Sunday 8 January 2012

Batam ခရီးစဉ်

မင်္ဂလာနှစ်သစ်ပါခင်ဗျာ။ 8Yar တစ်ယောက် မျောက်အုန်းသီးရသလို Nikon D7000 လေးဝယ်လိုက်ပြီးကတည်းက ငြိမ်ချက်သားကောင်းနေတာ အခုဆိုရင် အမျက်တော်တွေတောင် အတော်ရှလောက်ပြီထင်ပါ့။ :P ဟီး ..... ပြေးကြည့်မှ ဒီညီလေး၊ မောင်လေးတစ်ယောက်ပဲရှိတာ ခွင့်လွှတ်ပေးကြပါနော်။ ထပ်ပြီးအဆူမခံရအောင် Batam ခရီးစဉ်လေးကို အမြန်ရေးပြီး တင်လိုက်ရကြောင်းပါခင်ဗျာ။

အမှန်တော့ ဒီခရီးစဉ်က မယ်မယ် ရရ၊ ဂဃ နဏ၊ သေသေ ချာချာ၊ ထူးထူး ခြားခြား မရှိလှတဲ့ သာမန်ခရီးစဉ်လေးတစ်ခုပါ။ အဲ့ဒါကြောင့် အကြောင်းအရာထက် ရိုက်လာတဲ့ ဓာတ်ပုံလေးတွေကိုပဲ အသားပေး တင်ပါရစေခင်ဗျာ။

မသွားခင် ညက တစ်ယောက် အိပ်လို့မပျော်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရင်ခုန်နေလို့။ ရင်ခုန်တယ် ဆိုတာကရည်းစားအသစ်ရလို့ မဟုတ်ဘူး၊ ကင်မရာအသစ်ရလို့။ မနက်ဖြန်ဆိုရင်ဖြင့် တစ်ယောက် မသုံးတက်သေးတဲ့ ကင်မရာနဲ့ လက်သရမ်းခွင့်ရတော့မှာမို့ အပျော်ကြီးပျော်ပြီး အိပ်မရဖြစ်နေရပါတယ်။

မနက်ရောက်တော့ ခရီးသွားရမယ်ဆိုတဲ့ အငွေ့အသက် တစ်ခုရပါတယ်။ အဲ့ဒီ အငွေ့အသက်က မနက်စောစော ခရီးထွက်ရင်ရတတ်တဲ့ အငွေ့အသက်တစ်မျိုးပါ။ ပြောတော့မပြတတ်ဘူး။ ဒါပေမယ့် သဘောကျတယ်။

ဒါက 8Yarတို့စီးလာတဲ့ သဘောင်္ပါ။ Batam ရောက်မှပဲပုံထွက်ကောင်းတော့တယ်။ စင်ကာပူကထွက်လာတုန်းက လမ်းတလျှောက်လုံးရိုက်လာတဲ့ပုံတွေက တစ်ခုမှမကောင်းဘူး။ ဝါးတားတား၊ ရီတီတီ၊ မှုန်မှုန်တုန်တုန်နဲ့ လှိုင်းမူးရတဲ့အထဲ ရိုက်ထားတဲ့ပုံတွေပြန်ကြည့်လိုက်တော့ ပိုမူးသွားတယ်။ အဲဒီလို လက်ရာကကောင်းတာ။ ခစ်ခစ်.....။ ပုံကောင်းထွက်လာတာကလဲ သူငယ်ချင်း ကျော်ကြီးတစ်ယောက် တစ်လမ်းလုံး ဖုန်းထဲက User Manual ဖတ်ပြီး ကူညီခဲ့လို့ ရရတာပါ။ ကျေးဇူးပါ ဆရာကျော်ရေ။

ဟော့ဒါက တို့စီးရမဲ့ကား။ အမြင်စုတ်ပေမဲ့ ရွှေထုပ်တဲ့ မြပဝါလို့ ပြောရမလားပဲ။ လမ်းတစ်လျှောက်လုံး ကားနဲ့ပတ်သက်လို့ စိတ်မညစ်ခဲ့ရဘူး။

