Tuesday 3 April 2012

ကြော်ငြာခြင်း


 ကျွန်တော်လည်း ဒီရက်ပိုင်း  မေတ္တာရှင်ဖောင်ဒေးရှင်း (စင်ကာပူ) အတွက်အလုပ်တွေကူနေရလို့ ကိုယ့် Blog လေးကိုလည့်မကြည့်နိုင်ဘူးဖြစ်သွားပါတယ်။ ကိုယ်တင် အလုပ်ရှုပ်ယုံမကဘူး။ သူငယ်ချင်းဖြစ်တဲ့ Candy ကိုပါအလုပ်ရှုပ်အောင်လုပ်လိုက်သေးတယ်။ ဘာတွေ အလုပ်ရှုပ်နေလဲဆိုတော့  မေတ္တာရှင်ဖောင်ဒေးရှင်း (စင်ကာပူ) အတွက် Blog လေးလုပ်ပေးနေလို့ပါ။ ဟောဒီမှာ သွားကြည့်လို့ရပါတယ်။ အိပ်ယာက မီဒီယာပိုင်းမှာ တာဝန်ယူထားတော့ မီဒီယာနဲ့ပတ်သတ်ပြီးကူရတာပေါ့။ ဟီး ဟီး.. :P  ပြောသာပြောရတယ်။ တကယ်တန်း ဒိုင်ခံလုပ်သွားတာက Candy နဲ့  ကိုကြည်ဇော် တို့က Blog ရဲ့ ဒီဇိုင်းပိုင်း၊ ကင်မရာမန်း ကိုဇော်မင်းထွန်းက ကျွန်တော်ရဲ့ ပီပြင်လှတဲ့ ပဲပင်ပေါက် လက်ရေးတွေကို ပြူးပြဲဖတ်ပြီး မြန်မာစာရိုက်ပေး၊ မလှိုင်ဝင်းလဲ့က အလှူရှင်စာရင်းတွေ အသေအချာပြုစုရင်း တရားမှတ်၊ ကျွန်တော်တို့ အကိုကြီး ကိုအောင်ဝင်းထွဋ်ကလည်း လိုအပ်တာတွေကို ဖုံးနဲ့မှာစား.. အဲလေ...  မှာကြား ရှာပါတယ်။

 နေ့လည်တစ်နာရီ လောက်က စလုပ်လိုက်တာ လေးနာရီလောက်လည်းရောက်ရော ကျွန်တော်တို့  မီဒီယာအဖွဲ့ဝင်အစ်ကိုတစ်ယောက်ဖြစ်တဲ့ ကိုဉာဏ် တစ်ယောက် အသုပ်လေး နှစ်ထုပ်ဆွဲရောက်လာကာ အရက်နဲ့ မြည်းလေသတည်း.. အဲလေ... လက်ဖက်ရည်နဲ့ မြီးလေသတည်း။ :P  ဒီကြားထဲ သူ့မှာ ရန်ကုန်က ချစ်ဇနီးဆီဖုံးဆက်လို့ မရလို့ဆိုပြီး စိတ်ညစ်နေတာများ.. စကားပြောနေရင်းတောင် အဝေးငေးငေးကြည့်တာ... တစ်ခါ တစ်ခါ ကြည့်ရင် နာရီဝက်လောက်ကြာတယ်။ မနည်းလှုပ်လှုပ်ပြီး သတိပေးရတယ်။ သူ့ ကြည့်ပြီး ကိုယ်တောင် အော်ငိုချင်စိတ်ပေါက်သွားတယ်။ ဂယ်ပဲ... ဟိ ဟိ :P

