Thursday 22 March 2012

Chingay (အပိုင်း ၂)

အစကတော့ Chingay (အပိုင်း ၂) ကိုမတင်တော့ဘူးလို့ စဉ်းစားထားတာ။ အကြောင်းက 8Yar ရိုက်ထားတဲ့ပုံတွေကမှောင်တော့ လျှောက်ကလိရင်းကနေ ပုံတွေက ပိုပိုဆိုးလာသလားလို့။ နောက်တစ်ခုက ကိုယ်လိုချင်တဲ့ပုံဆိုဒ်နဲ့ အရေအသွေးကိုတင်လို့မရတာကြောင့် အတော်ပဲစိတ်ညစ်မိပါရဲ့။ ဒါပေမယ့် စာဖတ်သူ တစ်ယောက်စ၊ နှစ်ယောက်စလောက်က Chingay (အပိုင်း ၂) ဘယ်တော့တင်မှာလည်းချည့်မေးမေးနေတော့ ကိုစိတ်တင်းပြီးတင်လိုက်ပါတယ်ခင်ဗျာ။ Chingay (အပိုင်း၁) ကိုတော့ ဒီမှာတင်ထားပါတယ်ခင်ဗျာ။ ပုံကိုအကြီးကြည့်ချင်ရင် ပုံပေါ်ကလစ်နှိပ်ပြီးသာ ကြည့်ပေးကြပါခင်ဗျာ။

NUS အဖွဲ့သားတွေပါ။ သူတို့ အရမ်းကောင်းပါတယ်။


ဒိုင်းညောင့်၊ ဒိုင်းညောင့်.... :P


မည်းမည်းမှောင်မှောင်၊ ပြောင်ပြောင်ရောင်ရောင် ရှိကြပါပေတယ်။


ဟူး ဟူး ဟား..... ဟူး ဟူး ဟား..... ကျွန်တော်လူရိုင်းပါခင်ညာ။ အာဖရိက ကလူဖြူလူရိုင်း အဟိ...


မစဉ်းစားနဲ့ ပြန်ပေတော့ အက...


နာတွ Ladies first တွေရဲ့ အရှေ့က လျှောက်ခွင့်ရတာ။ ဆိုင်းဘုတ်ကိုင်မိုလို့... :P


ချစ်စရာ့ အရွယ် ကလေးငယ်များ


ငတက်ပြားအုပ်စုများလား!!


ကျောင်းတက်ပါဆို ဒီမှာသံဘုံးလာတီးနေတယ်။


လာပြန်ပေ နောက်လူရိုင်းတစ်ဖွဲ့


တို့ရဲ့ကမ္ဘာပေါ်မှာဂြိုလ်သားတွေ၊..... ကျားပေါက်ရဲ့ ဂျိုသားတော့မဟဟုတ်ဘူး စတားဝါးထဲကဂြိုလ်သား :P


အဟိ... 8Yar ကိုရယ်ပြသွားတယ်။ သွားကြီးကိုဖြဲလို့ တိန်! :P


ခန့်တော့ခန့်တယ်၊ ဒါပေမယ့် လူမလေးစားဘူး။ တိန်! :P တားပြောတာ ဓာတ်ပုံထဲကလူကိုပြောတာနော်။ လျှောက်တွေးနဲ့.....


ဪ.... သနားပါတယ်။ အောက်စီဂျင်ပိုက်နဲ့ လမ်းလျှောက်နေရရှာတယ်။.....


ကြည့်စမ်း သူများတွေ စက်ဘီးစီးတာ ဘယ်လောက်ရိုသေလဲ နှစ်ဘီးလုံးချစီးရင် စက်ဘီးနာမှာစိုးလို့ တစ်ဘီးချင်းပဲချစီးတယ်။ ဟွန့်..


တိုက်ကွမ်ဒိုကလေးတွေတော်ချက် ပျဉ်ပြားကို ဂျွန်းပစ်ပြီးခွဲပြသွားတာ။ 8Yar လဲ အရှေ့မှာလာပိတ်နေတဲ့လူရဲ့ခေါင်းကို ပစ်ခွဲချင်စိတ်ပေါက်သွားတယ်။ ဟွင်း ဟွင်း...


