Wednesday 21 December 2011
ဟိုယောင်ယောင်၊ ဒီယောင်ယောင်
ဒီရက်ပိုင်း 8Yar လည်း စိတ်နဲ့လူနဲ့ ကပ်တယ်ကိုမရှိဘူး။ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဘလော့တွေခိုးခိုးလည်၊ Comment တွေလဲမပေးရဲ.... :P ဟိဟိ... အကြောင်းက Post အသစ်မှမတင်ပဲကိုး။ အဲ့ဒီတော့ ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ရဲ ဖြစ်နေတာပေါ့။ ကြာလာတော့ တာဝန်ရှိ ဘလော့မောင်နှမတွေ ဝိုင်းအော်ကြတော့တာပေါ့။ ဟီး....
အဲ့ဒါနဲ့ 8Yarလည်း Post တင်မယ်ဆိုပြီး ပြင်လိုက်ယုံရှိသေးတယ်၊ ရန်ကုန်က ညီမက Online တက်လာပြီး ဦးလေးဝမ်းကွဲ Singaporeကို ဆေးကုဖို့ထွက်လာတယ်ဆိုပဲ၊ ပထမတော့ အတော်အံ့ဩသွားတယ်။ ဘာဖြစ်လို့လဲဆို အဲဒီဦးလေးက ထောင်ထောင်၊ မောင်းမောင်း၊ သန်သန်မာမာ ဆိုတော့ တော်ယုံရောဂါလောက်တော့ ဖြုံမယ်မထင်ဘူး။ အခု Singapore မှာလာကုရတယ်ဆိုတော့ မေဂျာ ကေ့စ် ဖြစ်မယ်လို့ ထင်မိတယ်။ ဒါနဲ့ လာပြောတဲ့ညီမကို ဘယ်ဆေးရုံလဲ၊ ဘယ်မှာတည်းမှာတဲ့လဲ၊ ဆက်သွယ်ရမဲ့ ဖုံးနံပါတ်ရှိလား စသည်ဖြင့် မေးလိုက်တယ် ဆိုရင်ပဲ ညီမက အားကိုးရစွာနဲ့ ပြောရှာတယ် သိဘူးတဲ့။
8Yar ကိုဒီလိုပြောလို့ဘယ်ရလိမ့်မလဲ ဆိုပြီး ဗီဒိုအာဏာသုံးပြီး၊ မသိရင် သိအောင်လုပ် ဆိုပြီးပြောမလို့ရှိသေးတယ်၊ သူက နေအုံး.... ဦးလေးသား ကိုဖုံးဆက်မေးပေးမယ်တဲ့၊ အဲ့ဒီ ဗီဒိုအာဏာက သုံးရတယ်ကိုမရှိဘူး။ ညီမတွေက လိမ္မာကြတာကိုး။ :P ဟိဟိ။ ဦးလေးသား အစ်ကိုတော်က စကားပြောပြတ်တယ် နှစ်လုံးပဲပြောပြီး ဖုံးချသွားတယ်လို့ပြောတယ်။ သူပြောသွားတာက မောင့်အီး တဲ့။ ဆေးရုံ နာမည်ကိုပြောတာပါ။ 8Yarတို့ကလည်း စလုံးမှာ လည်လည် ဝယ်ဝယ် ရှိရှာတာဆိုတော့ ရွာပတ်တော့တာပေါ့။ သူများတွေကိုမေးကြည့်တော့ သိဘူးတဲ့၊ ဘာကြီးတုန်း မောင့်အီး ဆိုတာက ဆိုပြီးတောင်ပြန်မေးကြတယ်။ စိတ်ညစ်ပါ့။
နောက်တော့ Online မှာရှာကြည့်လိုက်တော့ Mount Elizabeth Hospital ဆိုပြီး ရှာလို့တွေ့သွားတယ်။ ပထမတစ်ခေါက်သွားရှာတော့ မတွေ့ဘူး။ အဲဒီကလူကပြောတယ် မြန်မာပြည်ကနေလာတက်တာ အယောက် 40 နီးပါးရှိတယ် ဆိုပဲ။ ဟုတ်မဟုတ်တော့မသိ၊ ငါတို့ မြန်မာတွေ အတော်ချမ်းသာကြတာပဲ ဆိုပြီးရင်ကော့ကာပြန်လာလိုက်ပါတယ်။ နောက်ရက်မှ ဖုံးနံပါတ်တွေရလို့ 8Yar တစ်ယောက်အဆင်ပြေသွားခဲ့ပါတယ်။
