Saturday, 8 December 2012
အလင်း
ညက ဆိတ်တယ်
ကြယ်တွေတောင် ခပ်တိုးတိုးပဲနေကြတယ်
အိမ်မက်တွေ ရှာမတွေ့လို့ ငါတော့ အထီးကျန်တာပဲ....
ဝိုးတဝါးနဲ့ အလင်းတစ်ခုကို ငါတွေ့တယ်
လိုက်ကြည့်မိတော့ အမှောင်ထဲကို ဝင်ပြေးသွားတယ်
ဘယ်မှာလဲ ချစ်သူ
မင်းပြောတဲ့ အာဒမ်ရဲ့ ဥယျာဉ်ဆိုတာ....
ခပ်လဲ့လဲ့ အလင်းယိုင်တွေကိုတော့တွေ့တယ်
ဒါကိုတော့ သစ်ပုတ်ပင်လို့တော့မပြောပါနဲ့
ငါကို တစ်ခေါက်လောက်တော့ ပညာရှိခွင့်ပေးပါ.....
အရာရာတိုင်းမှာ တန်ပြန်စွမ်းအားရှိတယ်ဆို
ဘာလို့ နေထိုးတဲ့နံရံဟာ အလင်းမပြန်ရတာလဲ....
ထားပါလေ....
အိမ်မပြန်တတ်တဲ့ ငှက်လိုတော့ အိပ်တန်းမတက်ချင်ဘူး
အသိစိတ်တွေ မခမ်းခြောက်ခင်
အလင်းပေါ်တဲ့ အထိတော့ စောင့်ခွင့်ရချင်ပါရဲ့....
8Yar
8th Dec 2012
Saturday, 22 September 2012
ညောင်မုတ်ဆိတ်
နံနက်ခင်းကတော့ အလင်းရောင်တွေ အခင်းအကျင်းနဲ့ ရောက်လာပြန်ပြီ။ လေပြေအချို့က တောင်မြောက် ပြေးလွှားရင်း လောကကို ကျီစယ်နေလေရဲ့။ ငှက်အချို့က အာရုဏ်အတက်မှာ အစာရှာ၊ ညဥ့်ပျော်ငှက်တွေက အိပ်တန်းတက်ဖို့ပြင်နဲ့ လောကတစ်ခွင်လုံး သူ့ဟာနဲ့သူ အံဝင်လျှက်ရှိကြသည်။ သို့သော် အံမဝင် အဆင်မပြေလှသူတစ်ဦးတော့ရှိလေရဲ့။ ထိုသူမှာ မြန်မာပြည် မြေလတ်ပိုင်း ရွာတစ်ရွာမှ သာဂိ ဟုခေါ်သော နွားကျောင်းသား တစ်ဦးပင်ဖြစ်သည်။
သာဂိမှာ နွားကျောင်းသား ဟုသာဆိုသည် မြို့သားတွေမြင်ဖူးသော ဂျင်းဘောင်းဘီ ဖင်ကြပ်နှင့် အင်္ကျီ အကွက်ကြဲကြီးကိုဝတ်၊ လည်ပင်းတွင် ပုဝါစည်းကာ သားရေဦးထုပ်ကို ခပ်စောင်းစောင်း ဆောင်း၊ ခါးတွင်သေနပ်ကိုချိတ်၍ အနောက်တွင် ဒလက်ပါသောဘု(စ်) ဟုခေါ်သောသားရေဖိနပ်အမာကြီးကိုစီး၊ မုတ်ဆိတ် ကျင်စွယ်ထူလဗျစ်နဲ့ လူကြည့်ရင် ပေစောင်းစောင်းကြည့်ပြီး ပါးစပ်ကို ခပ်ရွဲ့ရွဲ့ထားကာ ဆေးပြင်းလိပ်ခဲတတ်သော အနောက်တိုင်းသား နွားကျောင်းသားများလောက် ပဲမများလှပေ။ သို့သော် စာထဲ၊ ပေထဲတွင် မြင်ဖူးသော ခေါင်းတွင် ပုဝါစည်း၊ ခါးတောင်းကို မြှောင်အောင်ကျိုက်၊ အင်္ကျီဗလာနှင့် အထိန်းကြိုးမပါသော နွားကိုစီးကာ ပုလွေမှုတ်၍ နွားကျောင်းတတ်သူလောက်လည်း နွားကျောင်းသားမပီသလှပေ။
သာဂိ၏ ပုံသဏ္ဍာန်မှာ ဂျင်းဦးထုပ်ဟောင်းကိုဆောင်း၊ မြို့လူကြီးများလာတုန်းက ရထားသော ရွဲတဲတဲလူကြီးဝတ်ကြော်ငြာအင်္ကျီအဟောင်းတစ်ထည်ကိုဝတ်ကာ တွန့်ကြေနေသော ချည်ကြမ်းပုဆိုးကို ခါးတွင်ခပ်တင်းတင်းစည်းထားသော ၁၆ နှစ်အရွယ် လူငယ်လေးပင်ဖြစ်သည်။
သာဂိမှာ မနေ့ညက ရွာကျောင်းဦးဇင်းမှ ချပေးလိုက်သော လောကနီတိအား အခုမနက်ပိုင်းတွင် အပြီးကျက်ရန် စိတ်ပိုင်းဖြတ်ပြီး ရွာစွန်၊ တောစပ်ရှိ ညောင်မုတ်ဆိတ်ကြီးဆီသို့ ရောက်လာခဲ့လေသည်။ ထိုညောင်မုတ်ဆိတ်ကြီးမှာ အတော်ပင်ကြီးလှရကား လူကြီးလေးဖက်စာလောက်ပင်ရှိလေသည်။ ညောင်မုတ်ဆိတ်ဆိုသည့်အတိုင်း အကိုင်းမှ အမြစ်များရှည်လျားစွာကျနေသောကြောင့် လေတိုက်လျှင်ပင် အခတ်၊ အလက်ချင်း ရိုက်သံကြားရလေသည်။ ထိုညောင်မုတ်ဆိတ်ကြီး၏ပင်စည်မှာ လုံးလုံးဝန်းဝန်းမရှိပဲ အလယ်သို့ အနည်းငယ်စီချိုင့်ဝင်လျှက်ရှိရာ လေးဘက်လေးတံ အခန်း၊ အကန့် လေးများသဖွယ်ဖြစ်နေလေသည်။
သာဂိသည်ရွာလမ်းမကို ကျောပေး၍ တောစပ်သို့မျက်နှာမူရာ အပင်၏အတွင်းပိုင်း၊ အနောက်ဖက်၌ ဝင်၍ထိုင်ပြီး စာမကျက်သေးပဲ တောင်တွေး၊ မြောက်တွေးလုပ်နေသည်။ များမကြာမီ ရွာလမ်းမဖက်မှ ခြေသံပြင်းပြင်းဖြင့် သူထိုင်နေရာ ညောင်မုတ်ဆိတ်သို့ ဦးတည်လာသံကို ကြားလိုက်ရသည်။ ထိုခြေသံသည် ညောင်ပင်၏ အရှေ့၌ရပ်သွားကာ ပါလာသောပစ္စည်းများချသံကိုဆက်ကြားရလေသည်။ ထို့နောက် အမွှေးတိုင်နံ့များနှင့်အတူ ကြားရသည်မှာ...