ပထမဆုံးပို့ပေးတာက တရုတ်ဘုရားကျောင်း။ အရမ်းကြီးသလို၊ အရမ်းလည်းသပ္ပါယ်ဖို့ကောင်းပါတယ်။

ဒါကနံမည်ကြီး တရုတ်သူရဲကောင်းသုံးယောက်ရဲ့ ရုပ်ထု၊ သူတို့ကိုနတ်အဖြစ် ကိုးကွယ်ကြပါတယ်။ တရုတ်သမိုင်းကျေတဲ့သူဆိုရင် သူတို့ကိုကောင်းကောင်းသိမှာပါ။ မြန်မာပြည်သားတွေကတော့ အလယ်ကတစ်ယောက်ကို ကွမ်းကုန်းလို့သိကြပါတယ်။ ဟီး.... ပြောရင်း၊ ပြောရင်း နတ်သမိုင်းရောက်တော့မယ်။

ဘုရားကျောင်းက ဦးတီပွါး။

သူက ဘုရားကျောင်းအရှေ့မှာရှိတဲ့ အမွှေးတိုင်အိုးပါ။ အတော်ကြီးပါတယ်။ အဲဒီနောက်တော့ နာမည်ကြီးမုန့်ရောင်းတဲ့ဆိုင်တွေ၊ ပိုလိုတံဆိပ် အဝတ်စား Outlet ဆိုင်တွေကို တောက်လျှောက် လိုက်ပို့ပါတော့တယ်။ ကားပေါ်မှာပါတဲ့ Tour Guide က Poloရဲ့ အရည်အသွေးကိုသေသေချာချာ ရှင်းပြရှာပါတယ်။ Poloအင်္ကျီတစ်ထည်က မျိုးဆက် သုံးဆက်ထိ ဝတ်လို့ရတယ်ဆိုပဲ။ ပထမလူဝတ်လိုက် ပြီးရင်ရေလျှော်လိုက်၊ လျှော်ပြီးရင်တော့ အဲ့လူဝတ်လို့မရတော့ဘူး။ အင်္ကျီကသေးသွားလို့။ အဲ့ဒါဆိုရင် သားကိုပေးဝတ်လိုက်တဲ့။ အဲ့ဒီသားဝတ်ပြီးရင် ထပ်လျှော်လိုက်အုံး၊ ပြီးရင်တော့ မြေးကိုပဲပေးဝတ်လို့ရတော့မယ်တဲ့။ ကောင်းရော။ သူပြောတာအမှန်ဆိုတာ ဆိုင်တွေရောက်တော့ သိလိုက်ရပါတယ်။ အရည်အသွေးက တကယ်ချာပါတယ်။

သူတို့နှစ်ယောက်က နတ်ဆိုင်းလိုမျိုးတီးနေကြတာပါ။

သူကတို့ ဆိုင်းသံနဲ့အပြိုင် အုန်းသီးကိုပါးစပ်နဲ့ ကိုက်ပြီးခွါပြနေတာပါ။

ပြီးတော့မီးခဲတွေကိုလည်းစားပြပါသေးတယ်။ ဘာလည်းတော့ အသေအချာမသိ၊ ဓာတ်ပုံတော့ရိုက်ခဲ့၏။ :P

ဒါလေးက ဒေသထွက် အမှတ်တရပစ္စည်းအရောင်းဆိုင်ပါ။

ဒီဆိုင်မှာနေ့လည်စာစားရပါတယ်။ ပင်လယ်စာမို့ 8Yarအကြိုက်ပေါ့။

ဒါကိုဘာခေါ်လည်းမသိပါ။ အမြင့်ကြီးတတ်ပြီး စက်သီးနဲ့စီးရတဲ့ ကစားနည်းပါ။ ကားပေါ်မှာပါတဲ့ အာဂယောက်ျားတွေက တစ်ယောက်မှမစီးပါဘူး။ အားနွဲ့သူ အမျိုးသမီးများကတို့ သူ့ထက်ငါအပြိုင်ကိုစီးကြပါတယ်။ 8Yarတို့ကတော့ Universal Studios သွားပြီးကတည်းက အမြင့်ကြောက်သွားတာ။ ညကုတင်ပေါ်တက်ပြီးရင်တောင် မျက်စိကိုအတင်းမှိတ်၊ ဘုရားစာရွတ်ပြီး အိပ်ရတယ်။ အောက်ကိုငုံ့မကြည့်ရဲလို့။ :P