ဒါနဲ့အိပ်ယာ တစ်ယောက် အဲဒီတုန်းက ဘာလုပ်သတုန်း ဆိုတော့။ သူတို့ကိုဘေးကနေ ယက်ခပ်ပေး၊ ရေနွေးငှဲ့ပေးနဲ့ တစ်နေကုန်တာပါပဲ။ ခစ်ခစ်.. :P  Candy အကြောင်းတော့ရေးတော့ပါဝူး၊ ရေးရင် သူက သားအကြောင်းပြန်ရေးမှာဂျ။ ဟီး ဟီး... :P   အဲ့ဒီနေ့က တကယ်ကို တတ်ညီ၊ လက်ညီ လုပ်ကြတာ၊ ည ၈ နာရီလောက်မှ ပြန်ကြတယ်။ မပြန်လို့လည်းမရဘူး။ ဖုံးတွေက တဂွမ်ဂွမ်မြည်နေကြပြီလေ... အိမ်သူ သက်ထားတွေက အခုပြန်မလာရင် ဒီညကင်းတဲမှာသွားအိပ်ပေတော့လို့...  ဆိုလေတော့ စင်ကာပူမှာ ကင်းတဲမရှိတာကြောင့် ပြန်အိပ်ဖို့ ပြင်ကြရတာပေါ့။ ဒါတောင် ကိုဉာဏ်က လူပျိုတွေနေခဲ့ကွာ... ဆိုပြီး သူကနေမလို့ လုပ်သေးတယ်။ ဟတ် ဟတ်.. :D :D  ဒါမျိုး အိပ်ယာကို စမ်းလို့ဘယ်ရမလဲ... ကိုဉာဏ်နော် အစ်မမရှိတုန်း လူပျိုလုပ်မလို့လား?? လို့ တစ်ခွန်းပဲမေးလိုက်တယ် တန်းပြန်သွားပါလေရော။ ဟီး ဟီး ဟီး.... :D :D :D  ကဲ စိတ်လေးတွေ ရွှင်သွားပြီဆိုရင် အောက်က အလှူရှင်စာရင်းလေးကြည့်ပြီး သာဓု ခေါ်သွားကြပါခင်ဗျာ။

3rd Apr 2012 ထိစုစုပေါင်း လှူတန်းငွေ စင်္ကာပူဒေါ်လာ 5872 ရရှိပါကြောင်းပါခင်ဗျာ။ အလှူရှင်စာရင်း အစအဆုံးကို မေတ္တာရှင်ဖောင်ဒေးရှင်း (စင်ကာပူ) ဆိုဒ်မှ ပြန်လည်ကူးယူဖော်ပြပါတယ်ခင်ဗျာ။  မေတ္တာရှင်ဖောင်ဒေးရှင်း (စင်ကာပူ) Blog လေးအတွက် လုပ်အားဒါနလုပ်ကြတဲ့ သူငယ်ချင်းနဲ့ မောင်နှမ အားလုံးကို ဤနေရာမှ လေးစားစွာ ကျေးဇူးတင်ပါကြောင်း အိပ်ယာပြောပါရစေ..။ ဤဒါနကုသိုလ် အပေါင်းတို့ကို နတ်၊ လူ သာဓု ခေါ်စေသောဝ်.....