"ဤညောင်ပင်အား အပိုင်စားတော်မူသောနတ်မင်းကြီးအား အခုပါလာသော စားဖွယ်များနဲ့ ပူဇော်ပသပါတယ်ရှင်.... ယခုကဲ့သို့ ပူဇော်ရသော အကျိုးကြောင့် ကျွန်တော်မျိုးမ၏ ကုန်စုံဆိုင်မှာ အမြတ်များစွာ၊ များစွာ ရပြီး.... ရွာတွင် အချမ်းသာဆုံးဖြစ်အောင် မစတော်မူပါ နတ်မင်းကြီးရှင်....။"
ဟု ၃ ခေါက်ထက်မနည်း ရွတ်ဆိုပြီး "ငါတော့ မကြာခင်ချမ်းသာတော့မှာပဲ..." ဟုရေရွတ်ကာ ထွက်သွားလေသည်။
တာဂိမှာ ပါးစပ်ကြီးဟ၍ ဘာဆက်တွေးရမှန်း မသိရှိနေစဉ် ဒုတိယမြောက် ခြေသံကိုကြားလိုက်ရပြန်သည်။ ထိုခြေသံပိုင်ရှင်မှာလည်း ညောင်ပင်၏ အရှေ့တွင်ရပ်သွားသံနှင့် ထိုလူ့ထံမှ ညောင်ကိုင်းအား တစ်ခုခုနှင့် လိုက်ထိုးနေသံကြားရသည်။
ညောင်သီးများလာခူးလေသလား?? မဖြစ်နိုင်ပေ။ ညောင်သီးမှာ စားကောင်းသည်ဟု မကြားဖူးပေ။
တာဂိ စဉ်းစားနေစဉ် ထိုလူ့ထံမှ ရေရွတ်သံထွက်လာလေသည်။
"ကဲ ညောင်ကိုင်းထောက်လို့ အသက်ရှည်၊ ကျန်းမာ၊ ရောဂါဘယကင်းရပါစေဗျာ....။"
ဟုဆိုကာ ဒုတိယခြေသံပိုင်ရှင်လည်း ညောင်ပင်အောက်မှ ထွက်ခွါသွားလေသည်။ သာဂိမှာသာ ပါးစပ်မပိတ်နိုင်ပဲ နားဆက်စွန့်နေမိသည်။
ထိုစဉ် တတိယမြောက် ခြေသံကိုကြားရပြန်သည်။ ဒီတစ်ခါ ခြေသံပိုင်ရှင်မှာ တစ်ယောက်ထက်မက ဖြစ်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ခြေသံမှာရှုပ်ထွေး၍ ဆူညံသောကြောင့်ပင်ဖြစ်သည်။ ထိုခြေသံများနှင့်အတူ ယောက်ျားတစ်ယောက်၏ စကားသံကို စကြားရလေသည်။
" မြန်မြန်လာပါ မယ်စင်ရယ်...။"
ထို့နောက်ဆက်ကြားရသည်က...
"ဒီထက်ပဲမြန်ရအုံးမလားတော်..."
ဟုမိန်းမတစ်ဦး၏ ဖြေသံပင်ဖြစ်သည်။ ထို့နောက်...
ကျား: လာဒီထဲဝင်မယ်...
မ: အိုတော်... မြွေတွေ၊ ကင်းတွေပေါပါဘိသနဲ့...
ကျား: ကျုပ်ရှိပါတယ်ဗျာ။ ဘာကြောက်စရာရှိလဲ။
ဟုဆိုကာ ညောင်ပင်အောက်သို့ ဝင်လာလေသည်။ ယခင်လူများမှာ ညောင်ပင်ခံနေ၍ သာဂိအားမမြင်သော်လည်း ယခုသူနှစ်ဦးမှာ ညောင်ပင်၏ အရှေ့တွင်မရပ်ပဲ ဘေးသို့ကွေ့ဝင်လာသဖြင့် သာဂိ၏ ဘေးချင်းကပ် ညောင်ပင်အကန့်ထဲသို့ ရောက်ရှိသွားသောကြောင့် အခန့်မသင့်လျှင် သာဂိအားမြင်တွေ့သွားနိုင်သည်။ ထို့ကြောင့်သာဂိမှာ ပင်စည်နှင့်ကျောကို ပြားနေအောင် ကပ်ထားမိလေသည်။
ကျား: ဒီနားတိုးပါ မယ်စင်ရယ်....
မ: အိုတော် သူများတွေမြင်သွားမှဖြင့်
ကျား: မမြင်ပါဘူးကွာ... နည်းနည်းလောက်ကပ်စမ်းပါ....
မ: ရှင်နဲ့တွေ့တိုင်း ဒီလိုချည့်ပဲ.... ဒါပဲနော်.. ဘယ်သူကိုမှ မပြောရဘူး။
ကျား: အင်းပါကွာ... မပြောပါဘူး။
သာဂိ ပါးစပ်ဟနေရာမှ မျက်လုံးပါပြူးသွားသည်။
ကျား: လာဒီကို...
မ: အို... ဒီလူ အတော်ဆိုးတာပဲ....
ကျား: ချစ်လို့ပါကွာ...
သူတို့တော့မသိ... သာဂိမှာ အာခေါင်တွေခြောက်ကာ ရင်ခုန်သံတွေမြန်လာသည်...
မ: ဟွန့်... မပြောချင်ဘူး။ ကဲ.. တော်ပြီ အသက်ရှူလို့ရတော့ဘူး... လွှတ်တော့..
ကျား: ချစ်လို့တောင်မဝသေးဘူး။
မ: နောက်တစ်ခါ လာမတွေ့ပဲနေလိုက်မှာနော်...။
ကျား: ဟုတ်ပါပြီ... ဟုတ်ပါပြီ... လွှတ်ပါပြီဗျာ။
မ: ကျုပ်မောင်တွေလာတော့မယ် ထင်တယ်... လမ်းခွဲကြစို့ရယ်။
ကျား: ကောင်းပါပြီဗျာ... ကျုပ် မယ်စင်ကိုအရမ်းချစ်တယ်.. ဆိုတာမမေ့ပါနဲ့နော်....။
မ: မမေ့ပါဘူးတော်။ တော်သာ ဝါမဝင်ခင် လူကြီးတွေဆီမှာ လာတောင်းနိုင်အောင်ကြိုးစား....။
ကျား: ဟုတ်ကဲ့ပါဗျာ....။ သွားစို့....
ဟုဆိုကာ ညောင်ပင်အောက်မှ ထွက်ခွါသွားကြလေသည်။ သူတို့ထွက်သွားသော်လည်း သာဂိတစ်ယောက် ရင်တုန်မပြယ်နိုင်သေး။ အသက်ကိုမှန်မှန်ရှူ၍ သက်ပြင်းချလိုက်မှပင် အဆင်ပြေသွားလေသည်။
ထို့နောက် စာကျက်ရန် စာအုပ်ကိုပြန်ကိုင်လိုက်စဉ် စတုတ္ထမြောက်ခြေသံထပ်ကြားရပြန်သည်။ ဒီမနက်တော့ သာဂိ တစ်ယောက် စာကျက်ဖြစ်ဖို့မမြင်...။ ထိုစတုတ္ထမြောက်ခြေသံပိုင်ရှင်သည် ညောင်ပင်ရှေ့သို့ဝင်လာပြီး...
