Wednesday 29 February 2012

သိနေပေးပါ။



အဝေးကတိမ်တွေကို ကြည့်တယ်
ရင်ထဲမှာတော့ ဗလာပဲ
သူ့လောက်မှ အမှတ်မကြီးတာ
ဘာကျန်ခဲ့မယ် ထင်လို့လဲ....

ရပါတယ်
ပေးဆပ်သူလို့ ဟစ်ကြွေးနေမှတော့
ငါ့နှလုံးသားပေါ် ဓားလေးတင်ပြီး
ဆွဲခြစ်ခဲ့တာကို ထုတ်မပြတော့ပါဘူး....

ဒါပေမယ့်
မင်း တခါတခါကျတဲ့ မျက်ရည်တွေဟာ
ငါ့နှလုံးသားကို ကျိန်းစပ်စေတယ်ဆိုတာ
မမြင်ပေမဲ့ သိနေပေးပါ....။

8Yar

29th Feb 2012

16 comments:

စံပယ်ချို said...

8 Yar ရေ
တခါတခါကျတဲ့ မျက်ရည်တွေဟာ
ငါ့နှလုံးသားကို ကျိန်းစပ်စေတယ်-------

Candy said...

ထိတယ်ကွာ စာသားတွေက
ကောင်မလေး စိတ်ကောက်နေတာလား ဟိဟိဟိ

8Yar said...

ဟုတ်တယ် အစ်မJas ရေ။ ခံစားချက်ပြင်းတဲ့ သူတွေအတွက်တော့ နာကျင်စေမှာ အမှန်ပါပဲခင်ဗျာ။

8Yar said...

ဟတ်ဟတ်ဟတ် ဟုတ်ပါဘူးဗျာ။ သူကစိတ်မကောက်တတ်ဘူး။ စိတ်ဆိုးရင်သာ ဖက်ကိုက်တတ်တာ။ ဟိဟိ။ :P လာအားပေးလို့ ကျေးကျေးပါ Candy ရေ။

နေ၀သန် said...

မိုက်တယ်ဗျာ... ဒါ 8yar ကောင်မလေးအတွက်ပဲ ဖြစ်ရမယ်.. :P..

ခင်မင်လျက်
နေ၀သန်

ညီရဲ said...

ကဗျာလေးကို ဖတ်ပြီး အရမ်းချစ်တတ်တဲ့ ကောင်လေးပါလားလို့ တွေးမိလိုက်တယ်...

လွင်ပြင်လှိုင်းငယ် said...

ဒါပေမယ့်
မင်း တခါတခါကျတဲ့ မျက်ရည်တွေဟာ
ငါ့နှလုံးသားကို ကျိန်းစပ်စေတယ်ဆိုတာ
မမြင်ပေမဲ့ သိနေပေးပါ....။


အ၇မ်းမိုက်တယ်ဟေ့

ကြယ်ပြာ said...

ကဗျာလေး လာဖတ်သွားပါတယ်။

ဖြိုးဇာနည် said...

ဓါးတစ်လက်ထက်မျက်ရည်က ပို ထိရောက်စွာ

တိုက်စားသွားတာလေးကိုသဘောကျမိတယ်

8Yar said...

ကျေးဇူးပါခင်ဗျာ။ ခံစားတတ်တဲ့လူတိုင်း အတွက်ပါခင်ဗျာ။

8Yar said...

အရမ်းချစ်တတ်တော့ တခုခုဆို အရမ်းခံစားရတယ်ဗျာ။ နောက်ဆို နည်းနည်းလျှော့ချစ်လိုက်မယ်ဗျာ နော်.... :P

8Yar said...

ကျေးကျေးပါ အစ်ကိုလွင်ပြင်ရေ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

8Yar said...

ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ။ နောက်လည်းလာလည်ဖို့ ဖိတ်ပါရစေ။

8Yar said...

ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ။ မျက်ရည်တစ်စက်က ဓားတစ်လက်ထက် အများကြီးပိုအစွမ်းထက်ပါတယ်ခင်ဗျာ။

မိုးဇက် said...

သိပ်မိုက်တယ်ဗျာ ........ အပိုဒ်တိုင်းပြောစရာမလိုအောင်ကို ကောင်းတယ် ၊ တော်တော်ထိတယ်ဗျာ ...... ဒီကဗျာလေးကို တစ်နေရာရာမှာယူသုံးချင်တယ် ခွင့်ပြုပါ ( ဘယ်နေရာလဲဆိုတာတော့ သိလောက်ပါတယ်နော်း)

8Yar said...

ဘယ်မှာသုံးမယ်ဆိုတာတော့ မသိပါဘူးခင်ဗျာ။ ဒါပေမယ့် ခွင့်ပြုပါတယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။