မင်္ဂလာပါခင်ဗျာ။ အရှေ့ Post မှာပြောခဲ့သလို 8Yar တစ်ယောက် 3rd Feb နဲ့ 4th Feb နှစ်ရက်ဆက်တိုက် Pit Building မှာကျင်းပတဲ့ Chingay ပွဲတော်ကို ပြေးခဲ့ပါတယ်။ 3rd Feb နေ့ဖြစ်တဲ့ ပထမရက်မှာ ရိုက်တဲ့ပုံတွေက shutter speed ကိုမှားချိန်မိလို့ ပုံပေါင်း 699 File လုံးလုံး မဝါးတဲ့ပုံ မရှိသလောက် ဖြစ်ခဲ့ရပါတယ်။ 4th Feb မှာတော့ အစ်ကိုဖြစ်သူ
KyawZO လည်းပါ၊ သူငယ်ချင်းဖြစ်သူ ကျော်ကြီးလည်းပါတော့။ ဆရာနှစ်ဆူ အားကိုးနဲ့ အကောင်းဆုံးတော့ကြိုးစားလာခဲ့ပါတယ်။
ကဲ.... စမယ် မူးတတ်တဲ့သူပါရင် ကျွတ်ကျွတ်အိတ်လေး ဆောင်ထား၊ လန့်တတ်တဲ့သူပါရင် စောင်လေးယူထား ပေါ့ဗျာ။ ဟီး....

ပွဲမစခင် မြင်ကွင်း။

အချို့လဲ ဒီလို အားပေးကြပါတယ်။ အလယ်က ကလေးကတော့ ခြင်ထောင် အမှတ်ဖြင့်.....

လာပါပြီခင်ဗျာ ပထမဆုံး အဖွဲ့။ ဗိုလ်အောင်ဒင်အလား ထင်မှားလောက်ပေတယ်။

ဆော့စရာရှားလို့ မီးကိုမှ သွားဆော့ရသလား ဦးရယ်။

နဂါးကိုးကောင် မဟုတ်တဲ့ နဂါးသုံးကောင်ကား။

နတ်တွေဆိုတော့ မြေကြီးနဲ့ မထိအောင်လမ်းလျှောက်ကြတယ်။

နဖူးပြောင်တဲ့ ဦးမောင် နတ်များ။

ဒီဟာကတော့ မြင်တဲ့ အတိုင်း တချို့က ပါးစပ်နဲ့ ကိုက်ပြီး ထိန်းတယ်၊ တချို့က နဖူးပေါ်တင်ပြီး ထိန်းတယ်၊ တချို့က ပုခုန်းသုံးပြီး၊ တချို့က ဗိုက်ပေါ်တင်ပြီး လမ်းလျှောက်ပြတယ်။ တစ်ယောက် တစ်လှည့်နဲ့ လဲသွားရင် ဘေးကလူတွေက ဝိုင်းထိန်းပေးကြပါတယ်။ ဟိုတစ်ခေါက် 8Yar လဲ တုန်းက ဘယ်သူမှ ဝိုင်းမထိန်းပေးကြဘူး။ ထိန်းမဲ့သူတွေက ကိုယ့်အရင် မူးပြီးလဲနှင့်နေကြလို့။ သောက်လို့မူးတာတော့ မဟုတ်ဘူး။ 8Yar Dance ပြလိုက်လို့ မူးပြီးလဲသွားတာ။ ဟတ်ဟတ်.....။

တော်ချက်က လန်ထွက်နေတာပဲ 8Yar တို့လို အမြင့်ကြောက်တဲ့လူနဲ့တော့ မဖြစ်ဘူး။

ခေါင်းရော ကိုယ်ပါ အမွှေးတိုင်တွေ စိုက်ထားသော မီးနဂါး။

လာပါပြီခင်ဗျာ အစိမ်းရောင် နတ်မိမယ်လေးတွေ။

သူကတော့ အလှပြယဉ်ပေါ်က အလှဆုံး နတ်မိမယ်လေးပါ။ လူပျိုသိုး ဘလော့ဂါ ကိုကိုများ အတွက် 8Yar ရဲ့ လက်ဆောင်မွန်ပါခင်ဗျာ။

ဟင့်အင်း ငါတို့က အသားညိုမှကြိုက်တာ ဆိုတဲ့ ကိုကိုသိုးများအတွက် နောက်ထပ်ရွေးစရာ......။
ခြယ်ထားတာတော့ အတော်သေသပ်ပြီး လှသဗျာ။

8Yar ကိုနှုတ်ဆက်တဲ့ ဂျပန်မလေး။ ရယ်ပြသလား... ငိုပြသလား... မသိတော့ပြီ.......။

8Yar ရဲ့ရိုက်ချက်အောက်မှာ ကားကနဲ။ တခါ တခါ ကိုယ့်ရိုက်ချက်တွေကို ကိုယ်ပြန်ကြောက်မိတယ်။ ဟီး.....

ဪ ကိုယ့် အဝတ်အစားနဲ့ကိုယ် ရှုပ်နေရတယ်လို့ ကွယ်။

ပန်းနီနီ ပေးနဲ့ကွယ် ပန်ချင်ဘူး။

8Yar ကိုကြည့်ချင်တာများ ရိုးရိုးလှည့်ကြည့် လဲရသားနဲ့။

အိုစမာဘင်လာဒင်ရဲ့ညီ အိုဇာတာခင်မာတင် ပါခင်ဗျာ။

မလေး ပုသိမ်သူများအဖွဲ့။

တစ်ပင်တိုင်ထီး အက ဆိုတာများလား.....။

စင်ပေါ်က သူကြီးသားဘစီ ရွာထဲဝင်ကာ သောင်းကျန်းနေသည်။

နောက်ဆုံး အနေနဲ့ မျက်ဝန်းပြာလေးကို တင်ပြရင်း Post လေးကို ရပ်နားပါရစေ။ 8Yar ရဲ့ပုံလေးတွေဟာ စာဖတ်သူနဲ့ ဘလော့ မောင်နှမတွေရဲ့ ဘဝ အမောတွေကို ခေတ္တ ပြေပျောက် လျော့ပါး စေတယ် ဆိုရင်ပဲ 8Yar တစ်ယောက် အရမ်းကြည်နူးမိမှာ အမှန်ပါခင်ဗျာ။
(မှတ်ချက်။ ။ ပုံများကို ပြန် share လိုပါက ပြန် share နိုင်ပြီး၊ ကျွန်တော့ ဆိုက်လေးကိုတော့ ပြန်ညွှန်းပေးပါရန် တောင်းပန်အပ်ပါသည်။)
အားလုံးပျော်ရွှင် ကျန်းမာကြပါစေ။
8Yar
12th Feb 2012