"ဟူး မောလိုက်တာ။ ဟွန်း! ညောင်ပင်ကြီးရှိပြီး ရေအိုးစဉ်လေးတောင် မထားဘူး။ ဒီရွာကလူတွေ တော်တော် သဒ္ဓါတရားနည်းပါးတာပဲ..။"
ဟုဆိုကာ ဒေါနှင့် မောနှင့်ထွက်သွားလေသည်။
သာဂိတွင် အတွေးတစ်ခုဝင်လာသည်။ လူအချို့သည် ဤညောင်ပင်အား ပုံစံတစ်မျိုးစီဖြင့် အသုံးချကြသည်။ သာဂိလည်း သည်ညောင်ပင်အား အသုံးချရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူ့အတ္တအတွက်တော့မဟုတ်ချေ။ သာဂိ၏စိတ်ထဲတွင် စဉ်းစားနေသည်ကား....
" လောကနီတိပြန်နိုင်လို့ ဦးဇင်းက ဘာဆု ယူမလဲမေးရင်... ကျောင်းမှာ ပိုနေတဲ့ သောက်ရေအိုး၊ ခွက် တစ်စုံနဲ့ ကျောင်းအောက်က ပျဉ်တွေကိုကိုတောင်းရမယ်.... တောင်းရမယ်....။
လေးစားစွာ
8Yar
22th Sep 2012
Thursday, 13 September 2012
ကျွန်တော်ဖြေမယ်
ကီးဘုတ်သံတွေကြားတယ်
ရင်းနှီးပေမယ့် မကျွမ်းကျင်တဲ့ စကားလုံးတွေနဲ့ ဖောင်ဖွဲ့နေတယ်။
မဲ့သံ ရွဲ့သံတွေနဲ့ အတူ
ဝမ်းနည်းတတ်သူ အချို့ရဲ့
ရှိုက်သံတွေ၊ ဟန်ဆောင်အပြုံးတွေကို မြင်နေရတယ်။
အမှန်တရား ဆိုတာထက်
သဘာဝကျတာကို ပိုအလေးထားကြတာလား??
စေတနာ ဆိုတာ
သရုပ်ပြကောင်းတဲ့သူတွေရဲ့ နှုတ်ခမ်းအောက်မှာ ပျက်ပြားသွားရမှာလား??
အမှားဆိုတာ
လူတစ်ယောက်ရဲ့ ကိုယ်ပိုင်နံပါတ်လို့ ထင်နေကြတာလား??
ထားပါတော့လေ
ခင်ဗျား မပြောလဲ ကျွန်တော်ဖြေမယ်
စလုံးမှာ အသက်ကို ငုံ့ပြီးရှူတတ်ဖို့လိုမယ် ဆိုတာ.....
8Yar
13rd Sep 2012
Thursday, 23 August 2012
အိမ်မက်မှ နိုးထလော့ အိပ်ယာ....
ထလော့... ထလော့.... အိမ်မက်မှ နိုးထလော့ အိပ်ယာ..... ကျွန်တော်၏ အိပ်ယာ ဘလော့ဂ်လေးအား ညင်သာစွာ ပွတ်သပ်ခါ နိုးထစေခဲ့ပါပြီ။ ၂ လနဲ့ ၂၈ ရက် တိုင်ခဲ့ပြီ လာလည်သူ ဘလော့ဂ် မောင်နှမတွေနဲ့ စာဖတ်သူတွေကိုလည်း အလွန်ပင် အားနာလှပါပြီ။ ကိုယ်ကမှ တာဝန်မကျေပဲကိုး။ ဒီ နှစ်လကျော် သုံးလနီးနီးကို ဖြတ်သန်းရတာ အရမ်းကိုပင်ပန်းတယ်လို့ ခံစားမိပါရဲ့.....
အစစ အရာရာဟာ အများကြီးမဟုတ်ပေမယ့် မနည်းသော ပမာဏနဲ့ ပြောင်းလဲခြင်းသို့ ဦးခဲ့ကြပြီ။ ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်လိုက်တော့ မျက်နှာပေါ်မှာ အရေးကြောင်းအချို့၊ ညာလက်မှာ လက်စွပ်တစ်ကွင်းနဲ့ ဗိုက်ပေါ်မှာ အမာရွတ် တစ်ခု တိုးခဲ့ပြီ။ အချိန်ကတိုပေမယ့် လျှောက်လှမ်းလိုက်ရတာ အသက်ထွက်မတတ်ပါပဲ။
အိမ်က ဒုတိယအကြိမ်ထွက်ခွါလာတော့ အမေ့မျက်နှာကို ရဲရဲမကြည့်ရက်ခဲ့ဘူး။ အမေ့ရဲ့ အပြုံးတုနောက်က ပူဆွေးမှုတွေမြင်ရမှာဆိုးလို့။ အဖေ့လက်မောင်းကို ကိုင်ပြီးတော့ တော့မေးခဲ့ချင်တယ်။ ကျွန်တော်တကယ်ပြန်သွားရမှာလား ဖေဖေလို့။ ဘဝဆိုတာ ဆန်တက်ရစမြဲမဟုတ်လား....
