Saturday 17 March 2012

လူနုံ

ဒေါသထွက်ခြင်းသည်
စိတ်ကိုတိုစေ၏။

စိတ်တိုခြင်းသည်
အသက်ကိုတိုစေ၏။

အသက်တိုခြင်းသည်
ဘဝကိုတိုစေ၏။

ဘဝတိုခြင်းသည်
အလုပ်များစွာ မပြီးမြောက်တော့ပေ။

အလုပ်များစွာ မပြီးမြောက်လျှင်
လောက ကောင်းကျိုးမဖြစ်။

လောက ကောင်းကျိုးမဖြစ်လျှင်
အသင်သူသည် လူနုံဖြစ်၏။

ယခု အိပ်ယာ လူနုံဖြစ်နေ၏။ အကြောင်းမှာ စိတ်တိုနေခြင်းကြောင့်ပင်ဖြစ်၏။ ဘယ်သူ့ကို ဒေါသထွက်သလဲ ဟုမေးလျှင် မမေးပါနှင့်ဟု တောင်းပန်ပါမည်။ ဒီနေ့ Orchard Road သွားပါသည်။ Orchard Road ပေါ်မှာ model show လည်းရှိပါသည်။ သို့သော် အိပ်ယာ ကင်မရာပါမသွားပါ။ HANG TEN member ဝင်များ၏ မွေးနေ့လတွင် မူရင်းဈေး၏ 50% off ရှိသည်ဆို၍ အိပ်ယာညီမ အားကိုးဖြင့် အင်္ကျီသွားဝယ်ပါသည်။ သို့သော် အချို့အင်္ကျီများမှာ မူရင်းဈေး၏ 60% လျှော့၍ရောင်းချနေသဖြင့် HANG TEN member ဝင်များထက် 10% သက်သာနေပါသည်။ ထို့ကြောင့် member ကဒ်လုပ်ခြင်းသည် အဘယ်သို့သော အဓိပ္ပါယ်ရှိအံ့။ ဒီနေ့မျက်နှာပေါင်းတင်၏။ အသားညက် မညက်တော့မသိ၊ အိပ်ယာနှာစည်းသွား၏။ တခါမှ မတင်ဖူး၍လော၊ အဝတ်စို အကြာကြီး မျက်နှာပေါ်တင်ထား၍လောမသိပေ။ ခြောက်ကပ်ကပ်နိုင်လှသော အိပ်ယာအိမ်လေးကိုကြည့်၍ မျက်ရည်အစား နှာရည်တတောက်တောက်ကျနေမိသည်။ ဘလော့မောင်နှမများ မခင်၍လော၊ အလုပ်များနေကြ၍လော မသိတော့ပြီ။ :(

စိတ်ရော၊ လူရော နေမကောင်း၍ ရေးချင်ရာ ရေးမိခြင်းဖြစ်ပါသည်။ မည်သူကိုမှထိခိုက်စေလိုခြင်း မရှိပါခင်ဗျာ။

အားလုံးပျော်ရွှင်၊ ကျန်းမာကြပါစေ။

8Yar

17th Mar 2012

19 comments:

မိုးဇက် said...

ဘာကိစ္စပေါင်သွားတင်တာလဲ ......အဲ ပေါင်းသွားတင်တာလဲ မျက်နှာကို

ပဥာက် said...

စိတ်တော့မကျနဲ့မောင်၈ရာ..အဒါလေးကျသွားရင်ပြန်ကောက်ထား..အဒါလေးမရှိရင် မင်းမှာဘာမှမ၇ှိတော့ဘူး

Anonymous said...

member card တွေ လုပ်ပြီး အိမ်မက်တို့ လဲ လုပ်စားခံရပေါင်းများပြီ အိပ်ယာရေ..
မျက်နှာပေါင်းတင်တယ်ဆိုပဲ.. လှချင်တယ်ပေါ့...
လှချင်ရင် နှာစည်းတာတော့ ခံရမှာပေါ့အေ..
ချောက်ကပ်ကပ် အိမ်လေးကြည့်ပြီး နာရည်တောက်တောက်ကျပါနဲ့အေ..ဘလော်ဂါ တွေ လဲ အလုပ်များသကားလား..အိမ်မက်တော့ မကြာမကြာရောက်တယ်နော်...စိတ်ဓါတ်မကျနဲ့ ချမ်းမင်းကို ပြောသလို ဒါလေးပဲ ရှိတား) ..
အိမ်မက်စေရာ

ဟန်ကြည် said...

စာမေးပွဲတွင်းဆိုတော့လည်း အလုပ်က အများသား အိပ်ရာရေ...ပို့စ်တစ်ချို့လွတ်ကုန်တာလည်း တောင်းပန်ရဦးမှာပဲ...ဘလော့ရွာသူရွာသားတွေ အလုပ်များနေကြလို့ အလည်မလာဖြစ်တာနေမှာပါလေ...နှပ်တွေတော့ မချူနဲ့ဦးပေါ့ ဟုတ်လား...

Yin Sue said...

သြော်......ဒီလိုလည်းဟုတ်ပါဘူးလေ.....သယ်ရင်းရယ်.....ကို့အကြောင်းနဲ့ ကိုလို့ဘဲပြောရမယ်....ငါလည်း ညစ်နေတယ်ကွယ်......ဆောရီးပါသယ်ရင်း

mabaydar said...

စိတ်ညစ်ရင် စိတ်တိုရင် မဗေဒါဆို ရုပ်ရှင်ကြည့်ပြီး မကျေနပ်တဲ့ဇာတ်ကောင်တွေကို ဆဲပြစ်လိုက်တာပဲ... အဲဒိနည်း စမ်းကြည့်ပါလား...

8Yar said...

ကျွန်တော့ ကောင်မလေးက ဇွတ်တင်ခိုင်းလို့။ အသားညက်အောင်လို့ လို့ပြောတာပဲဂျ။ အဟင့်။ :'(

8Yar said...

ဟုတ်။ ပြန်ကောက်ထားပါတယ် အစ်ကိုပဥာက်။ လာအားပေးလို့ကျေးဇူးပါခင်ဗျာ။ နောက်ကို 8Yar လို့ပြောင်းခေါ်ပေးပါနော်။ တိန်! ဟီး... နောက်တာ။ :P

8Yar said...

အဟင့် သားကလှချင်ပါဘူး။ လှပြီးသားပဲဟာကို။ သားကောင်မလေးကလှစေခြင်လို့တဲ့။ တိန်! :P အခုတော့ကျတော့ဘူး။ အစ်မတို့ comments ရလို့။ အမြဲလာအားပေးလို့ ကျေးကျေးပါခင်ဗျာ။ :D

8Yar said...

အဟီး... :P အမှန်တော့ ကျွန်တော်နားလည်ပါတယ်ခင်ဗျာ။ မောင်နှမတွေအပေါ် သက်သက်ဆိုးလိုက်တာပါခင်ဗျာ။ မအားတဲ့ကြားက လာအားပေးတဲ့ အတွက် ကျေးဇူးပါ ဆရာကြည်ခင်ဗျာ။

8Yar said...

အစ်ကိုရင်ဆူးရေ ဘာစိတ်ညစ်စရာရှိလဲ ရင်ဖွင့်ပါဗျာ။ ကျွန်တော်တို့ ဘလော့မောင်နှမတွေရှိတာပဲဗျာ။ မျှဝေခံစားကြတာပေါ့။ ညစ်နေတဲ့ကြားက လာအားပေးလို့ ကျေးဇူးဗျာ။

အလွမ်းမြို့ said...

စိတ်တိုရင်လူနုံဆိုလို့ ကိုယ့်ကိုယ်များ စောင်းပြောသလားမှတ်နေတာ။
အလွမ်းမြို့ကလည်း စိတ်တိုမြန် ဒေါသထွက်မြန်ပါ့။
ဒီပိုစ်လေးဖတ်ပြီး နှုတ်ပိတ်ပြန်ခဲ့ရတယ်။


ခင်မင်တဲ့
အလွမ်းမြို့

8Yar said...

ဟုတ်... စမ်းတော့၊ စမ်းကြည့် ချင်ပါတယ်ခင်ဗျာ။ ဆဲတော့မဆဲရဲ့ဘူး။ ဆူတာလောက်တော့ ဖြစ်မယ်ထင်တယ်ခင်ဗျ။ :P လာအားပေးလို့ ကျေးဇူးပါ အစ်မဗေဒါရေ။

8Yar said...

ဟာဗျာ မဟုတ်ရပါဘူးဗျာ။ ကျွန်တော် ကိုယ့်ဟာကိုယ် ပြန်ဆုံးမတာပါခင်ဗျာ။ လာလည်လို့ ကျေးဇူးပါခင်ဗျာ။ :)

အဖြူရောင်နတ်သမီး said...

အိပ်ယာကို မခင်၍မဟုတ်ပါ..
ဘလော့ဂ်ကာ အကို အမများ FB တွင်အလုပ်များနေကြသောကြောင့် ဘလော့ဂ်ဖက်သို့ မလှည့်အားခြင်းသာဖြစ်ပါသည်..:D

စံပယ်ချို said...

ဒေါသထွက်ခြင်းသည်
စိတ်ကိုတိုစေ၏။)))ဟုတ်သပေါ့ကွယ်
ခင်တဲ့ sis jasmine

8Yar said...

အဟင့်.. ထင်တော့ ထင်သားပဲ။ ဒါပေမယ့် မျှော်ရမဲ့တာဝန်က တာဝန်မဟုတ်လား။ :P လာအားပေးလို့ ကျေးဇူးကမ္ဘာပါခင်ဗျာ။

8Yar said...

ဟီး... နောက်နေသလိုပဲနော် အစ်မ Jas ။ လာအားပေးလို့ ကျေးကျေးပါခင်ဗျာ။ :D

ကြယ်ပြာ said...

အိပ်ယာရေ ...... အစ်မလဲ ခု ဒေါသအရမ်းထွက်နေတယ်။ စိတ်လဲတိုတယ် ဘ၀လဲတိုတော့မယ် လူလဲသတ်ချင်နေတယ်။ မအားတဲ့ ကြားက လာပေါက်ကွဲသွားပါ၏။ ဒ