Saturday 14 January 2012

တစ်နေ့တာ (Tag)



မင်္ဂလာပါခင်ဗျာ။ ဒီ Post လေးကကျွန်တော် တရင်းတနှီး သမံစီးလို့ခေါ်ရတဲ့ သမီးစံက အိမ်နီးနားချင်းတွေကို တက်စာလိုက်ကျွေးနေလို့ စားလိုက်ခြင်းပါ။ သတိတရ Tag ပေးတဲ့အတွက် ကျေးဇူးပါ သမီးစံရေ။ ဟုတ်ကဲ့ 8Yarရဲ့ တစ်နေ့တာအင်တာဗျူးလေးကိုစပါရစေ။

အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ
ဖုံးကနှိုးစက်ကိုထပိတ်တယ်။ ပြီးတော့ 15 မိနစ်လောက်ပြန်အိပ်ပါတယ်။ တခါတလေ ခြေလွန်၊ လက်လွန်ဖြစ်သွားရင် မိနစ် 20 လောက်အထိဖြစ်သွားတတ်ပါတယ်။ အဲ့ဒီလိုနေ့မျိုးဆိုရင် ရုံးကားပေါ်ကသူတွေကို တောင်းပန်ရပါတယ်။ ဒါပေမယ့် တစ်ပါတ်မှာ 4ရက်လောက်ပဲတောင်းပန်ရတာပါ။


မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ
တရုပ်စာ၊ ဂျပန်စာ၊ ကိုရီးယားစာ၊ အင်္ဂလိပ်စာ တစ်ခုမှ မကြိုက်ပါဘူး။ အဲ့ဒါကြောင့် အမှတ်စာရင်းထွက်လာတော့ တစ်ခုမှအမှတ်မကောင်းဘူး။ :P.......... လို့..... ဆိုရင် စာလာဖတ်သူတွေကို ထပ် တောင်းပန်နေရမှာ စိုးလို့ ကောင်းကောင်းပဲ ဖြေတော့မယ်နော်။ မနက်စာကို မုန့်ပျစ်သလက်၊ နန်းကြီးသုပ်၊ ကောက်ညှင်းပေါင်းနဲ့ ဘယာကြော်၊ ထမင်းဆီဆမ်းနဲ့ ရွှေလင်ပန်း အဲလေ... ထမင်းဆီဆမ်းနဲ့ ပဲပြုပ်၊ ဆန်ပြုပ်နဲ့ အီကြာကွေး စတာတွေကို ကြိုက်ပါတယ်ခင်ဗျာ။ ဆီကြော်တွေတော့ သိပ်မကြိုက်လှပါ။

လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ...
လောလောဆယ်စားဖြစ်တာတွေက မိုင်လိုနဲ့ ဘီစကစ်၊ မိုင်လိုနဲ့ အီကြာကွေးကို လိုက်သော်လည်းစား၊ မကြိုက်သော်လည်းစားနေပါသည်။

နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ
နေ့လည်စာကို လေယာဉ်ပေါ်မှာ စားရတာမကြိုက်ဘူး၊ သင်္ဘောပေါ်မှာ စားရတာလည်းမကြိုက်ဘူး၊ ရထားစီးရင်း စားရတာမကြိုက်ဘူး၊ ကားစီးရင်း စားရတာလည်းမကြိုက်ဘူး၊........ လို့.... မကြိုက်တာတွေလျှောက်ဖြေနေရင် မေးခွန်းနားမလည်တဲ့သူ ဆိုပြီးစာမေးပွဲချလိမ့်မယ် ထင်တယ်နော်။ အဲ့ဒီတော့ အဖြေမှန်ကိုဖြေပါ့မယ်။ တစ်ယောက်ထဲ၊ ဒါမှမဟုတ် နှစ်ယောက်ထဲဆိုရင် စားပွဲ၊ ကုလားထိုင် ရှိတဲ့နေရာမှာစားရတာ ကြိုက်ပါတယ်။ ဒါပေမယ့် အိမ်သာဘေးက စားပွဲ၊ ကုလားထိုင်မှာတော့ မစားတတ်ပါ။ သူငယ်ချင်းတွေအများကြီးနဲ့ဆိုရင် ဘယ်မှာပဲစားရ စားရ ကြိုက်ပါတယ်။ (မှတ်ချက်။ ။အိမ်သာထဲတော့ဝင်မစားနိုင်ပါ။)

အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ
ဟင့်... ချက်ကျွေးမှာကျနေတာပဲ။ :P ဟီး ဟီး.. နောက်တာ အဲလိုမေးတော့ မဖြေတတ်တော့ဘူး။ အမှန်တော့ ကျွန်တော် 8Yarက အစား၊ အသောက်ကို အဲ့ဒီလောက် မက်မက်မောမောမရှိလှပါဘူး။ တစ်ခါတစ်ခါစားမှ နှစ်ပန်းကန်၊ သုံးပန်းကန်လောက်ပဲ အစာပြေ၊ အကြမ်းပဲစားတတ်တာ။ ဟိဟိ.. ဒါပေမယ့် အမေးရှိတော့ အဖြေရှိရမှာပေါ့နော်။ အလှူပဲဟင်းနဲ့ မြန်မာကြက်ကြော် မနောက်ဘူး၊ အတည်ပြောတာ။

အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ
ကော်ဖီ??? ဟင့်အင်း.. မသောက်ဘူး။ မကြိုက်လို့တော့မဟုတ်ပါဘူး။ နှလုံးတုန်၊ ရင်ခုန် ဖြစ်တတ်လို့။ ကော်ဖီမှမဟုတ်ဘူး လက်ဖက်ရည်လည်း ဒီအတိုင်းပဲ။ သောက်ပြီးရင် ညပါအိပ်မရတတ်လို့ မသောက်ပါဘူးခင်ဗျာ။

ညနေစာကိုဘယ်မှာစားတတ်ပါလဲ
အရင်ကအပြင်မှာ၊ အခုအိမ်မှာ စားပါတယ်။ အရင်အိမ်ရှင်က စလုံးမို့ အချက်၊ အပြုပ် ခွင့်မပြုပါဘူး။ အခု အိမ်ရှင်က ရွှေမြန်မာမို့ ချက်လို့ရလို့ပါ။

ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ
စဉ်းစားခွင့်မရပါဘူး။ အကြောင်းက 8Yar ညီမနဲ့ 8Yar ကောင်မလေးက ဘေးကနေ စက်သေနက်ပစ်သလို စကားတွေပြောနေလို့ပါ။ ဟီး.... သွားပြောရဘူးနော်။ သွားပြောတဲ့သူ ရန်သူ ဒါဗြဲ။ :D

အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
စိတ်ညစ်တယ် အမြဲနောက်ကျမှပြန်ရလို့။ရုံးဆင်းချိန်က 5:30 pm တကယ်ပြန်ရတာက 6:00 နာရီ ကျော်၊ တစ်ခါတလေများဆိုရင် 7:30 ထိလုပ်ရတတ်တယ်။ မနက်ဆိုရင်လဲ ရုံးတက်ချိန်ထက် နာရီဝက်လောက်စောပြီးတက်ရတယ်။ Over Time လဲမရဘူး။ :(

အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
အိမ်ရှင်တွေ့ရင် အိမ်ရှင်ကိုနှုတ်ဆက်တယ်။ အိမ်သားတွေကိုတွေ့ရင် တစ်ခုခုလှမ်းပြောဖြစ်တယ်။ အများဆုံးပြောဖြစ်တာက ဟင်းတွေနွှေးပြီးပြီလား??

ဒုတိယလုပ်မိတာလေး..
ရုံးလွယ်အိပ်ချပြီး အိမ်နေရင်း အဝတ်စားလဲပါတယ်။ ဧည့်သည်ပါလာရင်တော့ အဲ့ဒါတွေမလုပ်ပါဘူး။ တခါတလေ သူငယ်ချင်းတွေပါလာရင် အပြင်ပြန်ထွက်တတ်လို့ပါ။

ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
ဟင့်အင်း မနက်သောက်ရင်တောင် ညအိပ်မပျော်တာ ညသွားသောက်လို့ကတော့ Candy ကိုအဖော်လုပ်သလို ဖြစ်သွားမှာပေါ့။ :P ဟတ်ဟတ်

ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
စောင်တစ်ခြမ်းကို ခြေထောက်အောက်မှာ သေသေခြာခြာဖြန့်ခင်းတယ်။ နောက်တစ်ခြမ်းကို ခြုံတယ်။ 8Yar ကခြေထောက်အောက်မှာစောင်မရှိရင် အိပ်မပျော်တတ်လို့ပါ။ ဘယ်ကရတဲ့ အကျင့်ဆိုးလဲမသိပါ။ :P

အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ
Blog ထဖတ်တယ်၊ Blog ရေးတယ်။ ဒါပေမယ့် အိပ်မပျော်တာရှားပါတယ်။ ငယ်ငယ်ကတော့ အိမ်အပြင် ဝရံတာကိုထွက်ပြီး လေညင်းခံရင်း ငြိမ်သက်နေတဲ့ အရာတွေကို စိတ်အေးလက်အေးလိုက်ကြည့်တတ်တယ်။ အခုကြီးလာတော့ မလုပ်ရဲတော့ဘူး။ သရဲနဲ့ရဲ ကိုကြောက်လို့။

တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ
တစ်နေရာရာမှာ သွားထိုင်ပြီး လျှောက်စဉ်းစားပါတယ်။ ဘာတွေလဲတော့ မသိဘူး။ ရှုပ်ရှပ်ခပ်နေအောင် စဉ်းစားပါတယ်။ အဆင်ပြေလားဆိုတော့ မပြေပါဘူး။ ပြီးရင် သူငယ်ချင်းတွေဆီလျှောက်သွားပါတယ်။ နောက်ဆုံး တော့ ဇွတ်အတင်းမေးတဲ့ သူငယ်ချင်းတစ်ယောက်ယောက်ကို ပြောပြလိုက်ပြီးမှ ရင်ထဲပေါ့ပြီး အစဉ်ပြေသွားတတ်သူပါ။

အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
ဖုံး၊ သော့၊ ပိုက်ဆံအိတ်၊ နာရီနဲ့ ခါးပတ်။ အဲ့ဒါတွေကမေ့ကျန်တတ်လို့ အပြင်သွားတိုင်းရွတ်တတ်ပါတယ်။ ပိတ်ရက်တွေဆိုရင် ကင်မရာပါယူတတ်ပါသေးတယ်။

မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ
8Yar တို့မိသားဆုက များများစားစားမရှိပါ။ ပြေးကြည့်မှ သားအမိ၊ သားအဖ 7 ယောက်ပဲရှိတာ :P ဆိုတော့ အားလုံးကိုချစ်ပါတယ်။ ဘယ်လောက်တောင်ချစ်သလဲဆိုတော့ အဆိုးဆုံးညီမကိုတောင် ချစ်ရတာဆိုတော့၊ အလိမ္မာဆုံး ညီမကိုဆို မပြောနဲ့တော့ပေါ့။

သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ
ချစ်သော လဲ့ရီလေးပါ။

အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
အမှန်တိုင်းပြောမယ်။ စိတ်မဆိုးနဲ့ တစ်ယောက်မှ မရှိဘူး။

ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
လောလောဆယ် Nikon D7000 ကင်မရာ ဟီး.....

လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
8Yar ကောင်မလေးရဲ့ လက်ဖြစ် ဝက်ဝံရုပ်လေး။

ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
ပြောပြန်ရင်လည်း အစ်မ Jas တို့နဲ့ တစ်ဂိုဏ်းထဲဖြစ်အုံးမယ်။ မပြောပြန်ရင်လည်း လျှိုတယ်ထင်အုံးမယ်။ မေးတဲ့ မေးခွန်းကိုက မဖြေတတ်ရင် ဒုက္ခရောက်ပြီသာမှတ်။ ခစ်ခစ်... :P နောက်တာ
ပတ်သက်ဖူးတဲ့သူတွေ ဆိုတော့ မိသားစုဝင်တွေကို မေးတာမဟုတ်ဘူးလို့ထင်ပါတယ်။ အပြင်လူတွေထဲမှာတော့ 8Yar ရဲ့ချစ်ရသူလေးပေါ့။

အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
ကျောင်းတက်ချင်ပါတယ်။ MBA လိုဟာမျိုးကိုတက်ချင်တာပါ။ ဒါပေမယ့် မတက်နိုင်သေးပါဘူး။ ဈေးအပေါဆုံးကျောင်းရဲ့ ကျောင်းလခက S$ 20,000 ပါတ်ဝန်းကျင်လောက်ရှိနေလို့ပါ။

ဒီလောက်ဆိုရင် သမံစီးနဲ့အတူ Blog မောင်နှမတွေလည်း 8Yar ရဲ့ အကျင့်ဆိုးတွေကိုသိလောက်ရောပေါ့နော်။ Tag တော့မလုပ်တော့ပါဘူး။ မအားတဲ့ အစ်ကို၊ အစ်မတွေကျွန်တော့ အတွက်နဲ့ အလုပ်ရှုပ်ကုန်ကြမှာဆိုးလို့ပါ။

အားလုံး ဆန္ဒနဲ့ ဘဝ တစ်ထပ်ထဲရှိကြပါစေခင်ဗျာ။

8Yar

14th Jan 2012

10 comments:

Anonymous said...

ရုံးကားကို.တစ်ပတ်လေးရက်ပဲတောင်းပန်ရတာ
နည်းတာပေါ့.ကိုအိပ်ရား)
မောင်နှမကခုနှစ်ယောက်တောင်ဆိုတော့
သမံစီးက.မောင်တစ်ယောက်ပေးမယ်လေ
မိသားနှစ်စုပေါင်းပြီးရွာတည်လိုက်မယ်.မကောင်းလား:P

ပျော်စရာတစ်နေ့တာလေးပါပဲကိုအိပ်ရား)
ချမ်းမြေ့ပျော်ရွှင်ပါစေရှင်

Unknown said...