ဒါပေမယ့် ကျွန်တော်ထင်သလောက် အထီးကျန်မဆန်ခဲ့ပါဘူး။ အိပ်ယာကို စိတ်ပူစွာ စောင့်မျှော်နေကြတဲ့ ဘလော့ဂ် မောင်နှမတွေနဲ့ စာဖတ်သူတွေ၊ တွေ့တာနဲ့ ဝိုင်းမေးကြတဲ့ မေတ္တာရှင်ဖောင်ဒေးရှင်း (စင်္ကာပူ)က မောင်နှမတွေ၊ အိပ်ယာကို အသေးစိတ်ကစ စဉ်းစားပေးတတ်တဲ့ မွေးချင်းညီမလေးတွေနဲ့ ချစ်သော လဲ့ရီလေးတို့ကြောင့် ခံစားချက်တွေ သက်သာခဲ့ရပါတယ်။
အားလုံးကို တကယ်ပဲကျေးဇူးတင်မိပါတယ်။ စာတွေ၊ Ph တွေ၊ Comments တွေရောက်မလာပေမယ့် စိတ်ထဲကနေ အိပ်ယာကို သတိရပေးနေတဲ့ သူတွေကိုလည်း ကျေးဇူးပါလို့ပြောပါရစေ။ နောက်စာတွေ ဆက်ရေးနိုင်အောင် ကြိုးစားသွားပါ့မယ်။
ပျော်ရွှင်စရာနေ့လေး ဖြစ်ကြပါစေ ခင်ဗျာ။
8Yar
23rd Aug 2012
Thursday, 31 May 2012
ရန်ကုန်သို့ ရောက်ရှိနေခြင်း
မင်္ဂလာပါခင်ဗျာ။ ဒီရက်ပိုင်း 8Yar ပျောက်နေမိလို့ မောင်နှမတွေလည်း စိတ်ပူမယ်၊ စာဖတ်သူများလည်း သို့လော၊ သို့လော ဖြစ်နေမယ်ဆိုတာ စဉ်းစားမိတာကြောင့် ကြိုးစားပြီး ဒီပို့စ်လေးကိုတင်လိုက်ပါတယ်ခင်ဗျာ။ အခု 8Yar တစ်ယောက် ရန်ကုန်ကိုပြန်ရောက်နေပါတယ်။ အစက အလည်ပြန်လာတာဖြစ်ပေမယ့်၊ ရောက်ပြီး တပါတ်ကျော်ကျော်မှာ ရုတ်တရက် ဗိုက်နာလာလို့ ဆေးရုံတက်ပြီး ဗိုက်ကို Operation လုပ်လိုက်ရပါတယ်။ ၊ ဗဟိုစည် ဆေးရုံမှာ ခွဲစိတ်လိုက်တာပါ။
အရင်က အူအတက်ရောင်တာလို့ထင်ပေမယ့် ဒီရောက်တော့ သည်းခြေမှာကျောက်ရှိနေတာကြောင့် ဗိုက်နာတာလို့သိရပါတယ်။ ခုတော့ ဆေးရုံကနေ ရန်ကုန်ကအိမ်ကိုပြန်ရောက်ပြီး အတော်သက်သာနေပါပြီ။ အကူမပါပဲ ကိုယ့်ဟာကိုယ် အိမ်ထဲမှာ ထိုင်နိုင်၊ ထနိုင်၊ သွားနိုင်၊ လာနိုင် လာတာကြောင့် ဒီ Post လေးကိုကြိုးစားပြီး တင်လိုက်ပါတယ်ခင်ဗျာ။
တစ်လနီးပါး Post တွေမတင်နိုင်တာရယ်၊ Blog သတင်းမပေးနိုင်တာကြောင့် တကယ်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ 8Yar ရဲ့ပျက်ကွက်မှုတွေအတွက်လည်း အားလုံးကို တောင်းပန်ပါတယ်ခင်ဗျာ။ Blog မောင်နှမတွေနဲ့ စာဖတ်သူအပေါင်း နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
အားလုံး ပျော်ရွှင်၊ ကျမ်းမာကြပါစေ။
8Yar
31st May 2012
Tuesday, 24 April 2012
ဒီနေ့
ဒီနေ့ တိမ်တွေမှာ အရောင်တွေပါတယ်
သိပ်မကြိုက်ချင်ဘူး
လှပေမယ့် ညစ်ကျယ်ကျယ်နိုင်နေတယ်....
ဒီနေ့ စိတ်တွေမှာ အရောင်တွေပါတယ်
သိပ်မကြိုက်ချင်ဘူး
သိပေမယ့် ပြုံးနေလိုက်တယ်....
ဒီနေ့ စကားတွေမှာ အကာတွေပါတယ်
သိပ်မကြိုက်ချင်ဘူး
ချိုပေမယ့် အဝင်ဆိုးနေတယ်....
ဒီနေ့ မျက်ရည်တွေမှာ အတ္တ္တတွေပါတယ်
သိပ်မကြိုက်ချင်ဘူး
မြင်နေပေမယ့် ယုံလိုက်မိရင် သေသွားနိုင်တယ်...။
8Yar
24th Apr 2012
Thursday, 19 April 2012
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များ ဖူးမျှော်ခွင့်သတင်း
သတင်းကောင်းလေးပါးပါတယ်ခင်ဗျာ။ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များဖူးခွင့်ရတုန်း စာဖတ်သူများကိုရော၊ ဘလော့ဂ်မောင်နှမတွေကိုပါ ဖူးစေချင်ပါလို့ပါခင်ဗျာ။ ကျွန်တော်တို့ မေတ္တာရှင်ဖောင်ဒေးရှင်း (စင်္ကာပူ) အဖွဲ့ကလည်း ဓာတ်တော်များ စောင့်ရှောက်ခြင်းနှင့် တရားစခန်းယောဂီများအတွက် ဝေယျာဝစ္စများကိုပါဝင် ကုသိုလ်ယူကြမှာဖြစ်ပါတယ်ခင်ဗျာ။ အောက်က Post လေးကို http://mettashinfoundationsg.blogspot.com ကကူးယူလာကြောင်းပါခင်ဗျာ။
8Yar
19th Apr 2012
--------------------------------------------------------------------------------------------------
လေးစားအပ်ပါသော ဓမ္မမိတ်ဆွေ သူတော်စဉ် အပေါင်းတို့ခင်ဗျာ...
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓာတ်တော်များဖြစ်ကြသော
အံသွားတော်
မျက်လုံးတော်
ဆံတော်များ
အသွေး၊အသား ဓာတ်တော်များနှင့်
ဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများကို (၇) ရက်တိုင်တိုင် ပူဇော်ပွဲနှင့် မန္တလေးမြို့
မိုးကုတ်ဝိပဿနာ မင်္ဂလာရိပ်သာ ဌာနချုပ်မှ နာယကချုပ်ဆရာတော်ဖြစ်သော အရှင် ဣန္ဒက
(ဓမ္မကထိကဆရာတော်)မှ မိုးကုတ်ဝိပဿနာ (၇)ရက် အထူးတရားစခန်းပွဲကို မေလ (၁)ရက်မှ (၇)ရက်နေ့ အထိကျင်းပသွားမည်ဖြစ်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်အသိပေး နှိုးဆော်လိုက်ရပါသည်။
ဤကဲ့သို့ ထူးကဲလှစွာ စင်္ကာပူနိုင်ငံသို့ ပထမဆုံးအကြိမ်ကြွချီလာတော်မူသော ဓာတ်တော်ပူဇော်ပွဲ နှင့် (၇)ရက် တရားစခန်းပွဲတွင် ကျွန်တော်များ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့မှ (၂)ရက် မေလ ၂၀၁၂တွင် အခြားဓမ္မအဖွဲ့များနှင့် စုပေါင်း၍ နေ့လည်ပိုင်း ဝေယျာဝစ္စကုသိုလ်အားလည်းကောင်း၊ (၄)ရက် မေလ ၂၀၁၂တွင် တရားစခန်းယောဂီများအတွက် တစ်နေ့တာ ဝေယျာဝစ္စကုသိုလ်၊ ဓာတ်တော်များ တာဝန်ယူစောင့်ရှောက်ရေး ကုသိုလ် နှင့် လာရောက်ဖူးမျှော်ပူဇော်သူများအား အဆင်ပြေချောမွေ့စေရေး အစရှိသည့် လုပ်အားကုသိုလ် အစုစုတို့ကို ပါဝင်အားဖြည့်သွားမည် ဖြစ်ပါသည်။
ညနေတရားပွဲများကိုလည်း မေလ (၁)ရက်၊ (၅)ရက် နှင့် (၆)ရက် တို့၏ ညနေ ၆:၃၀ မှ ၈:၀၀ အထိ Function Room 1, Arina Country Club, Joo Koon တွင် ကျင်းပပေးသွားမည်ဖြစ်ပါသည်။
တရားစခန်းဝင်လိုသူများအနေဖြင့် မိမိတို့၏
အမည်
ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့်
အီးမေလ်းလိပ်စာများကို
မနီလာအောင် (၉၆၉၉ ၄၇၉၅)၊ လမ်းပြသူ (၆၃၃၆ ၅၉၄၉)၊ (nilaaung63@gmail.com)
ကိုအောင်နိုင် (၉၂၂၇ ၇၄၉၁)၊ dhammadownload (၉၇၃၆၅၀၃၄)၊
ကိုကျော်ဝင်း (၈၃၂၄၈၁၈၀)
ကိုသန်းဝင်း (၉၃၂၂၀၆၂၄)
ကိုထင်ကျော် (၉၄၂၄ ၂၉၆၁)
မသွယ်သွယ်စိုး (၉၃၅၁ ၆၄၃၉)
ကိုထွန်းထွန်း (၉၄၅၁၈၂၆၃)
ကိုသန်းမြတ်စိုး (၈၃၆၈၉၇၈၅)
မမြင့်မြင့်သန်း (၉၄၂၄၂၇၁၃)
ကိုထိန်လင်း (၉၀၆၈ ၇၀၁၉)
မဇာခြည်သန်းထွန်း (၉၄၃၄၆၀၅၅)
ကိုခိုင်ဇော်လင်း (၈၁၈၀ ၀၇၇၆)
တို့ထံသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။
လှူဒါန်းလိုသူများ အနေဖြင့် ဒေါ်နီလာအောင် (၉၆၉၉ ၄၇၉၅)၊ nilaaung63@gmail.com (POS Saving account 189-11107-0) အကောင့်သို့တိုက်ရိုက်ထဲ့ဝင်၍လည်းလှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ပါသည်။
မေတ္တာရှင်ဖောင်ဒေးရှင်း (စင်္ကာပူ) အဖွဲ့
Friday, 13 April 2012
ငါကြားတယ်.... ငါကြားချင်သေးတယ်....