ဒီပန်းခြံထဲမှာ ရိုးရာအိမ်သေးသေးလေးတွေရှိပါတယ်။ ဒီလို အိမ်မျိုးတွေ ဆယ်နဲ့ချီပြီးရှိပါတယ်။

ဟိုတယ်မသွားခင် နောက်ဆုံးပို့တာက ဒီဘုရားကျောင်းလေးပါ။

ရောက်ပါပြီဗျာ Crown Vista Hotel ကို။

ဟိုတယ်က တောင်ကုန်းလေးပေါမှာရှိတော့ ဒီလိုပုံလေးရိုက်ခွင့်ရတာပေါ့။

ဟိုတယ် ဝင်ဝင်ချင်းတွေ့ရတဲ့ ဦးတီပွါး။

ဒါလေးက ဟိုတယ်လှေခါးမှာထားထားတဲ့ ကျောက်ပန်းပုကြီးပါ အတော်လက်ရာမြောက်ပါတယ်။

ဒါလေးက နံနက်စာဘူဖေးကျွေးတဲ့နေရာပါ။ စားနေတုန်းက သတိမရဘူး။ :P ဟီး.... နံနက်စာစားပြီး ကိုယ့်အစီအစဉ်နဲ့ ကိုယ်မြို့ထဲကိုထပ်သွားလည်ကြပါတယ်။ နေ့လည် 12:30 လောက်မှာတော့ သင်္ဘောဆိပ်ကိုလိုက်ပို့မဲ့ကားရောက်လာပါတယ်။

ဒါလေးက အပြန်စီးရမဲ့ သင်္ဘောပါ။ နှုတ်ဆက်ခဲ့ပါတယ် Batam ရေ။

ဪကျွန်တော့လို Promotion တွေရှာပြီး ခရီးသွားချင်သူများအတွက် အောက်မှာလင့်ပေးထားပါတယ်ခင်ဗျာ။

http://deal.com.sg/deals/singapore

http://www.streetdeal.sg/

တစ်ခုမှတ်ထားပေးရမှာက အဲဒီဆိုက်တွေက ခရီးသွား Package တွေဝယ်ပြီး ခရီးစဉ်တိုင်းအတွက် Tax ဆောင်ရပါတယ်။ ဘာTax လဲတော့ ကျွန်တော်လည်းမသိပါ။ Tax ဖိုးက 30S$ပတ်ဝန်းကျင် လောက်ပဲပေးရတာပါ။ အဲဒီလောက်ဆို ကိုယ်သုံးမဲ့ budget ကိုချိန်ပြီးဝယ်လို့ရပြီလို့ထင်ပါတယ်ခင်ဗျာ။

အားလုံး နှစ်သစ်မှာပျော်ရွှင်၊ ချမ်းမြေ့ကြပါစေ။

8Yar

8th Jan 2012

18 comments:

Anonymous said...

သွားမယ် သွားမယ်

my logic said...

ယာယာတို့ ကဟုတ်နေတယ်ပေါ့ ..ခရီးတွေဘာတွေတောင်သွားပီပီ
ပျော်စရာကြီး...နော်..... ပူးပူးလဲ သွားအုံးမယ် မိုက်တယ်...
ဘာမုန့်ဝယ်ခဲ့လဲ ဒါပဲ....... ပါလာတာအကုန်ထုတ်ပါ...
:) ခင်မင်တဲ့..... ပူးပူး

Anonymous said...

ကြည့်ချင်တာ အဲဒီပုံတွေမဟုတ်ဘူးလေ အိပ်ယာစုတ်ရဲ့း)

အမ

မဒိုးကန်

စံပယ်ချို said...

