မင်္ဂလာပါခင်ဗျာ။ အရှေ့ Post မှာပြောခဲ့သလို 8Yar တစ်ယောက် 3rd Feb နဲ့ 4th Feb နှစ်ရက်ဆက်တိုက် Pit Building မှာကျင်းပတဲ့ Chingay ပွဲတော်ကို ပြေးခဲ့ပါတယ်။ 3rd Feb နေ့ဖြစ်တဲ့ ပထမရက်မှာ ရိုက်တဲ့ပုံတွေက shutter speed ကိုမှားချိန်မိလို့ ပုံပေါင်း 699 File လုံးလုံး မဝါးတဲ့ပုံ မရှိသလောက် ဖြစ်ခဲ့ရပါတယ်။ 4th Feb မှာတော့ အစ်ကိုဖြစ်သူ KyawZO လည်းပါ၊ သူငယ်ချင်းဖြစ်သူ ကျော်ကြီးလည်းပါတော့။ ဆရာနှစ်ဆူ အားကိုးနဲ့ အကောင်းဆုံးတော့ကြိုးစားလာခဲ့ပါတယ်။
ကဲ.... စမယ် မူးတတ်တဲ့သူပါရင် ကျွတ်ကျွတ်အိတ်လေး ဆောင်ထား၊ လန့်တတ်တဲ့သူပါရင် စောင်လေးယူထား ပေါ့ဗျာ။ ဟီး....
ပွဲမစခင် မြင်ကွင်း။
အချို့လဲ ဒီလို အားပေးကြပါတယ်။ အလယ်က ကလေးကတော့ ခြင်ထောင် အမှတ်ဖြင့်.....
လာပါပြီခင်ဗျာ ပထမဆုံး အဖွဲ့။ ဗိုလ်အောင်ဒင်အလား ထင်မှားလောက်ပေတယ်။
ဆော့စရာရှားလို့ မီးကိုမှ သွားဆော့ရသလား ဦးရယ်။
နဂါးကိုးကောင် မဟုတ်တဲ့ နဂါးသုံးကောင်ကား။
နတ်တွေဆိုတော့ မြေကြီးနဲ့ မထိအောင်လမ်းလျှောက်ကြတယ်။
နဖူးပြောင်တဲ့ ဦးမောင် နတ်များ။
ဒီဟာကတော့ မြင်တဲ့ အတိုင်း တချို့က ပါးစပ်နဲ့ ကိုက်ပြီး ထိန်းတယ်၊ တချို့က နဖူးပေါ်တင်ပြီး ထိန်းတယ်၊ တချို့က ပုခုန်းသုံးပြီး၊ တချို့က ဗိုက်ပေါ်တင်ပြီး လမ်းလျှောက်ပြတယ်။ တစ်ယောက် တစ်လှည့်နဲ့ လဲသွားရင် ဘေးကလူတွေက ဝိုင်းထိန်းပေးကြပါတယ်။ ဟိုတစ်ခေါက် 8Yar လဲ တုန်းက ဘယ်သူမှ ဝိုင်းမထိန်းပေးကြဘူး။ ထိန်းမဲ့သူတွေက ကိုယ့်အရင် မူးပြီးလဲနှင့်နေကြလို့။ သောက်လို့မူးတာတော့ မဟုတ်ဘူး။ 8Yar Dance ပြလိုက်လို့ မူးပြီးလဲသွားတာ။ ဟတ်ဟတ်.....။
တော်ချက်က လန်ထွက်နေတာပဲ 8Yar တို့လို အမြင့်ကြောက်တဲ့လူနဲ့တော့ မဖြစ်ဘူး။
ခေါင်းရော ကိုယ်ပါ အမွှေးတိုင်တွေ စိုက်ထားသော မီးနဂါး။
လာပါပြီခင်ဗျာ အစိမ်းရောင် နတ်မိမယ်လေးတွေ။
သူကတော့ အလှပြယဉ်ပေါ်က အလှဆုံး နတ်မိမယ်လေးပါ။ လူပျိုသိုး ဘလော့ဂါ ကိုကိုများ အတွက် 8Yar ရဲ့ လက်ဆောင်မွန်ပါခင်ဗျာ။
ဟင့်အင်း ငါတို့က အသားညိုမှကြိုက်တာ ဆိုတဲ့ ကိုကိုသိုးများအတွက် နောက်ထပ်ရွေးစရာ......။
ခြယ်ထားတာတော့ အတော်သေသပ်ပြီး လှသဗျာ။
8Yar ကိုနှုတ်ဆက်တဲ့ ဂျပန်မလေး။ ရယ်ပြသလား... ငိုပြသလား... မသိတော့ပြီ.......။
8Yar ရဲ့ရိုက်ချက်အောက်မှာ ကားကနဲ။ တခါ တခါ ကိုယ့်ရိုက်ချက်တွေကို ကိုယ်ပြန်ကြောက်မိတယ်။ ဟီး.....