အေးမြတဲ့ မိုးနံ့နဲ့
ပူပြင်းပြင်း လေသံကို....
ငါကြားတယ်
သင်းပျံ့တဲ့ အဝါပန်းနဲ့
နူးညံ့တဲ့ တေးသံကို....
ငါကြားတယ်
ဝင်းပတဲ့ ပြုံးအလှနဲ့
ညွှတ်ပျောင်းတဲ့ 'က'သံကို....
ငါကြားတယ်
ရှင်းသန့်တဲ့ မေတ္တာနဲ့
'ငါ' ကင်းတဲ့ တရားသံကို....
ဟုတ်တယ်..
ငါကြားချင်သေးတယ်
ရှင်းသန့်တဲ့ မေတ္တာနဲ့
အတ္တကင်းတဲ့ တရားသံကို....
8Yar
13rd Apr 2012
Thursday, 12 April 2012
သင်္ကြန်ဆုတောင်းနဲ့ သင်္ကြန် Song
မင်္ဂလာပါခင်ဗျာ။
ကြွရောက်လာကြတဲ့ စာဖတ်သူများနဲ့ Blog မောင်နှများအား ကျွန်တော် အိပ်ယာမှ ပျော်ရွှင်စရာနှစ်သစ် အတာသင်္ကြန်ဖြစ်ပါစေ.... လို့ဆုမွန်ပြုရင်း သင်္ကြန်ရေပက်ဖြန်းလိုက်ပါသည်။ ဗွမ်း ဗွမ်း ဗွမ်း ဗွမ်း !!!!
သင်္ကြန်သီချင်းလေး နားဆင်ရင်းပျော်ရွှင်စွာကကြပါကုန်။ :P
ပျော်ရွှင်စွာဖြင့်
8Yar
12th Apr 2012
ကြွရောက်လာကြတဲ့ စာဖတ်သူများနဲ့ Blog မောင်နှများအား ကျွန်တော် အိပ်ယာမှ ပျော်ရွှင်စရာနှစ်သစ် အတာသင်္ကြန်ဖြစ်ပါစေ.... လို့ဆုမွန်ပြုရင်း သင်္ကြန်ရေပက်ဖြန်းလိုက်ပါသည်။ ဗွမ်း ဗွမ်း ဗွမ်း ဗွမ်း !!!!
သင်္ကြန်သီချင်းလေး နားဆင်ရင်းပျော်ရွှင်စွာကကြပါကုန်။ :P
ပျော်ရွှင်စွာဖြင့်
8Yar
12th Apr 2012
Tuesday, 3 April 2012
ကြော်ငြာခြင်း
ကျွန်တော်လည်း ဒီရက်ပိုင်း မေတ္တာရှင်ဖောင်ဒေးရှင်း (စင်ကာပူ) အတွက်အလုပ်တွေကူနေရလို့ ကိုယ့် Blog လေးကိုလည့်မကြည့်နိုင်ဘူးဖြစ်သွားပါတယ်။ ကိုယ်တင် အလုပ်ရှုပ်ယုံမကဘူး။ သူငယ်ချင်းဖြစ်တဲ့ Candy ကိုပါအလုပ်ရှုပ်အောင်လုပ်လိုက်သေးတယ်။ ဘာတွေ အလုပ်ရှုပ်နေလဲဆိုတော့ မေတ္တာရှင်ဖောင်ဒေးရှင်း (စင်ကာပူ) အတွက် Blog လေးလုပ်ပေးနေလို့ပါ။ ဟောဒီမှာ သွားကြည့်လို့ရပါတယ်။ အိပ်ယာက မီဒီယာပိုင်းမှာ တာဝန်ယူထားတော့ မီဒီယာနဲ့ပတ်သတ်ပြီးကူရတာပေါ့။ ဟီး ဟီး.. :P ပြောသာပြောရတယ်။ တကယ်တန်း ဒိုင်ခံလုပ်သွားတာက Candy နဲ့ ကိုကြည်ဇော် တို့က Blog ရဲ့ ဒီဇိုင်းပိုင်း၊ ကင်မရာမန်း ကိုဇော်မင်းထွန်းက ကျွန်တော်ရဲ့ ပီပြင်လှတဲ့ ပဲပင်ပေါက် လက်ရေးတွေကို ပြူးပြဲဖတ်ပြီး မြန်မာစာရိုက်ပေး၊ မလှိုင်ဝင်းလဲ့က အလှူရှင်စာရင်းတွေ အသေအချာပြုစုရင်း တရားမှတ်၊ ကျွန်တော်တို့ အကိုကြီး ကိုအောင်ဝင်းထွဋ်ကလည်း လိုအပ်တာတွေကို ဖုံးနဲ့မှာစား.. အဲလေ... မှာကြား ရှာပါတယ်။
နေ့လည်တစ်နာရီ လောက်က စလုပ်လိုက်တာ လေးနာရီလောက်လည်းရောက်ရော ကျွန်တော်တို့ မီဒီယာအဖွဲ့ဝင်အစ်ကိုတစ်ယောက်ဖြစ်တဲ့ ကိုဉာဏ် တစ်ယောက် အသုပ်လေး နှစ်ထုပ်ဆွဲရောက်လာကာ အရက်နဲ့ မြည်းလေသတည်း.. အဲလေ... လက်ဖက်ရည်နဲ့ မြီးလေသတည်း။ :P ဒီကြားထဲ သူ့မှာ ရန်ကုန်က ချစ်ဇနီးဆီဖုံးဆက်လို့ မရလို့ဆိုပြီး စိတ်ညစ်နေတာများ.. စကားပြောနေရင်းတောင် အဝေးငေးငေးကြည့်တာ... တစ်ခါ တစ်ခါ ကြည့်ရင် နာရီဝက်လောက်ကြာတယ်။ မနည်းလှုပ်လှုပ်ပြီး သတိပေးရတယ်။ သူ့ ကြည့်ပြီး ကိုယ်တောင် အော်ငိုချင်စိတ်ပေါက်သွားတယ်။ ဂယ်ပဲ... ဟိ ဟိ :P