၂၀၁၂ ခုနှစ် Sembawang သင်္ကြန်အတွက် မေတ္တာရှင်ဖောင်ဒေးရှင်း(စကာင်္ပူ) နှင့် အလှူရှင်များမှ လှူဒါန်းမှု
စဉ်
အလှူရှင်များ
အလှူငွေ ပမာဏ
(စင်္ကာပူဒေါ်လာ)
အလှူငွေလက်ခံရရှိသူ
ကိုဇော်ဝင်းထွဋ်+မနှင်းယုယုဝင်း၊သမီးလေး-အေးချမ်းပွင့်ဖြူ မိသားစု
50
KNA
မဖြူဖြူခိုင်  
20
KNA
ကိုဇော်ဝင်းမြင့်+မတင်ဇာပိုင်
50
KNA
ကိုကျော်ဇေယျဦး
30
MCS
ကိုမျိုးသန့် + မဥမ္မာဋ္ဌေး
30
ကိုရဲမင်းဋ္ဌေး
20
ကိုကျော်လင်း
20
ကိုမြတ်သူရ+မယဉ်သူဇာ
50
ကိုကြည်သာဦး+မနန်းကေသီအောင်
30
၁၀
ကိုဆွေသက်မောင်+မမွှေး
50
၁၁
မမြတ်မွန်သူ
30
၁၂
မဆွေဆွေအောင်
30
၁၃
မဝေေ၀စိုး
30
၁၄
မဇင်မာဝင်းဆွေ
30
၁၅
မထက်ထက်ကျော်
30
၁၆
မရည်မွန်မြင့်
20
၁၇
မချမ်းမြအေး
20
၁၈
မခင်နု
20
၁၉
မသူဇာ
15
၂၀
ကိုကျော်မျိုးသက်+မမေမြဉ္စူ
20
၂၁
မမျိုးမြင့်စန်း
10
၂၂
မဇာခြည်ခိုင်
10
၂၃
ကိုတင်ထက်အောင်+မခင်မေချော
20
၂၄
ကိုအောင်ဝင်းထွဋ်+မတင်တင်ခိုင် (သား) ကျော်ဇင်ထွဋ်
50
KAWH
၂၅
ကိုမင်းမင်းလတ်+မစုအေပရယ်ကျော် မိသားစု
30
၂၆
ဦးအေးကျော်+ဒေါ်မြင့်မြင့်ဦး (သမီး) ဖြိုးရတနာကျော်
30
၂၇
ဦးဝင်းကျော် မိသားစု
50
၂၈
ကပ္ပတိန် ဦးအေးကိုကိုစိုးနှင့် M.T Theresa Tiga မှ သင်္ဘောသားအားလုံး ကောင်းမှု
1,100
။  (925USD)
၂၉
ကိုဝင်းဇော်
30
၃၀
ကိုမင်းအေးချမ်း
30
၃၁
ကိုအောင်ကျော်အုန်း
30
၃၂
ဦးမောင်မောင်တင့်+ဒေါ်ခင်သီလှိုင် မိသားစု
50
၃၃
ဦးရီတင်
50
MCS
၃၄
ဦးဝင်းအောင်
50
၃၅
ကိုတင်မောင်သိန်း
30
၃၆
ကိုသိန်းစိုးဝင်း
30
၃၇
ကိုစန်းနိုင်
30
၃၈
ကိုစိုးကြီး
12
၃၉
ကိုအောင်ထူးဝင်း
18
၄၀
ကိုမြတ်ကျော်သူ
20
၄၁
ကိုသန်းထွဋ်အောင်
15
၄၂
ကိုထွန်းသိန်း
15
၄၃
ကိုကျော်စိန်ဦး
10
၄၄
ကိုအေးကို
15
၄၅
ကိုယဉ်ထွေး
10
၄၆
ကိုကျော်ကျော်ညွှန့်
10
၄၇
ကိုဇော်လင်းအောင်
10
၄၈
ကိုဇာနည်လေးသွင်+မမြတ်စု လှိုင်
45
၄၉
ကိုဖုန်းမြင့်ကျော်+မအင်ကြင်းသန့်
50
၅၀
ကိုလွှမ်းမိုးအေး+မအေးမြနန္ဒာ
20
၅၁
ကိုဇော်ထွန်းလင်း+မအိနုသွေး
10
၅၂
Mr Wan Khin Jimmy Wang + မအေးမာအောင် 
20
၅၃
Mr Lim Kim Song + မခင်ခင်စိုး
20
၅၄
ဦးခင်မောင်အေး
30
MCS
၅၅
မစန္ဒာအောင်
20
၅၆
မစုမြတ်နှင်း
30
၅၇
မသန်းသန်းလှိုင်
15
၅၈
ကိုကျော်မင်းထွန်း+မနှင်းဝေေ၀လွင်
 50
YY
၅၉
အန်တီတင့်
30
၆၀
ကိုအောင်ဇော်မင်း
20
၆၁
ကိုထွန်းဦး
10
၆၂
ကိုနေလင်းဦး
10
၆၃
မသီတာသန်းလွင်
20
၆၄
မခင်ခင်လေး
10
၆၅
မအေးအေး
10
၆၆
ကိုယာမိုးလွင်+မခင်လဲ့ရီ
30
၆၇
ကိုအောင်ချမ်းမွန်+မနေခြည်လင်းရောင်
200
NCLY
၆၈
ကိုစလိုင်းထွန်းလင်းဦး+မတင်ထက်ထက်ဗို
50
၆၉
ကိုအောင်ညီလတ်+မနန်းထိခလိန်း
30
၇၀
မအေးမြတ်သူ
60
၇၁
ကိုသန်းဇော်လွင်+မညိုမီမီလှိုင်
50
၇၂
မလှိုင်ဝင်းလဲ့
10
KNA
၇၃
ကိုတင်ထွန်းအောင်+မမေစန္ဒာ
100
၇၄
ကိုဥာဏ်အေး+မနှင်းဝတ်ရည်(သမီး - နိုရာဆောင်း)
30
၇၅
ကိုမင်းသူရိန် + မလဲ့ရည်ဝင်း (သား-မင်းပြည့်ဖြိုး)
50
MKKW
၇၆
ကိုသိန်းဝင်း+မမြတ်မြတ်စန်း
30
၇၇
မယုဇင်အိ
30
၇၈
ကိုကောင်းကျော်ဝင်း
20
၇၉
ကိုအောင်ကျော်လွင်ဦး