အိပ်ယာရေ နာတို့စုံတွဲသွားရင်လဲ လိုက်ပို့နော် သွားမယ်ဟယ်သွားဖြစ်အောင်ကို
ငါမောင်ရိုက်လာတဲ့ပုံတွေကြောင့်သွားချင်နေပြီ
မတားနဲ့ မဆွဲနဲ့ သွားမှာပဲ

Thameesan said...

အောင်ညလေး.ကိုအိပ်ရာရယ်
သွားချင်လိုက်တာ.ဘယ့်နှယ့်ပြုရပါ့း))
နောက်ပုံတွေဆို.ဒီ့ထက်ကောင်းမယ့်သဘောမှာရှိတယ်နော်း)
စောင့်နေပါတယ်ဗျို့

မောင်မောင် said...

အစ်ကို 8 yar က ကျောင်းသားလား။ မောင်မောင်လည်း ခရီးသွားရတာ အရမ်းကြိုက်တယ်။

ဘိုဖြူ said...

ညီလေးရေ
ပုံတွေကတော့အားလုံးရှယ်တွေပါလားဗျာ
ရိုက်တာကိုဝါသနာပါတယ် ကင်မရာကောင်းကောင်းမရှိဘူးဗျ

Candy said...

ပျောက်တာပျောက်တာ... ဒီလောက်နဲ့တော့ ချော့လို့ ရရိုးလား.. No ပဲ ... မရဘူး... ထပ်ရေးဦး ဒါပဲ

Unknown said...

ပုံတွေနဲ့ အလည်အပတ် ခရီးထွက်လိုက်တယ်ဗျို့... ပျော်ချာကြီး.. :)

ခင်မင်လျက်

8Yar said...

အမှတ်တရ နေ့စွဲများ....<< ဟုတ်ကဲ့၊ သွားသာသွား အစ်ကိုရဲရေ။

puupuu<< ဟီး... မုန့်တော့မဝယ်ခဲ့မိဘူးဗျ။ စားတော့စားခဲ့တယ်။ :P ခစ်ခစ်။

မဒိုးကန်<< ဟင်! အစ်မဒိုး ကြည့်ချင်တာဘယ်ပုံလဲ။ ဟိုပုံလားဟင်? ဟင့်အင်း.. ဟိုပုံရိုက်ခဲ့ဘူး။ ဟိဟိ ရှက်လို့။ မုန့်ဆိုင်တွေမှာ အမြည်းလိုက်စားတဲ့ပုံကိုပြောတာနော်။ လျှောက်မတွေးနဲ့။ :P

Myanmar Online Music<< ဟုတ်ကဲ့ လာပါအုံးမယ်ခင်ဗျာ။ လာဖိတ်ခေါ်လို့ ကျေးဇူးပါခင်ဗျာ။

jasmine(တောင်ကြီး)<< အစ်မ Jas ဟာ အို နေပါအုံး။ ဘယ်လိုမှတားမရတော့ဘူးလားဗျာ။ ဒါဆိုလည်းသွားဗျာ သားကို စပွန်ဆာလုပ်ပေးမယ်ဆို လိုက်ပို့မယ်ဂျာ နော်။ :P

8Yar said...

သမီးစံ<< အောင်ညလေး သမံစီးရယ် သွားချင်ရင်သွားတာသွား။ ငယ်တုန်းသွားရတာအေ့။ နောက်ပုံတွေကောင်းမကောင်းတော့ မသိဘူး။ မျက်စိနောက်အောင် တင်မှာတို့သေချာတယ်။ ဟီး...

မောင်မောင်<< ကျွန်တော် ကျောင်းသားမဟုတ်ပါဘူး အစ်ကိုမောင်မောင်ရေ။ အလုပ်လုပ်နေပါတယ်ခင်ဗျာ။ ခရီးသွားတာတော့ အားပေးတယ်ဗျာ။ သွားတာသွား။

ဘိုဖြူ<< လာအားပေးလို့ ကျေးဇူးပါ အစ်ကို ရေ။ အမှန်တော့ကျွန်တော်လည်း DSLR ကိုကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်သေးပါဘူးခင်ဗျာ။ ဝါသနာတူတော့ အားပေးတယ်ခင်ဗျာ။ ဖြေးဖြေးချင်းဆုပြီး ကြိုးစားကြည့်ပါနော်။ စိတ်လောမကြီးနဲ့ မှားမဝယ်မိဖို့က အရေးကြီးတယ် အစ်ကိုရေ။

