Thursday, 31 May 2012

ရန်ကုန်သို့ ရောက်ရှိနေခြင်း



မင်္ဂလာပါခင်ဗျာ။ ဒီရက်ပိုင်း 8Yar ပျောက်နေမိလို့ မောင်နှမတွေလည်း စိတ်ပူမယ်၊ စာဖတ်သူများလည်း သို့လော၊ သို့လော ဖြစ်နေမယ်ဆိုတာ စဉ်းစားမိတာကြောင့် ကြိုးစားပြီး ဒီပို့စ်လေးကိုတင်လိုက်ပါတယ်ခင်ဗျာ။ အခု 8Yar တစ်ယောက် ရန်ကုန်ကိုပြန်ရောက်နေပါတယ်။ အစက အလည်ပြန်လာတာဖြစ်ပေမယ့်၊ ရောက်ပြီး တပါတ်ကျော်ကျော်မှာ ရုတ်တရက် ဗိုက်နာလာလို့ ဆေးရုံတက်ပြီး ဗိုက်ကို Operation လုပ်လိုက်ရပါတယ်။ ၊ ဗဟိုစည် ဆေးရုံမှာ ခွဲစိတ်လိုက်တာပါ။

အရင်က အူအတက်ရောင်တာလို့ထင်ပေမယ့် ဒီရောက်တော့ သည်းခြေမှာကျောက်ရှိနေတာကြောင့် ဗိုက်နာတာလို့သိရပါတယ်။ ခုတော့ ဆေးရုံကနေ ရန်ကုန်ကအိမ်ကိုပြန်ရောက်ပြီး အတော်သက်သာနေပါပြီ။ အကူမပါပဲ ကိုယ့်ဟာကိုယ် အိမ်ထဲမှာ ထိုင်နိုင်၊ ထနိုင်၊ သွားနိုင်၊ လာနိုင် လာတာကြောင့် ဒီ Post လေးကိုကြိုးစားပြီး တင်လိုက်ပါတယ်ခင်ဗျာ။

တစ်လနီးပါး Post တွေမတင်နိုင်တာရယ်၊ Blog သတင်းမပေးနိုင်တာကြောင့် တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ 8Yar ရဲ့ပျက်ကွက်မှုတွေအတွက်လည်း အားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ။ Blog မောင်နှမတွေနဲ့ စာဖတ်သူအပေါင်း နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။

အားလုံး ပျော်ရွှင်၊ ကျမ်းမာကြပါစေ။

8Yar

31st May 2012



22 comments:

Thameesan said...

ကိုအိပ်ရာ..
လာလည်ပါလို့မပြောတော့ပါဘူး။
လူနာကနေမှမကောင်းတား))
အမြန်နေကောင်းပါစေနော်..


ခင်မင်လျှက်

မိုးခါး said...

အမြန်ဆုံး သက်သာပျောက်ကင်းပြီး ဖလန်းဖလန်းထနိုင်ပါစေနော် ..း))

စံပယ်ချို said...

ကျန်းမာရေးကိုတော့ဂရုစိုက်ပါ
အရေးကြီးတယ် ကျန်းမာမှ ကိုယ်လုပ်ချင်တဲ့အရာအားလုံးကိုလုပ်လို့၇တယ်လေ

AH said...

အမြန်ဆုံး ပြန်ကောင်းပါစေဗျား....

မဒမ်ကိုး said...

အိပ်ယာေ၇ ခုလိုကြားရတာစိတ်မကောင်းဘူး ဒါပေမယ့်သက်သာသွားပီဆိုတော့တော်သေးတာပေါ့ အမလဲ သည်းခြေမှာကျောက်တည်တာကြာသွားလို့ အသည်းပါရောင်လာပြီး သည်းခြေထုတ်လိုက်ရပါတယ် အစာအိမ်တွေပါထိကုန်တယ် . ဖြစ်နိုင်ရင် သည်းခြေကိုမထုတ်ဘဲ ပန်းသီးတနေ့ငါးလူံးစားတဲ့ကုထုံးနဲ့လုပ်ကြည့်ပါ . တကယ်ကိုကျောက်တွေပျော့ပြီးကျလာပါတယ် သည်းခြေနံရံအရမ်းထူပြီးရောင်ကိုင်းနေရင်တော့မရပါဘူး အမဖြစ်တာ ၈ နှစ်လောက် ကြာသွားတော့ သည်းခြေအိပ်ကြီးက ရောင်ကိုင်းတက်လာတာဘဲ .ဒါကြောင့်ထုတ်ပစ်လိုက်ရတယ် . ဂရုစိုက်ပါ . ပြန်လာရင်သတင်းလာမေးပါ့မယ် အမြန်ဆုံးပြန်လည်သက်သာကျန်းမာပါစေ ။

အမကြီးဒိုးကန်

mstint said...

မောင်8Yar ရေ ကျန်းမာရေးကို ဂရုစိုက်ပါနော်။ ခွဲစိတ်ပြီးစီးသွားလို့ အဆင်ပြေသွားတယ်ဆိုလို့ ဝမ်းသာပါတယ်ကွယ်။ တီတင့်က ပုံမှန် ပို့စ်ရေးတာ ကြဲတယ်လို့ပဲ ထင်နေမိတာ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

အမြန်ဆုံး ပြန်လည် ကျန်းမာ လန်းဆန်းနိုင်ပါစေကွယ်။

မြသွေးနီ said...

တော်သေးတာပေါ့ ရန်ကုန်ရောက်မှဖြစ်လို့..
ဟိုမှာသာဆို ပိုက်ပိုက်တွေ ကုန်လိုက်မယ့်အမျိုး။
8yarတစ်ယောက် အိပ်ယာမှာ ငြိမ်ငြိမ်လေး နေနေရပြီ။
အမြန်ဆုံးနေကောင်းကျန်းမာပါစေသော်ဝ်..။

ဟန်ကြည် said...

ကျန်းမာရေးက အဓိကပါလေ...အာရောဂျ ပရမာ လာဘာတဲ့ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးလို့ ဆိုကြတာကိုး...ကျန်းမာနေရင် ဖွတ်ကလိဒင်္ဂါးတွေ အများကြီး ရမှာလို့ ပြောတာမဟုတ်ဘူး...မကျန်းမာရင် ဖွတ်ကလိဒင်္ဂါးတွေ အများကြီးကုန်မှာလို့ ပြောတာဗျား...ကျန်းမာ လန်းဖြာပြီး ဘေးဘယာဝေးကွာခြင်းကို မကြာချက်ချင်း ရစေကြောင်း ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါသဗျား..

စကားမစပ် ဗဟိုရ်စည်မှာဆိုတော့ ဖွတ်ကလိဒင်္ဂါးအတော်ပါးသွားမယ်ထင်ပါ့...ဒီက အထူးကုဆေးခန်းများကလည်း အထူးရိုက်ဆေးခန်းလို့ နံမည်မပြောင်းရရုံတမည်း)

အိမ်မက်စေရာ said...

အိပ်ယာရေ မြန်မြန် နေကောင်းပြီး အရင်လို ဖလန်းဖလန်း နိုင်ပါစေ...
ရန်ကုန်မှာ ဆိုတော့ ဘာပဲပြောပြော အနားမှာ လူရှိလို့ တော်ပါသေးတယ်..
ကျန်းမာရေးကို ဂရုစိုက်ပါကွယ်...

8Yar said...

Thameesan<< သမံစီးရေ နေကောင်းသွားရင်တော့ ကျောင်းအထိလာလည်မယ်။ ကျွေးဖို့သာပြင်ထားပေတော့။ အခုတော့ လမ်းလျှောက်ရင်တောင် ဗိုက်နာနေတုန်း ဟီး... :P ကျေးဇူးပါခင်ဗျာ။

မိုးခါး<< ဟုတ် ပေးတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ရပါစေ အစ်မမိုးခါးရေ။ :) ကျေးဇူးပါခင်ဗျာ။

စံပယ်ချို<< ဟုတ်ကဲ့ အစ်မ Jas။ အခုမှ စိတ်သွားတိုင်း ကိုယ်မပါဆိုတဲ့စကားကို နားလည်ရပါတယ် ခင်ဗျာ။ :( comment လေးအတွက် ကျေးဇူးပါခင်ဗျာ။

8Yar said...

AH<< ဆုတောင်းပေးတဲ့ အတွက် ကျေးဇူးပါ အစ်ကိုအောင်ထွဋ်ရေ။

မဒမ်ကိုး<< အစ်မဒိုးရေ ပန်းသီးစားဖို့ မမှီတော့ဘူးဗျာ။ ကျွန်တော်လည်း သည်းခြေထုတ်လိုက်ပြီခင်ဗျာ။ :( ကျွန်တော့သည်းခြေလည်း ထူပြီးအလုပ်မလုပ်တော့ဘူးလို့ သိရပါတယ်ခင်ဗျာ။ ကျွန်တော်တို့မောင်နှမ တူသွားတာပေါ့။ :P ဟိ ဟိ Singapore ပြန်ရောက်ရင် အကြောင်းကြားပါ့မယ်ခင်ဗျာ။ ကိုယ့်မောင်လေးကို ပစ်မထားပဲ ဂရုတစိုက်မေးတဲ့ အတွက်ရော၊ ဆေးနည်းတွေပေးပြီး ဆုတောင်းပေးတဲ့ အတွက်ပါ အရမ်း၊ အရမ်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

mstint<< ဟုတ်ကဲ့ တီတင့်ရေ အရင်က Post အတင်ကျဲရတာက ကျန်းမာရေး ချူချာနေလို့ပါ။ အခုနောက်ပိုင်းကြတော့လည်း မေတ္တာရှင်ဖောင်ဒေးရှင်း (စင်္ကာပူ) မှာပါဝင်ကုသိုလ်ယူနေတာကြောင့် အတင်ကျဲရတာပါခင်ဗျာ။ ဟီး.. ဆင်ခြေပေးသလို့ဖြစ်နေပြီ။ ကျွန်တော် သတင်းကြားကြားချင်း Face book မှာရော၊ Blog မှာရော၊ Cbox မှာပါ အသေအခြာ အားပေး ဆုတောင်းပေးလို့ တကယ့်ကို ကျေးဇူးကမ္ဘာပါခင်ဗျာ။ တီတင့် လည်း စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပြီး ကျန်းမာပျော်ရွှင်ပါစေခင်ဗျာ။

8Yar said...

Anonymous<< ဟုတ်ကဲ့ ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ ခင်ဗျာ။ :) ကျေးဇူးပါခင်ဗျာ။

မြသွေးနီ<< ဟုတ်တယ် အစ်မမြသွေးနီရေ။ ဟိုမှာဆို ဒီထက်ပိုကုန်တဲ့အပြင် ပြုစုမယ့်သူမရှိတော့ ပိုဒုက္ခရောက်နိုင်ပါတယ်ခင်ဗျာ။ ရန်ကုန်မှာဆိုတော့ မိဘတွေနဲ့ ညီမတွေရှိတော့ တကယ်ကို အိပ်ယာထဲမှာ ငြိမ်ငြိမ်လေးနေခွင့်ရတာပေါ့။ :P ဆုမွန်ကောင်းလေးအတွက် ကျေးဇူးပါခင်ဗျာ။ အစ်မမြသွေးနီ ဆီလာမတွေ့နိုင်သေးလို့ ခွင့်လွှတ်ပါနော်။