10
MM
၈၀
ကိုဇေယျအောင်
10
၈၁
ကိုမျိုးဇေယျဝင်း
10
၈၂
ကိုသန့်ဇင်ဝင်း
10
၈၃
ကိုဇော်မင်းဦး(Bilcare)
10
၈၄
ကိုညီညီမင်း
10
၈၅
မသော်
10
၈၆
ကိုကြည်ခိုင်
10
MM
၈၇
ကိုမောင်မောင်သန့်ဇင်
10
၈၈
Mr. Ann
2
၈၉
ကိုစိုးသက်ပိုင်
15
၉၀
ကိုမောင်မောင်ဌေး
10
၉၁
ကိုအောင်ဖြိုးဇော်
31
၉၂
ကိုရည်မွန်ကျော်ဇော
27
၉၃
ကိုနေလင်း
10
၉၄
ကိုဇော်လင်းအောင်
5
၉၅
ကိုဇော်ဇော်
4
၉၆
ကိုအောင်ချမ်းမြတ်
2
၉၇
ကိုသန်းစိုး
2
၉၈
ကိုဇင်လင်းဇော်+မသက်မာ
10
KNA
၉၉
မအေးဇာနွယ်
20
KNA
၁၀၀
မမြရည်ညို
50
ACM
၁၀၁
မခိုင်ဇွန်နီနီ
30
ACM
၁၀၂
ကိုဇော်နိုင်နိုင်လွင်
30
KNA
၁၀၃
မ၀င်းယုလွင်
10
ZMH (CANON)
၁၀၄
ဦးဝင်းမောင်
20
၁၀၅
ဦးသောင်းကြည်+ဒေါ်အေးမြိုင်
70
၁၀၆
ကွယ်လွန်သူ သမီးလေး မယ်မဒီဘို အား ရည်းစူး၍ ကိုဇင်ဘိုဘိုစိုး +မဒါလီမြင့်ဆွေ ကောင်းမှု
100
ACM
၁၀၇
ကိုမျိုးသက်လင်း
10
MM
၁၀၈
ကိုစိုးသူ
10
၁၀၉
ကိုသိုက်ထွန်း
10
၁၁၀
ကိုလင်းကျော်သူမောင်
10
၁၁၁
မဆိုင်းခေါန်
20
၁၁၂
ကိုမောင်မောင်
17
၁၁၃
ကိုအောင်မိုးကျော်
10
KZT
၁၁၄
ကိုဇော်သန့်အောင်
25
၁၁၅
ကိုဇော်မင်းထွန်း
25
၁၁၆
ကိုကြည်ဇော်သက်+မရွှန်းလဲ့မေ
50
၁၁၇
ကိုအောင်နိုင်+မအိဝေဖြိုး
20
၁၁၈
မမီမီသန်းဇင်
30
ACM
၁၁၉
ကိုမိုးဝင်းလှိုင်+မဖြူမာအောင်မြင့်
20
၁၂၀
ကိုစိုးမြင့်+မအိအိဖြူ
30
၁၂၁
မ၀င်နီဇွန်ဦး
10
၁၂၂
မခင်သန္တာဝင်း
10
YY
၁၂၃
မသိင်္ဂအေး
10
၁၂၄
ကိုထွန်းထွန်းဝင်း
30
၁၂၅
မမြတ်မြတ်မွှေး
50
၁၂၆
ကိုကျော်သူရ
12
MM
၁၂၇
ကိုအောင်ကိုကို+မဥမ္မာ
50
AKK
၁၂၈
ကိုအောင်ကိုဦး+မနီနီဝင်း
20
၁၂၉
ကိုဇော်လွင်မျိုး+မတင်မိုးဇော်
15
၁၃၀
ကိုအောင်နိုင်ဝင်း
50
၁၃၁
ဦးစိုးလှိုင်+ဒေါ်ခင်ဋ္ဌေးကြည်
10
၁၃၂
ကိုမျိုးမင်းဦး
20
၁၃၃
ကိုမျိုးဝင်း
15
၁၃၄
ကိုသိန်းထိုက်စိုး မိသားစု
30
၁၃၅
ကိုဘိုဘိုဟန်+မရတနာတင်
10
KNA
၁၃၆
ကိုချမ်းပိုင်သူ
10
၁၃၇
မခိုင်ဇာဝင်း(Candy)
10
၁၃၈
ကိုဇော်မင်းဦး+မသဉ္ဖာ
30
MM
၁၃၉
ကိုစောအောင်နန္ဒလင်း + မခင်သန်းဝင်း
30
KZT
၁၄၀
ကိုဘိုဘိုဟိန်း+မမြနန်းဦး
50
KZH
၁၄၁
မနှင်းနုအေး
20
၁၄၂
ကိုဇော်ထက်
20
၁၄၃
မတင်တင်ခိုင်
10
YY
၁၄၄
ဦးကြီးရွှေ + ဒေါ်ခင်သီတာညွန့်တင်
50
KMTY
၁၄၅
ကိုခင်မောင်သန်း
20
၁၄၆
ကိုသန့်င်ထွန်း
50
၁၄၇
ကိုခိုင်မင်းဇော်
50
၁၄၈
ကိုမျိုးသန့်
50
၁၄၉
ကိုလှမျိုးထွန်း + မခိုင်မာလွင် (သမီး- ယွန်းသီရိခင်)
50
၁၅၀
ဦးခင်ထွေး
10
၁၅၁
ကိုရဲထွန်းအောင်
30
၁၅၂
ကိုလင်းနိုင် +မစုစုဖြိုး (သား- ဥာဏ်ဟိန်းထက်)
30
၁၅၃
ကိုစောထွန်း
50
၁၅၄
မမိုးမမကျော်
20
KNA
၁၅၅
မခင်ဖြူစင်
30
KNA
၁၅၆
ဦးရဲမြင့် မိသားစု
200
KAWH
၁၅၇
ဦးခင်မောင်ထွေးမိသားစု
50
၁၅၈
ဦးပိုင်စိုး+ဒေါ်ခင်မြသန်း မိသားစု
50
၁၅၉
ဦးမြင့်သိန်း မိသားစု
30
၁၆၀
မတင်မြင့်သူ
15
AKK
၁၆၁
မအေးအေးမွန်
10
YY
၁၆၂
ကိုနေဇော်အောင်
50
KNA
၁၆၃
ကိုအောင်ကျော်လွင်
50
KZH
၁၆၄
ကိုထင်ကျော်လင်း
50
၁၆၅
ကိုကျော်ဇင်သန့် 
50
၁၆၆
မတင်တင်လွင်
50
၁၆၇
ကိုတင်ထူးလွင်+ မနန်းမ္မာဝင်း
10
MSD