Candy<<ဟင့် သူကလဲဇွတ်။ သူများက နေကောင်းပါဘူးချို။ အဲလေ.. မအားပါဘူးချို။ :P ဟီး နောက်တာ ထပ်ရေးပေးပါ့မယ်ဂျာ။ သမီးစံရဲ့ Tag Post. :)

Junemoe<< လည်လို့ကျေးဇူးဗျိုး။ ကောင်းသောနေ့လေးဖြစ်ပါစေဗျာ...

Nandar said...

ကိုအိပ်ယာပြောတဲ့ ပိုလိုရှပ်ကို တော်တော်စိတ်ဝင်စားတယ် ဟဲဟဲ တစ်ချက်ခုတ် သုံးချက်ပြတ်ပဲ။

mabaydar said...

streetdeal တို့ တခြားဝက်ဆိုဒ်တွေကို သိတယ်...တော်တော်သက်သာတာလဲသိတယ်... ဒါပေမဲ့ သက်သာလွန်းတော့ Hidden cost တွေများရှိမလားဆိုတာရော... ဘယ်လိုဝယ်ရမယ်မှန်းမသိတာရောကြောင့် မ၀ယ်ဖြစ်တာ... ဘာတန်လိုမဟုတ်ပဲ ခပ်ဝေးဝေးနိုင်ငံတွေသွားရင်လဲ လေယာဉ်ခပါပြီးသားလား မပါသေးဘူးဆိုရင် ကိုယ့်ဟာကိုယ်ဝယ်ရမှာလား သူတို့ဆီကပဲဝယ်ရမှာလား အဲဒါမျိုးတွေမသေချာဘူး... အီးမေးလ်ပို့တော့လဲမပြန် ဖုန်းဆက်တော့လဲ မကိုင်နဲ့... အဲဒိဝက်ဆိုဒ်တွေက ၀ယ်နည်းလေးတွေပြောပြပါအုံး....

နီကွန်ကင်မရာသုံးလို့ကောင်းလား... မဗေဒါကတော့ ကန်နွန်သုံးတယ်... အိပ်ယာလိုပဲ စစချင်း မသုံးတတ်တော့ပုံတွေက၀ါး... ၁နှစ်လောက်နေမှ နည်းနည်းသုံးတတ်လာတယ်... ဒါပေမဲ့ 8yar က ဓာတ်ပုံရိုက်အားကောင်းတော့ နောက်ဆိုရင်လက်ရည်တွေတက်လာမှာပါ...

မြသွေးနီ said...

ကင်မရာ အသစ်လေးနဲ့ ပုံလေးတွေက ကောင်းလိုက်တာ...။
အုံးသီးခွဲနေသူက 8yarများလားလို့ သေချာကြည့်ခဲ့တယ်...။
ကိုယ်မရောက်ဖူးတဲ့ နေရာတွေကို ရောက်ခွင့်ရလိုက်သလိုပါဘဲ..။

Unknown said...

ကို8yar ရေ ဒီတစ်ခါ သွားရင် လက်တို့အုံးနော်
အဲ့ဒီမှာ အိမ်သာသွားတက်ချင် လို့..
း )

(ဒုတိယ)

mstint said...

ခရီးသွားရတာ စိတ်ချမ်းသာဘို့ကောင်းတယ် မောင်8Yar ရေ။
နေရာသစ်တွေအလည်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွယ်။
အခွင့်အခါများကြုံခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်လေးထားချင်ပါဘိး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

8Yar said...

