေးဇူးပါနော်

Candy said...

ပေါက်ကွဲသံစဉ်တွေများလား :P :P

မဒမ်ကိုး said...

ဟားးး ကောင်းလှချည်း မောင် 8ရာလေးရေ
ဟုတ်ပ ဟုတ်ပ နေတောင်စောင်းနေပြီပဲး)

shwewunyatana said...

8Yar..ရေကဗျာလေးကိုလာရောက်ခံစားသွားပါတယ်...

ညီရဲ said...

ကဗျာလေးကောင်းတယ် ညီရေ...

သဒ္ဓါလှိုင်း said...

ကဗျာလေးက ကောင်းလိုက်တာ။ မိုးမချုပ်ခင် ကိုယ်ကိုယ်တိုင် ပိုင်ဆိုင်နိုင်တဲ့ စိတ်တစုံနဲ့ ဖြတ်သန်းချင်ပါတယ်။
ခင်မင်လျက်
သဒ္ဓါ

mstint said...

တော်လိုက်တဲ့ မောင်အိပ်ယာရေ။
အိုမင်းခြင်းရဲ့ရုပ်ပြ ကဗျာတိုလေးကနေ
အဓိပ္ပာယ်တွေ နက်နက်ရှိုင်းရှိုင်း ခံစားသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Unknown said...

ကဗျာကောင်းလေး အားပေးသွားပါတယ်
ကို8Yar ရေ..
ခင်မင်လေးစားလျှက်
(ဒုတိယ)

ဘိုဖြူ said...

ပေါက်ကွဲသံစဉ်ထင်ရပေမယ့်အတော်ကိုကောင်းပါတယ်ဗျာ

မိုးခါး said...

ဒဏ်ရာတွေက ရင့်ကျက်မှုရဲ့ ပြယုဂ်တွေပေါ့လေ ......

မြသွေးနီ said...

မမြဲတဲ့ သဘောလို့သာမှတ်....8Yarရေ...။

8Yar said...

Junemoe<< ကျေးဇူးပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ။

jasmine(တောင်ကြီး)<< လာအားပေးလို့ ကျေးကျေးပါ အစ်မjas ရေ။

Candy<< ဟုတ်ရပါဘူးဗျားP

မဒမ်ကိုး<< ဟုတ်ကဲ့ နေစောင်းနေပြီ ပြန်တည့်ပေးခဲ့နော်။ :P

8Yar said...

shwewunyatana<< လာအားပေးလို့ ကျေးဇူးတယ်ဘုရား။

ညီရဲ<< ကျေးဇူးပါ အစ်ကိုရေ။

သဒ္ဓါလှိုင်း<< လာအားပေးလို့ ကျေးဇူးပါ အစ်မရေ။

mstint<< ကျေးဇူးပါ အန်တီတင့်ခင်ဗျာ။ ကြိုးစားရကျိုးနပ်လို့ ပီတိဖြစ်ရပါတယ်ခင်ဗျာ။

8Yar said...

ဒုတိယလူ<< လာအားပေးလို့ ကျေးဇူးပါအစ်ကိုဒုရေ။ ပျောက်နေတာကြာပြီနော်။

ဘိုဖြူ<< လာအားပေးလို့ ကျေးကျေးပါခင်ဗျ။ ကောင်းသောနေ့လေးဖြစ်ပါစေ။

မိုးခါး<< ဟုတ်ပါတယ် အစ်မရေ။ လာအားပေးလို့ ကျေးဇူးပါ။

မြသွေးနီ<< ဟုတ်ကဲ့မှတ်ထားပါတယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ။