Tuesday 21 February 2012

အမှားရဲ့ တံလျှပ်



တနေ့က
အိမ်မက်တွေ မက်တယ်။
ငါ့ဆီမှာ
ဆူးရှတဲ့ ကြယ်တွေ ရှိတယ်တဲ့....

တနေ့က
စိတ်ကူးတွေ တက်တယ်။
ငါဟာ
ကျဉ်းမြောင်းတဲ့ စကြာဝတေးမင်းတဲ့....

တနေ့က
ချစ်သူက ပြောတယ်။
နင်ဟာ
ပုံသဏ္ဍာန်မမှန်တဲ့ ကျောက်ဆောင်တဲ့....

တနေ့က
လောကကြီးက ပြောတယ်။
အမှန်လေးရှိရင်
ခဏပြပါတဲ့.....

အဲ့ဒီနေ့ကပဲ
ကျွန်တော်...
အမှားတွေအများကြီး ထုတ်ပြမိလေရဲ့....။

(မှတ်ချက်။ "ဆူးရှ" သည် စူးရှ ခြင်း အဓိပ္ပါယ်မဟုတ်သောကြောင့် ဆလိမ်ဖြင့် သက်သက် "ဆူး" ထားခြင်းဖြစ်ပါသည်။)

8Yar

21st Feb 2012

13 comments:

AH said...

အဲ့ဒီနေ့ကပဲ
ကျွန်တော်...
အမှားတွေအများကြီး ထုတ်ပြမိလေရဲ့....။

ဒီကဗျာလေးကို အရမ်းကြိုက်၏

ကိုရင် said...

ဒီနေ့
ကိုရင်က ပြောတယ်
မင်းဟာ တစ်ပုဒ်ရေးပြီး
တစ်လပျောက်တဲ့ ကောင်ပဲ ။:D

ညီရဲ said...

ကဗျာလေးက ဖတ်လို့ ကောင်းလိုက်တာ...

စံပယ်ချို said...

8ယာရေ
စာကလုံးသုံးထားတာတွေမြင့်လာပြီနော်
အတော်ကောင်းတဲ့ကဗျာပဲ
ခင်တဲ့ sis jasmine

နန်းယု said...

အိပ်ယာရေလာလည်သွားတယ်
အော်- အပေါ်ကအပုန်းကြီးကဒီရောက်နေတာကိုး

ဟန်ကြည် said...

စကြ၀တေးမင်းက ဘာဖြစ်လို့ ကျဉ်းမြောင်းရတာလဲ အိပ်ယာရယ်...အတွေးနောက်ကို အတော်လိုက်ပြီး စဉ်းစားယူလိုက်ရတယ်...

မြသွေးနီ said...

ရောက်ခဲ့တယ် မောင်8yar...

8Yar said...

Aung Htut<< အားပေးသွားလို့ ကျေးဇူးပါအစ်ကိုအောင်ထွဋ်ရေ။ အစ်ကိုတို့ ကြိုက်တယ်ဆိုလို့ ပီတိဖြစ်ရပါတယ်ခင်ဗျာ။

ကိုရင်<< ဟီး ဟီး ဒီနေ့ 8Yarက ထပ်ပြောပါမယ်။ တစ်ပုဒ်ရေးပြီး တစ်လမပျောက်အောင် ကြိုးစားပါ့မယ်ခင်ဗျာ။

ညီရဲ<< ကျေးကျေးပါ ညီရဲရေ။ Post အကြွေးတွေနောက်မှ ဆပ်တော့မယ်နော်။

8Yar said...

jasmine(တောင်ကြီး)<< ဟီး ရှဲရှဲပါ။ မြှောက်ပြောမှန်းသိပါတယ်နော်။ အမှန်တော့ ကျွန်တော်ရင်ထဲမှာရှိတာကို ချပြတာပါခင်ဗျာ။

နန်းယု <<ဟုတ် နောက်လည်းလာလည်ပါနော်။ ဟိုက်!! ဒူတုန်း အပုန်းကြီး ဆိုတာ။ :P

ဟန်ကြည် << ဟုတ်ကဲ့။ စကြ၀တေးမင်း ဆိုတာ အလွန်ပဲ ကြီးကျယ် မြင့်မြတ်ပါတယ်ခင်ဗျာ။ ကျွန်တော်ဟာ အပြင်က တကယ့် စကြ၀တေးမင်း မဟုတ်တဲ့ ရိုးရိုးသာမန်လူ ဖြစ်လေတော့ အတ္တတွေ တစ်လှေကြီးရှိနေတာကြောင့် ကျဉ်းမြောင်းတဲ့ စကြာဝတေးမင်း လို့သုံးလိုက်တာပါခင်ဗျာ။ ကျွန်တော့ အတွေးတွေ လွဲမှားနေရင် ခွင့်လွှတ်ပေးပါခင်ဗျာ။

မြသွေးနီ << ကျေးဇူးပါ အစ်မမြသွေးနီရေ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

ပန်းချီ said...

8Yar ရေ..လင့်ခ်ယူသွားပါရစေနော်။ ကဗျာကလေး လှတယ်း)

ရင်ဆူး said...

ကဗျာလေးမိုက်တယ်....အားပေးသွားတယ်နော်........

8Yar said...

ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ။

8Yar said...

ကျေးဇူးတင်ပါတယ် အစ်ကိုရေ။