ဤသို့ပြုရသော ကုသိုလ်ကံစေတနာတို့ကိုကျွန်တော်များ မေတ္တာရှင်ဖောင်ဒေးရှင်းစင်္ကာပူ အဖွဲ့မှ သာဓု သာဓု သာဓု.... ခေါ်ဆိုရင်း အလှူရှင်များအားလုံး ယခုဘဝမှာပင် ရေလို အေးမြ ကြည်လင်ကာ ရေအကျိုး(၁၀)ပါး မတောင်းပဲပြည့်စုံပြီး နိဗ္ဗာန်သို့ လွယ်ကူ၊ လျှင်မြန်စွာ ရနိုင်၊ ရောက်နိုင်ကြပါစေ လို့ဆုမွန်ကောင်းတောင်းပါသည်ခင်ဗျာ။

အလှူငွေကောက်ခံပေးကြသော ကျွန်တော်တို့ အဖွဲ့ဝင် ညီအစ်ကို၊ မောင်နှမများကိုလည်း ကျွန်တော် မှ ရိုသေစွာ ကျေးဇူးတင်ရှိပါကြောင်းပြောကြားပါရစေ။ စာဖတ်သူအပေါင်းလည်း ဝမ်းမြောက်၊ ဝမ်းသာ သာဓုအနုမောဓနာခေါ်ဆိုနိုင်ကြပါစေခင်ဗျာ။