ဟန်ကြည်<<
မှန်လိုက်လေ ဆရာကြည်ရယ်.. ပါးဆိုပြည်တော်ပြန်ဖို့ လေယာဉ်ပျံဖိုးကိုတောင် မယ်တော်ကြီးဆီက ပြန်အလှူခံနေရပါသကောဗျာ။ ဆရာကြည်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကလည်း ကောင်းသဗျာ။ ဆုမွန်ကောင်းလေးကို အသေအခြာတောင်းပေးလို့ အရမ်းကျေးဇူးပါခင်ဗျာ။ ပေးတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ရပါလို၏။

အိမ်မက်စေရာ<< ဟုတ်ကဲ့ ပေးတဲ့ဆုနဲ့ အမြန်ဆုံးပြည့်ပြီး ဖလန်း ဖလန်း ထနိုင်ရပါစေခင်ဗျာ။ ကျွန်တော်လည်း အမြန်ဆုံးကောင်းအောင် ကြိုးစားနေပါတယ်ခင်ဗျာ။ ဆုမွန်ကောင်းလေးအတွက် ကျေးဇူးပါတယ် အစ်မအိမ်မက်ရေ...

မောင်မောင် said...

ညီလေးရေ ဂရုစိုက်နော်။ ကျန်းမာရေးကအဓိကဘဲ။ မြန်မြန်သက်သာပါစေ။

အလွမ်းမြို့ said...

အမြန်ဆုံး ကျန်းမာနေကောင်းပါစေ။
ဆုတောင်းပေးလိုက်ပါတယ်ကွယ်။
ကျန်းမာရေးက အရေးကြီးတာမို့
အထူး ဂရုစိုက်စေချင်ပါတယ်


ခင်မင်တဲ့
အလွမ်း

Candy said...

ဒင်း ပြန်လာမှ တွေ့မယ်...
ဒီမှာ အလုပ်တွေ ရှုပ်နေတယ်နော်.. ဟွင်းဟွင်းးး


ဟိ.. နာ့သယ်ရင်း နေမြန်မြန်ပြန်ကောင်းပြီး ဒီမှာ အလုပ်ရှုပ်နိုင်ပါစေတော် :P

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကျန်းမာချမ်းသာ လန်းဖြာပါစေဗျား
ဘလော့ရွာမှာပျော်ပါစေ

8Yar said...

မောင်မောင်<< ဟုတ်ကဲ့ပါအစ်ကို။ ဆုတောင်းပေးလို့ ကျေးဇူးပါခင်ဗျာ။

အလွမ်းမြို့<< ပေးတဲ့ဆုနဲ့ပြည့်ပါစေခင်ဗျာ။ ဟုတ်ကဲ့ ဂရုလည်းစိုက်ပါ့မယ်ခင်ဗျာ။ ကျေးဇူးကမ္ဘာပါ။

Candy<< ဟွင်းဟွင်းဟွင်း တိလို့ပြန်မလာတာ :P စတာ.. သယ်ရင်းဆီက ကုသိုလ်တွေ လုယူသလိုဖြစ်သွားမှာစိုးလို့ ဟိဟ..ိ ဆုတောင်းပေးလို့ ကျေးဇူးပါသူငယ်ချင်းရေ။ သူငယ်ချင်း ကုသိုလ်တွေကို သာဓု၊ သာဓု၊သာဓု ခေါ်ပါတယ်ခင်ဗျာ။

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)<< ပေးတဲ့ဆုနဲ့ပြည့်ပါစေကိုကြီးကြိုင်ရေ။ ကျေးဇူးပါခင်ဗျာ။

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

ကြယ်ပြာ said...

8Yar အမြန်ဆုံးနေကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။

Anonymous said...

r u ok

richelle co said...

Hi, Very Interesting post you have here... It would be my pleasure if you visit my website too. Here's the link http://motors.com.mm/?utm_campaign=mot_mm_lb_blog_riche&utm_source=mot_lb_blog