ဒါနဲ့အိပ်ယာ တစ်ယောက် အဲဒီတုန်းက ဘာလုပ်သတုန်း ဆိုတော့။ သူတို့ကိုဘေးကနေ ယက်ခပ်ပေး၊ ရေနွေးငှဲ့ပေးနဲ့ တစ်နေကုန်တာပါပဲ။ ခစ်ခစ်.. :P Candy အကြောင်းတော့ရေးတော့ပါဝူး၊ ရေးရင် သူက သားအကြောင်းပြန်ရေးမှာဂျ။ ဟီး ဟီး... :P အဲ့ဒီနေ့က တကယ်ကို တတ်ညီ၊ လက်ညီ လုပ်ကြတာ၊ ည ၈ နာရီလောက်မှ ပြန်ကြတယ်။ မပြန်လို့လည်းမရဘူး။ ဖုံးတွေက တဂွမ်ဂွမ်မြည်နေကြပြီလေ... အိမ်သူ သက်ထားတွေက အခုပြန်မလာရင် ဒီညကင်းတဲမှာသွားအိပ်ပေတော့လို့... ဆိုလေတော့ စင်ကာပူမှာ ကင်းတဲမရှိတာကြောင့် ပြန်အိပ်ဖို့ ပြင်ကြရတာပေါ့။ ဒါတောင် ကိုဉာဏ်က လူပျိုတွေနေခဲ့ကွာ... ဆိုပြီး သူကနေမလို့ လုပ်သေးတယ်။ ဟတ် ဟတ်.. :D :D ဒါမျိုး အိပ်ယာကို စမ်းလို့ဘယ်ရမလဲ... ကိုဉာဏ်နော် အစ်မမရှိတုန်း လူပျိုလုပ်မလို့လား?? လို့ တစ်ခွန်းပဲမေးလိုက်တယ် တန်းပြန်သွားပါလေရော။ ဟီး ဟီး ဟီး.... :D :D :D ကဲ စိတ်လေးတွေ ရွှင်သွားပြီဆိုရင် အောက်က အလှူရှင်စာရင်းလေးကြည့်ပြီး သာဓု ခေါ်သွားကြပါခင်ဗျာ။
3rd Apr 2012 ထိစုစုပေါင်း လှူတန်းငွေ စင်္ကာပူဒေါ်လာ 5872 ရရှိပါကြောင်းပါခင်ဗျာ။ အလှူရှင်စာရင်း အစအဆုံးကို မေတ္တာရှင်ဖောင်ဒေးရှင်း (စင်ကာပူ) ဆိုဒ်မှ ပြန်လည်ကူးယူဖော်ပြပါတယ်ခင်ဗျာ။ မေတ္တာရှင်ဖောင်ဒေးရှင်း (စင်ကာပူ) Blog လေးအတွက် လုပ်အားဒါနလုပ်ကြတဲ့ သူငယ်ချင်းနဲ့ မောင်နှမ အားလုံးကို ဤနေရာမှ လေးစားစွာ ကျေးဇူးတင်ပါကြောင်း အိပ်ယာပြောပါရစေ..။ ဤဒါနကုသိုလ် အပေါင်းတို့ကို နတ်၊ လူ သာဓု ခေါ်စေသောဝ်.....
၂၀၁၂ ခုနှစ် Sembawang
သင်္ကြန်အတွက် မေတ္တာရှင်ဖောင်ဒေးရှင်း(စကာင်္ပူ) နှင့် အလှူရှင်များမှ လှူဒါန်းမှု
စဉ်
|
အလှူရှင်များ
|
အလှူငွေ ပမာဏ
(စင်္ကာပူဒေါ်လာ)
|
အလှူငွေလက်ခံရရှိသူ
|
၁
|
ကိုဇော်ဝင်းထွဋ်+မနှင်းယုယုဝင်း၊သမီးလေး-အေးချမ်းပွင့်ဖြူ
မိသားစု
|
50
|
KNA
|
၂
|
မဖြူဖြူခိုင်
|
20
|
KNA
|
၃
|
ကိုဇော်ဝင်းမြင့်+မတင်ဇာပိုင်
|
50
|
KNA
|
၎
|
ကိုကျော်ဇေယျဦး
|
30
|
MCS
|
၅
|
ကိုမျိုးသန်
့+ မဥမ္မာဋ္ဌေး
|
30
|
။
|
၆
|
ကိုရဲမင်းဋ္ဌေး
|
20
|
။
|
၇
|
ကိုကျော်လင်း
|
20
|
။
|
၈
|
ကိုမြတ်သူရ+မယဉ်သူဇာ
|
50
|
။
|
၉
|
ကိုကြည်သာဦး+မနန်းကေသီအောင်
|
30
|
။
|
၁၀
|
ကိုဆွေသက်မောင်+မမွှေး
|
50
|
။
|
၁၁
|
မမြတ်မွန်သူ
|
30
|
။
|
၁၂
|
မဆွေဆွေအောင်
|
30
|
။
|
၁၃
|
မဝေေ၀စိုး
|
30
|
။
|
၁၄
|
မဇင်မာဝင်းဆွေ
|
30
|
။
|
၁၅
|
မထက်ထက်ကျော်
|
30
|
။
|
၁၆
|
မရည်မွန်မြင့်
|
20
|
။
|
၁၇
|
မချမ်းမြအေး
|
20
|
။
|
၁၈
|
မခင်နု
|
20
|
။
|
၁၉
|
မသူဇာ
|
15
|
။
|
၂၀
|
ကိုကျော်မျိုးသက်+မမေမြဉ္စူ
|
20
|
။
|
၂၁
|
မမျိုးမြင့်စန်း
|
10
|
။
|
၂၂
|
မဇာခြည်ခိုင်
|
10
|
။
|
၂၃
|
ကိုတင်ထက်အောင်+မခင်မေချော
|
20
|
။
|
၂၄
|
ကိုအောင်ဝင်းထွဋ်+မတင်တင်ခိုင်
(သား) ကျော်ဇင်ထွဋ်
|
50
|
KAWH
|
၂၅
|
ကိုမင်းမင်းလတ်+မစုအေပရယ်ကျော်
မိသားစု
|
30
|
။
|
၂၆
|
ဦးအေးကျော်+ဒေါ်မြင့်မြင့်ဦး