လက်ထဲမှာကိုင်ထားတယ်တွေ့လား ပျဉ်ပြားကို။ မနိုင်ရင် ပျဉ်ပြားနဲ့ပလာတာလုပ်မယ် တိန်!


ထမင်းနဲထိုးရအောင်လဲ ဒယ်အိုးမရှိ၊ လှေလှော်ရအောင်လဲ လှေမတွေ့ ဘာလုပ်ကြမှာပါလိမ့်???


တောင်ပံပါရင်မြင်းဆီကို.....


အောက်မှာကနေတာ ရေခူ အပေါ်မှာရပ်နေတာ ပြည်ကြီးငါး နှစ်ခုလုံးပင်လယ်စာ ပြောရင်းနဲ့တောင်ဗိုက်စာလာပြီ အဟီး.... :P

အားလုံးပဲ ကိုယ်ရော၊ စိတ်ပါ ပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ။

8Yar

23rd Mar 2012

10 comments:

မဒမ်ကိုး said...

ငါတော့ အိပ်ယာဓာတ်ပုံထက် အောက်ကရေးထားတဲ့အညွန်းတွေကိုဖတ်ရင်း အူတွေတောင်နာတယ် တော် တော်း)))

mstint said...

Chingay အပိုင်း ၁ပါ ပြန်ဖတ်ပြီး ဗဟုသုတတွေရသွားတယ် မောင်8Yar ရေ။
မဒိုးပြောသလိုပဲ ဓာတ်ပုံတွေနဲ့ စာတမ်းထိုးလေးတွေ အံဝင်ဂွင်ကျရှိလှပါပေတယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

လေ့လာသွားပါတယ် အညွှန်းလေးတွေ အရမ်းကောင်းတယ်

8Yar said...

ဟီး.. ဟီး.. ဟီး... ဟုတ်တယ် လူဆိုး 8Yar ။ သူများက ရုံးမှာအလုပ်လုပ်နေပါတယ်ဆိုမှ :P ဟိ ဟိ လာအားပေးလို့ ကျေးကျေးပါအစ်မဒိုးရေ...

8Yar said...

နှစ်ပိုင်းလုံးတောင် အားပေးသွားတယ်ဆိုတော့ အန်တီတင့်ကို မုန့်လိုက်ကျွေးရမယ်။ ဘာစားမလဲ တီတင့်??။ ဗျာ! မစားတော့ဘူးလား။ ဪဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ။ တိန်! :P

8Yar said...

အမြဲလာအားပေးလို့ ကျေးကျေးပါအစ်ကိုလွင်ပြင်ရေ။ အစ်မ Jas တစ် ယောက်ပျောက်နေတာကြာပြီ နေမှကောင်းရဲ့လားဗျာ။

ရင်ဆူး said...

8ယာရေ....ပုံတွေ အခုမှ လာကြည့်ဖြစ်တာဆောရီးပါ......သူများတွေပြောသလို အညွှန်းနဲ့ပုံ တော်တော်သဘာဝကျတယ်....ရယ်လည်းရယ်ရတယ်....ငါတော့ ဗိုက်နာအောင်မရယ်မိဘူး....မျက်ရည်လေးဘဲ ထွက်သွားတယ်.....အညွှန်းထဲမှာ ပင်လယ်စာ ကို စားချင်တယ်...ဟီး

8Yar said...

ဪ.... ဖြစ်မှဖြစ်ရလေ အစ်ကိုရင်ဆူးရယ်။ :P မျက်ရည်သုတ်ပေးမဲ့သူရော ရှိရဲ့လားဗျာ။ တကယ့် ပင်လယ်စာကတော့ ကျွေးဆိုကျွေးပါ့မယ်ခင်ဗျာ။ တခြားဟာတော့ တတ်နိုင်ဝူး။

မောင်သီဟ said...

ထူးထူးဆန်းဆန်းပွဲတော်ပဲ
မြန်မာပြည်မှာရှိရင် တို့လည်းပွဲတော်နွှဲမယ်

8Yar said...

ဟုတ်တယ်။ ကျွန်တော်လည်း နှစ်ခါပဲကြည့်ဖူးတာ။ လာအားပေးလို့ ကျေးဇူးပါခင်ဗျာ။