Nandar<< ဟုတ်ကဲ့။ စိတ်ဝင်စားမှန်းသိရင် ကျွန်တော်ဝယ်လာမိမှာပါ။ Nandarကအိမ်မှာ အငယ်ဆုံးဆိုရင် နောက်ဆုံးမှဝတ်ရမှာနော်။ ဟိဟိ..

mabaydar<<Hidden cost တော့ အပေါ်မှာကျွန်တော်ပြော သလို လောက်ပဲရှိမယ်လို့ထင်ပါတယ်ခင်ဗျာ။ ခပ်ဝေးဝေးနိုင်ငံတွေဆိုတာ အနောက်နိုင်ငံတွေများလား မသိဘူး။ အနောက်နိုင်ငံတွေဆိုရင် မြန်မာပတ်စ်ပို့နဲ့ သိပ်အဆင်မပြေတတ်ပါဘူးလို့ ထင်ပါတယ်ခင်ဗျာ။ မဝယ်ခင် ဗီဇာ အရင်လျှောက်ကြည့် စေချင်ပါတယ်ခင်ဗျာ။ လေယာဉ်ခက ပါရင်ရေးထားပါတယ်ခင်ဗျာ။ မရေးထားရင် package သီးသန့်ရောင်းတာမို့ လေယာဉ်လက်မှတ်က ကိုယ့်ဟာကိုယ်ဝယ်ရမှာပါ။ အဲ့ဒီဆိုက်တွေက လက်မှတ်တွေမဝယ်ခင်မှာ Highlights နဲ့ Conditions ကို သေသေချာချာဖတ်စေချင်ပါတယ်ခင်ဗျာ။ သိပ်မရှင်းလို့ Email ပို့မေးတာ၊ ဖုံးဆက်မေးတာ ကောင်းတဲ့ အကျင့်လေးပါ။ Reply ပြန်မလာခဲ့ရင် အရဲစွန့်ပြီးတော့ မဝယ်ပါနဲ့ လို့ပြောပါရစေ။ Nikon D7000 လေးက အရမ်းသုံးလို့ကောင်းပါတယ်ခင်ဗျာ။ ကျွန်တော်က Auto ထက် Manual ရိုက်ရတာပိုကြိုက်ပါတယ်ခင်ဗျာ။ ဒါပေမယ့် မှာလောလောဆယ် Aperture ရယ်၊ Focus ရယ် ISO ရယ်လောက်ပဲ ချိန်တတ်ပါသေးတယ်။ အစ်မပြောသလိုပဲ တဖြည်းဖြည်းတော့ လက်ရည်တက်လာမယ်လို့မျှော်လင့်ရတာပါပဲ။ Canon က Movie ရိုက်ရင် Nikon ထက်အများကြီးသာလို့ Canon ကိုလည်းကြိုက်ပါတယ်။ အစ်မက Canon ဘယ် Model ကိုသုံးနေတာလဲဟင်။

မြသွေးနီ<< ဟား ဟား ဟား အစ်မကတော့လုပ်ပြီ၊ အိပ်ယာက သူ့လောက်မလှမှန်းသိလျက်နဲ့ လူဆိုး။ ခစ်ခစ်။ လာအားပေးလို့ကျေးဇူးပါခင်ဗျာ။

ဒုတိယလူ<< ဗျာ!! ဘယ်မှာတုန်း အစ်ကိုဒုရဲ့ ဘုရားကျောင်းမှာတော့ မဟုတ်လောက်ပါဘူးနော်။ နောက်ပါနဲ့ဂျာ။ ငရဲကြီးကုန်ပါ့မယ်ဗျာ။

mstint<< ဟုတ်ကဲ့ အန်တီတင့် ရေ။ ကျွန်တော်လည်း ခရီးသွားရတာ အရမ်းကြိုက်ပါတယ်ခင်ဗျာ။ လာအားပေးလို့ အရမ်းအရမ်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။ အန်တီတင့် လည်း ကျန်းမာချမ်းသာပါစေခင်ဗျာ။

mabaydar said...

8yar လောက်တော့ ကင်မရာနောက်ဆုံးပေါ်ကြီး မဟုတ်ပါဘူး... လွန်ခဲ့တဲ့ ၃ နှစ်လောက်က ၀ယ်ထားတာ... canon 400D ပါ.. ဗွီဒီယိုရိုက်လို့ရဘူး... ဗွီဒီယိုရိုက်ဖို့ ဗွီဒီယိုကင်မရာ HD တစ်လုံး ဟိုတစ်လောက ထပ်ဝယ်ဖြစ်တယ်...