ဪ ကိုယ့် အဝတ်အစားနဲ့ကိုယ် ရှုပ်နေရတယ်လို့ ကွယ်။
ပန်းနီနီ ပေးနဲ့ကွယ် ပန်ချင်ဘူး။
8Yar ကိုကြည့်ချင်တာများ ရိုးရိုးလှည့်ကြည့် လဲရသားနဲ့။
အိုစမာဘင်လာဒင်ရဲ့ညီ အိုဇာတာခင်မာတင် ပါခင်ဗျာ။
မလေး ပုသိမ်သူများအဖွဲ့။
တစ်ပင်တိုင်ထီး အက ဆိုတာများလား.....။
စင်ပေါ်က သူကြီးသားဘစီ ရွာထဲဝင်ကာ သောင်းကျန်းနေသည်။
နောက်ဆုံး အနေနဲ့ မျက်ဝန်းပြာလေးကို တင်ပြရင်း Post လေးကို ရပ်နားပါရစေ။ 8Yar ရဲ့ပုံလေးတွေဟာ စာဖတ်သူနဲ့ ဘလော့ မောင်နှမတွေရဲ့ ဘဝ အမောတွေကို ခေတ္တ ပြေပျောက် လျော့ပါး စေတယ် ဆိုရင်ပဲ 8Yar တစ်ယောက် အရမ်းကြည်နူးမိမှာ အမှန်ပါခင်ဗျာ။
(မှတ်ချက်။ ။ ပုံများကို ပြန် share လိုပါက ပြန် share နိုင်ပြီး၊ ကျွန်တော့ ဆိုက်လေးကိုတော့ ပြန်ညွှန်းပေးပါရန် တောင်းပန်အပ်ပါသည်။)
အားလုံးပျော်ရွှင် ကျန်းမာကြပါစေ။
8Yar
12th Feb 2012
10 comments:
8yar ကို ကြည့်တာများ ကောင်းကောင်းမကြည့်ဘူး ဆိုတဲ့ပုံ ကြိုက်တယ်..ဟားဟားဟား သူ့ခမျာ အဲ့လိုကြည့်တဲ့ အထိဖြစ်အောင် 8yar တို့ ဘာလုပ်ပြလိုက်သလဲ မှ မသိတာကွယ်...း)
ဂျာမနီမှာလဲ အဲ့လိုပွဲ မျိုးနဲ့ ခပ်ဆင်ဆင် ရှိတယ်..carnival လို့ ခေါ်တယ်..အဲ့ဒီပွဲမှာက အပြင်က လူတွေပါ လိုက်ဝတ်ကြတာ...
ခင်တဲ့
အိမ်မက်စေရာ
အိပ်ယာတို့ပျောက်နေပါတယ်
အော်ဒီပုံတွေရိုက်နေတာကိုး
မတွေ့ဖူးတာတွေတွေ့ရလို့
ကျေးဇူးပါဗျာ
လူတော်တော်များတာပဲနော်... အိပ်ယာကြောင့် မြင်ဖူးသွားပြီ
ကျေးကျေး :D
သြော် လတ်စသတ်တော့ မလေးမှာတွေ့ခဲ့တာ ဒီလိုပွဲကိုးး ဘာမှန်းကိုမသိပါဘူးအေ
လူတွေကနေကြတာ ကားပေါ်ကမြင်ခဲ့တာ 8ရာတို့လက်သွက်ပုံက တိန်ဆိုရောက်ပြီးသားး))
ခင်မင်လျှက်
မဒိုးကန်
ကုလားမခြေထောက်လေးတွေ
စိတ်ဝင်စားတယ်ဗျိုးးး)
ကိုအိပ်ရာ
ကလေးမလေးတွေက.ချောလှချေလားနော်
ဘလော့ဂါတွေကို.က.ခိုင်းရမှာ :P
ခင်မင်လျှက်
သမီးစံ
လင့်ခ်ပျောက်နေလို့ မရောက်ဖြစ်တာကြာသွားတယ်...ရောက်မယ့်ရောက်တော့လည်း ပုံတွေဝေေ၀ဆာဆာနဲ့ဆိုတော့ အမောကို ပြေပါလေရော...ဒီတစ်ခါတော့ လင့်ပါတစ်ခါတည်း ချိတ်လိုက်ပြီ...
ညီလေး 8 yar အဲ.တာ ဘယ်မှာလည်း မလေးမှာလား ။ ရိုးရာအထိမ်းအမှတ်ပွဲထင်တယ်။
အိမ်မက်စေရာ<< ဟိဟိ ပြောပြဘူး။ အစ်မတို့ ဂျာမနီမှာလို အပြင်ကလူတွေပါ လိုက်ဝတ်လို့ရရင် ပိုပျော်ဖို့ကောင်းမှာနော်။
jasmine(တောင်ကြီး)<< ဟီး အဲလိုပဲ ဆင်ခြေပေးရမှာပဲ။ ကျေးကျေးပါ အစ်မ ရေ နားလည်ပေးလို့။
ဘိုဖြူ<< လာအားပေးလို့လဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Candy<< ဟုတ်တယ် လူအရမ်းများတယ်။ ကိုလည်း ကျေးကျေးပါ။
မဒမ်ကိုး<< ခစ်ခစ် လက်သွက်တာတော့ ပြောမနေနဲ့။ မလေးမှာလဲရှိတယ်လား။ ကြည့်ဖူးချင်တယ်ဗျာ။
သမီးစံ<< ဟား ဟား ဟား ဟား အစ်မသမံစီး အကြံကောင်းတယ်။ ကုလားမခြေထောက်စိတ်ဝင်စားရင် ဝယ်ပြီးပို့လိုက်မယ်ဗျာနော်။ ဟီးအစ်မသမံစီး အကြံကောင်းတယ်။ ကုလားမခြေထောက်စိတ်ဝင်စားရင် ဝယ်ပြီးပို့လိုက်မယ်ဗျာနော်။ ဟီး
ဟန်ကြည်<< ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ။ ဒီတစ်ခါ ပျောက်ရင် မုန့်လိုက်ကျွေးရမယ်။ :P ကောင်းသောနေ့လေးဖြစ် ပါစေခင်ဗျာ။
မောင်မောင်<< မဟုတ်ဘူး အစ်ကို Singapore က Pit Building မှာပါခင်ဗျာ။
Post a Comment