(သမီး) ဖြိုးရတနာကျော်
|
30
|
။
|
၂၇
|
ဦးဝင်းကျော်
မိသားစု
|
50
|
|
၂၈
|
ကပ္ပတိန်
ဦးအေးကိုကိုစိုးနှင့် M.T Theresa Tiga မှ သင်္ဘောသားအားလုံး ကောင်းမှု
|
1,100
|
။ (925USD)
|
၂၉
|
ကိုဝင်းဇော်
|
30
|
။
|
၃၀
|
ကိုမင်းအေးချမ်း
|
30
|
။
|
၃၁
|
ကိုအောင်ကျော်အုန်း
|
30
|
။
|
၃၂
|
ဦးမောင်မောင်တင့်+ဒေါ်ခင်သီလှိုင်
မိသားစု
|
50
|
။
|
၃၃
|
ဦးရီတင်
|
50
|
MCS
|
၃၄
|
ဦးဝင်းအောင်
|
50
|
။
|
၃၅
|
ကိုတင်မောင်သိန်း
|
30
|
။
|
၃၆
|
ကိုသိန်းစိုးဝင်း
|
30
|
။
|
၃၇
|
ကိုစန်းနိုင်
|
30
|
။
|
၃၈
|
ကိုစိုးကြီး
|
12
|
။
|
၃၉
|
ကိုအောင်ထူးဝင်း
|
18
|
။
|
၄၀
|
ကိုမြတ်ကျော်သူ
|
20
|
။
|
၄၁
|
ကိုသန်းထွဋ်အောင်
|
15
|
။
|
၄၂
|
ကိုထွန်းသိန်း
|
15
|
။
|
၄၃
|
ကိုကျော်စိန်ဦး
|
10
|
။
|
၄၄
|
ကိုအေးကို
|
15
|
။
|
၄၅
|
ကိုယဉ်ထွေး
|
10
|
။
|
၄၆
|
ကိုကျော်ကျော်ညွှန့်
|
10
|
။
|
၄၇
|
ကိုဇော်လင်းအောင်
|
10
|
။
|
၄၈
|
ကိုဇာနည်လေးသွင်+မမြတ်စု
လှိုင်
|
45
|
။
|
၄၉
|
ကိုဖုန်းမြင့်ကျော်+မအင်ကြင်းသန့်
|
50
|
။
|
၅၀
|
ကိုလွှမ်းမိုးအေး+မအေးမြနန္ဒာ
|
20
|
။
|
၅၁
|
ကိုဇော်ထွန်းလင်း+မအိနုသွေး
|
10
|
။
|
၅၂
|
Mr Wan Khin Jimmy Wang + မအေးမာအောင်
|
20
|
။
|
၅၃
|
Mr
Lim Kim Song + မခင်ခင်စိုး
|
20
|
။
|
၅၄
|
ဦးခင်မောင်အေး
|
30
|
MCS
|
၅၅
|
မစန္ဒာအောင်
|
20
|
။
|
၅၆
|
မစုမြတ်နှင်း
|
30
|
။
|
၅၇
|
မသန်းသန်းလှိုင်
|
15
|
။
|
၅၈
|
ကိုကျော်မင်းထွန်း+မနှင်းဝေေ၀လွင်
|
50
|
YY
|
၅၉
|
အန်တီတင့်
|
30
|
။
|
၆၀
|
ကိုအောင်ဇော်မင်း
|
20
|
။
|
၆၁
|
ကိုထွန်းဦး
|
10
|
။
|
၆၂
|
ကိုနေလင်းဦး
|
10
|
။
|
၆၃
|
မသီတာသန်းလွင်
|
20
|
။
|
၆၄
|
မခင်ခင်လေး
|
10
|
။
|
၆၅
|
မအေးအေး
|
10
|
။
|
၆၆
|
ကိုယာမိုးလွင်+မခင်လဲ့ရီ
|
30
|
။
|
၆၇
|
ကိုအောင်ချမ်းမွန်+မနေခြည်လင်းရောင်
|
200
|
NCLY
|
၆၈
|
ကိုစလိုင်းထွန်းလင်းဦး+မတင်ထက်ထက်ဗို
|
50
|
။
|
၆၉
|
ကိုအောင်ညီလတ်+မနန်းထိခလိန်း
|
30
|
။
|
၇၀
|
မအေးမြတ်သူ
|
60
|
။
|
၇၁
|
ကိုသန်းဇော်လွင်+မညိုမီမီလှိုင်
|
50
|
။
|
၇၂
|
မလှိုင်ဝင်းလဲ့
|
10
|
KNA
|
၇၃
|
ကိုတင်ထွန်းအောင်+မမေစန္ဒာ
|
100
|
။
|
၇၄
|
ကိုဥာဏ်အေး+မနှင်းဝတ်ရည်(သမီး
- နိုရာဆောင်း)
|
30
|
။
|
၇၅
|
ကိုမင်းသူရိန် +
မလဲ့ရည်ဝင်း (သား-မင်းပြည့်ဖြိုး)
|
50
|
MKKW
|
၇၆
|
ကိုသိန်းဝင်း+မမြတ်မြတ်စန်း
|
30
|
။
|
၇၇
|
မယုဇင်အိ
|
30
|
။
|
၇၈
|
ကိုကောင်းကျော်ဝင်း
|
20
|
။
|
၇၉
|
ကိုအောင်ကျော်လွင်ဦး
|
10
|
MM
|
၈၀
|
ကိုဇေယျအောင်
|
10
|
။
|
၈၁
|
ကိုမျိုးဇေယျဝင်း
|
10
|
။
|
၈၂
|
ကိုသန့်ဇင်ဝင်း
|
10
|
။
|
၈၃
|
ကိုဇော်မင်းဦး(Bilcare)
|
10
|
။
|
၈၄
|
ကိုညီညီမင်း
|
10
|
။
|
၈၅
|
မသော်
|
10
|
။
|
၈၆
|
ကိုကြည်ခိုင်
|
10
|
MM
|
၈၇
|
ကိုမောင်မောင်သန့်ဇင်
|
10
|
။
|
၈၈
|
Mr.