8Yar

3rd Apr 2012

5 comments:

Candy said...

နာ့အကြောင်းရေးလို့ကတော့ ပြန်ရေးမှာဗျ.. ဟွင်းဟွင်း
သာဓု သာဓု သာဓု :D :D

ဟန်ကြည် said...

လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ပါသဗျား...ဒီကြားထဲမှာ လင့်ခ်ရှာမတွေ့လို့ အရောက်အပေါက်နည်းနေတာ တောင်းပန်ပါရစေဦးဗျား...

8Yar said...

Candy<< ဟွင်း ဟွင်း ဟွင်း တိနေတယ်... :P လာအားပေးလို့ ကျေးကျေးပါခင်ဗျာ။ တားလည်း Blog နှစ်ခုနဲ့ လုံးပါးပါးတော့မှာပဲ။ ကူပါအုံး Candy ရယ်... :(

ဟန်ကြည်<< မလုပ်ပါနဲ့ ဆရာဟန်ရယ်။ ကျွန်တော်လည်း တော်တော် မအားတာကြောင့် Post အသစ်မတင်နိုင်ဘူးဖြစ်နေပါတယ်ခင်ဗျာ။ Sorry ပါ။ လာအားပေးလို့ကျေးဇူးပါခင်ဗျာ။ :)

mabaydar said...

ခုလို ကုသိုလ်ရေးတွေကို ကိုယ့်အချိန်ပေးလုပ်နိုင်ကြတာကို သာဓု သာဓု သာဓုပါနော်...
အလှူငွေစာရင်းက အားရစရာပဲ.... ရေလှူတာလား... ရေတော့ သောက်လိုက်ရတယ်... ကျေးဇူး

ရင်ဆူး said...

ကုသိုလ်ရေးတွေလုပ်နေတဲ့8yar ရေ သာဓု ၃ ကြိမ်ခေါ်သွားပါတယ်ဗျာ...ဒီထက်ဆထက်တဖိုးတိုးပြီး လုပ်နိုင်ပါစေဗျာ....