အကြိုက်ချင်း တူနေပြီ ကို8yar ရေ
ကျွန်တော်မှာလည်း.canon .X3 ကင်မရာတစ်လုံး
ဂျပန်က အော်ဒါ လှမ်းမှာထားတာ ဟီး..
အခွင့်ကြုံလို့ ကြွားသွားတာ.း)
ခင်မင်လေးစားလျှက်

(ဒုတိယ)

Anonymous said...

ဟုတ်

Anonymous said...

ဖတ်သွားပြီကိုကိုအိပ်ရာ ပျောက်နေပါလားဗျ

mstint said...

တစ်နေ့တာတဂ်ပို့စ်လေးကိုဖတ်သွားပြီ မောင်8Yar ရေ။
မောင်8Yar ရဲ့လတ်တလောအဖြစ်ချင်ဆုံးဆန္ဒလေး အကောင်အထည်ဖေါ်နိုင်ပါစေလို့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

ချစ်ရပါသော လဲ့ရီလေးနဲ့အမြန်ဆုံးနီးစပ်နိုင်ပါစေ
သဂျီးတို့ကြောင်ဖြူရှင်တို့အားကျပြီးလူပျိုကြီးမလုပ်နဲ့
အထီးကျန်နေမယ်နော်
စာရေးတာကလဲငါ့ကိုလဲဆွဲထဲ့လိုက်သေးတယ် ဟွင်းပြေချင်ဘူးနော်

Candy said...

သင်္ဘောပေါ်တို့ လေယာဉ်ပေါ်တို့မှာ မစားနိုင်လို့ မကြိုက်တာမလား ဟားဟားဟား
ဖြေပုံတွေက ဟိုကွေ့ ဒီပတ် ဟိုလူ့ကို ထိချင် ဒီလူ့ကို ထိချင်နဲ့နော်... ကြည့်လုပ် :P

8Yar said...

သမံစီး<< ဟား ဟား ဟား ဟား မောင်နှမက ၅ ယောက်ထဲပါဗျ။ မိဘနှစ်ပါးပါပေါင်းတော့ ၇ယောက်ပေါ့။ ကောင်းတယ် ရွာမတည်ဘူး မြို့တည်မယ်ဂျာ။ ခစ်ခစ်....

ဒုတိယလူ<< ဟားမိုက်တာပေါ့ဗျာ။ ဂျပန်ကတောင်လှမ်းမှာထားတယ်ဆိုတော့ ငါ့အစ်ကိုတော်တော် လျှံနေတယ်ထင်တယ်။ မုန့်လိုက်ကျွေးခိုင်းအုံးမှ။ ဟာဟ။

အမှတ်တရ နေ့စွဲများ....<< လာအားပေးလို့ကျေးဇူးအစ်ကိုရေ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

မောင်(စွယ်စုံကျမ်း)<< ဟုတ်တယ်အစ်ကိုရေ ဒီရက်ပိုင်း တွေကျဲနေမိတယ်။ ထပ်ကြိုးစားပါအုံးမယ်ခင်ဗျာ။ လာအားပေးလို့ ကျေးကျေးပါခင်ဗျာ။

8Yar said...

mstint<< တောင်းတဲ့ဆုနဲ့ပြည့်ရပါစေခင်ဗျာ။ 8Yar ကို အမြဲဆုတောင်းပေးတဲ့ အတွက်ကျေးဇူးပါ ခင်ဗျာ။ အန်တီတင့် လည်း စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေခင်ဗျာ။

jasmine(တောင်ကြီး)<< ဟုတ်ကဲ့ စကားနားထောင်လျှက်ပါခင်ဗျာ။ ဆုတောင်းပေးလို့ ကျေးကျေးပါခင်ဗျာ။ ဟိဟိ အစ်မ Jas က တလွင်ပြင်ထဲ လွင်ပြင်နေတာကိုး။ သားလဲ တလဲ့ရီထဲ လဲ့ရီချင်တာပေါ့ဂျာ။ အဖော်ရအောင်ဆွဲထည့်လိုက်တာ။ ခစ်ခစ်

Candy<< ဟား ဟား ဟား အကြောင်းသိရင်လဲ တိတ်တိတ်နေတာ ဟုတ်ဘူး။ လျှောက်ဖွနေတယ်။ လမ်းမှာတွေ့မှ ချောင်းရိုက်ပစ်အုံးမယ်။ ကင်မရာနဲ့ပြောပါတယ်။ :P ဟီး.. ဟိုလူကိုထိချင်၊ ဒီလူ့ကို ထိချင် တာက အကျင့်ပါနေလို့ပါဂျာ။

မြသွေးနီ said...

8yarရဲ့ တစ်နေ့တာက စုံနေတာပဲ..။
ဖတ်ပြိး ပြုံးမိတယ်...။