အဲဒီလို အကြောင်းကြောင်းတွေကြောင့် 8Yar တစ်ယောက် Candy လို Orchard မှာဓာတ်ပုံ လျှောက်မရိုက်နိုင်ပါဘူး။ အစ်ကိုရင်လိုလည်း ဘောလုံးကို ရှုံးအောင် မကန်နိုင်ပါဘူး။ အစ်မကိုးလိုလည်း ဆံပင်တိုအောင် မညှပ်နိုင်ပါဘူး။ အကြောင်းက ကိုမောင်(စွယ်စုံကျမ်း)က ဆံပင်ရှည်မှ ကောင်မလေးချောချောရှိတဲ့ ဆိုင်ကိုခေါ်သွားပြီး ခေါင်းလျှော်မယ်ဆိုလို့ပါ။ :P ပြီးတော့ သမီးစံလို စာအိတ်ခေါက်ပြီး X'mas card ပေါ်မှာ အစ်မ Jas လို ဝီစကီတစ်ခွက်ရဲ့ အချစ်နောက်ဆက်တွဲလည်း မရေးနိုင်ပါဘူးခင်ဗျာ။ ထပ်ပြောရရင် ကျန်တဲ့ ဘလော့မောင်နှမတွေ ဝိုင်းသမမှာစိုးတာကြောင့် ဒီလောက်နဲ့ပဲ ရပ်ပါရစေခင်ဗျာ။ :P
အပေါ်မှာ ထီပေါက်သွားတဲ့ မောင်နှမများလည်း ချိတ်ချိုးပါစေနဲ့လို့ဆုတောင်းလျှက်.....
အားလုံးပျော်ရွှင်၊ ကျန်းမာကြပါစေ။
8Yar
21st Dec 2011
Labels:
ဘလော့သတင်း
Subscribe to:
Post Comments (Atom)
10 comments:
ပေါ်တော်မူ :P
ဒါသက်သက်ရန်စတာဘဲအေး)
မောင့်အီးဆိုတော့..အတော်နံမှာပဲနော်း)))
ဟွင်းဟွင်း.. ထင်တော့ထင်တယ်.. သူပိုစ့်အသစ်တင်ပြီဆိုတာ လာအော်ပြီလေ.. ဘာလုပ်သလေး ဘာလေးနဲ့ ဘာလုပ်လဲ အားလုံးပြောပြပြီးသား..
သူပိုစ့်မတင်ရင် လာလည်လည်း မအော်ဘူး.. ကြည့်ကြည့်နေတာကြာပြီ.. ဟွင်းဟွင်း.. တခွန်းမှ မပြောချင်ဘူး xD
အဲတာဆိုလဲဘာမှ မလုပ်နဲ့တော့အေ
လွန်ပါတယ်တော်ရေ
လာခဲ့ ၂၈ ရက်နေ့အ၀တိုက်မယ်ဒါဗြဲ
ရေးမဲ့ရေးတော့လဲ
ပျော်စရာပါပဲနော်
ခရစ်စမတ် ပိတ်ရက်မှာ ပျော်ရွှင်ပါစေ ...း)
ယောင်စစ်စတီးဖြစ်နေတယ်ပေါ့....
ပျော်ရွှင်ဖွယ် ခရစ်စမတ်ဖြစ်ပါစေ....
MG THANT<< ဟီး.... ဟုတ်လို့လားဗျ။
မဒမ်ကိုး<< ဟုတ်ပါဘူးဂျာ တိုက်ဆိုင်တွားတာပါ။ ဘွာတေး... :P
သမီးစံ<< ဟင့်အင်း တိဘူး။ သမံစီး စမ်းကြည့်ပြီးပြန်ပြောနော်။ :P
Candy<< ခစ်ခစ်ခစ် ဂွင်တွေ့တုန်းဝင်တွယ်လိုက်တာပေါ့လေ ဟား ဟား ဟား ...
jasmine(တောင်ကြီး<< အောင်မြလေးဂျာ ဖိတ်တာကြောက်ချာကြီး ဟီး။ :P အခုမှသိတော့တယ် 28က အစ်မ Jas မွေးနေ့ကိုး။
ဘိုဖြူ<< အားပေးလို့ကျေးကျေးပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။
ကိုအောင်(ပျူနိုင်ငံ)<< ဟိုက်ရှားပါး ငါ့အစ်ကိုလာလည်တယ်ဂျ။ ကျေးဇူးပါ အစ်ကိုအောင်ရေ။ Happy New Year ပါခင်ဗျာ။
မြသွေးနီ<< တော်သေးတာပေါ့ ချောင်ချစ်တီး မဖြစ်လို့။ ဟီး.. ကျေးဇူးပါခင်ဗျာ။ အစ်မလည်းပျော်ရွှင်ပါစေခင်ဗျာ။
Post a Comment