Ann
|
2
|
။
|
၈၉
|
ကိုစိုးသက်ပိုင်
|
15
|
။
|
၉၀
|
ကိုမောင်မောင်ဌေး
|
10
|
။
|
၉၁
|
ကိုအောင်ဖြိုးဇော်
|
31
|
။
|
၉၂
|
ကိုရည်မွန်ကျော်ဇော
|
27
|
။
|
၉၃
|
ကိုနေလင်း
|
10
|
။
|
၉၄
|
ကိုဇော်လင်းအောင်
|
5
|
။
|
၉၅
|
ကိုဇော်ဇော်
|
4
|
။
|
၉၆
|
ကိုအောင်ချမ်းမြတ်
|
2
|
။
|
၉၇
|
ကိုသန်းစိုး
|
2
|
။
|
၉၈
|
ကိုဇင်လင်းဇော်+မသက်မာ
|
10
|
KNA
|
၉၉
|
မအေးဇာနွယ်
|
20
|
KNA
|
၁၀၀
|
မမြရည်ညို
|
50
|
ACM
|
၁၀၁
|
မခိုင်ဇွန်နီနီ
|
30
|
ACM
|
၁၀၂
|
ကိုဇော်နိုင်နိုင်လွင်
|
30
|
KNA
|
၁၀၃
|
မ၀င်းယုလွင်
|
10
|
ZMH (CANON)
|
၁၀၄
|
ဦးဝင်းမောင်
|
20
|
။
|
၁၀၅
|
ဦးသောင်းကြည်+ဒေါ်အေးမြိုင်
|
70
|
။
|
၁၀၆
|
ကွယ်လွန်သူ သမီးလေး မယ်မဒီဘို အား ရည်းစူး၍ ကိုဇင်ဘိုဘိုစိုး
+မဒါလီမြင့်ဆွေ ကောင်းမှု
|
100
|
ACM
|
၁၀၇
|
ကိုမျိုးသက်လင်း
|
10
|
MM
|
၁၀၈
|
ကိုစိုးသူ
|
10
|
။
|
၁၀၉
|
ကိုသိုက်ထွန်း
|
10
|
။
|
၁၁၀
|
ကိုလင်းကျော်သူမောင်
|
10
|
။
|
၁၁၁
|
မဆိုင်းခေါန်
|
20
|
။
|
၁၁၂
|
ကိုမောင်မောင်
|
17
|
။
|
၁၁၃
|
ကိုအောင်မိုးကျော်
|
10
|
KZT
|
၁၁၄
|
ကိုဇော်သန့်အောင်
|
25
|
။
|
၁၁၅
|
ကိုဇော်မင်းထွန်း
|
25
|
။
|
၁၁၆
|
ကိုကြည်ဇော်သက်+မရွှန်းလဲ့မေ
|
50
|
။
|
၁၁၇
|
ကိုအောင်နိုင်+မအိဝေဖြိုး
|
20
|
။
|
၁၁၈
|
မမီမီသန်းဇင်
|
30
|
ACM
|
၁၁၉
|
ကိုမိုးဝင်းလှိုင်+မဖြူမာအောင်မြင့်
|
20
|
။
|
၁၂၀
|
ကိုစိုးမြင့်+မအိအိဖြူ
|
30
|
။
|
၁၂၁
|
မ၀င်နီဇွန်ဦး
|
10
|
။
|
၁၂၂
|
မခင်သန္တာဝင်း
|
10
|
YY
|
၁၂၃
|
မသိင်္ဂအေး
|
10
|
။
|
၁၂၄
|
ကိုထွန်းထွန်းဝင်း
|
30
|
။
|
၁၂၅
|
မမြတ်မြတ်မွှေး
|
50
|
။
|
၁၂၆
|
ကိုကျော်သူရ
|
12
|
MM
|
၁၂၇
|
ကိုအောင်ကိုကို+မဥမ္မာ
|
50
|
AKK
|
၁၂၈
|
ကိုအောင်ကိုဦး+မနီနီဝင်း
|
20
|
။
|
၁၂၉
|
ကိုဇော်လွင်မျိုး+မတင်မိုးဇော်
|
15
|
။
|
၁၃၀
|
ကိုအောင်နိုင်ဝင်း
|
50
|
။
|
၁၃၁
|
ဦးစိုးလှိုင်+ဒေါ်ခင်ဋ္ဌေးကြည်
|
10
|
။
|
၁၃၂
|
ကိုမျိုးမင်းဦး
|
20
|
။
|
၁၃၃
|
ကိုမျိုးဝင်း
|
15
|
။
|
၁၃၄
|
ကိုသိန်းထိုက်စိုး
မိသားစု
|
30
|
။
|
၁၃၅
|
ကိုဘိုဘိုဟန်+မရတနာတင်
|
10
|
KNA
|
၁၃၆
|
ကိုချမ်းပိုင်သူ
|
10
|
။
|
၁၃၇
|
မခိုင်ဇာဝင်း(Candy)
|
10
|
။
|
၁၃၈
|
ကိုဇော်မင်းဦး+မသဉ္ဖာ
|
30
|
MM
|
၁၃၉
|
ကိုစောအောင်နန္ဒလင်း
+ မခင်သန်းဝင်း
|
30
|
KZT
|
၁၄၀
|
ကိုဘိုဘိုဟိန်း+မမြနန်းဦး
|
50
|
KZH
|
၁၄၁
|
မနှင်းနုအေး
|
20
|
။
|
၁၄၂
|
ကိုဇော်ထက်
|
20
|
။
|
၁၄၃
|
မတင်တင်ခိုင်
|
10
|
YY
|
၁၄၄
|
ဦးကြီးရွှေ
+ ဒေါ်ခင်သီတာညွန့်တင်
|
50
|
KMTY
|
၁၄၅
|
ကိုခင်မောင်သန်း
|
20
|
။
|
၁၄၆
|
ကိုသန့်ဇင်ထွန်း
|
50
|
။
|
၁၄၇
|
ကိုခိုင်မင်းဇော်
|
50
|
။
|
၁၄၈
|
ကိုမျိုးသန့်
|
50
|
။
|
၁၄၉
|
ကိုလှမျိုးထွန်း
+ မခိုင်မာလွင် (သမီး- ယွန်းသီရိခင်)
|
50
|
။
|
၁၅၀
|
ဦးခင်ထွေး
|
10
|
။
|
၁၅၁
|
ကိုရဲထွန်းအောင်
|
30
|
။
|
၁၅၂
|
ကိုလင်းနိုင်
+မစုစုဖြိုး (သား- ဥာဏ်ဟိန်းထက်)
|
30
|
။
|
၁၅၃
|
ကိုစောထွန်း
|
50
|
။
|
၁၅၄
|
မမိုးမမကျော်
|
20
|
KNA
|
၁၅၅
|
မခင်ဖြူစင်
|
30
|
KNA
|
၁၅၆
|
ဦးရဲမြင့်
မိသားစု
|
200
|
KAWH
|
၁၅၇
|
ဦးခင်မောင်ထွေးမိသားစု
|
50
|
။
|
၁၅၈
|
ဦးပိုင်စိုး+ဒေါ်ခင်မြသန်း
မိသားစု
|
50
|
။
|
၁၅၉
|
ဦးမြင့်သိန်း
မိသားစု
|
30
|
။
|
၁၆၀
|
မတင်မြင့်သူ
|
15
|
AKK
|
၁၆၁
|
မအေးအေးမွန်
|
10
|
YY
|
၁၆၂
|
ကိုနေဇော်အောင်
|
50
|
KNA
|
၁၆၃
|
ကိုအောင်ကျော်လွင်
|
50
|
KZH
|
၁၆၄
|
ကိုထင်ကျော်လင်း
|
50
|
။
|
၁၆၅
|
ကိုကျော်ဇင်သန်
့
|
50
|
။
|
၁၆၆
|
မတင်တင်လွင်
|
50
|
။
|
၁၆၇
|
ကိုတင်ထူးလွင်+
မနန်းဥမ္မာဝင်း
|
10
|
MSD
|
ဤသို့ပြုရသော ကုသိုလ်ကံစေတနာတို့ကိုကျွန်တော်များ မေတ္တာရှင်ဖောင်ဒေးရှင်းစင်္ကာပူ အဖွဲ့မှ သာဓု သာဓု သာဓု.... ခေါ်ဆိုရင်း အလှူရှင်များအားလုံး ယခုဘဝမှာပင် ရေလို အေးမြ ကြည်လင်ကာ ရေအကျိုး(၁၀)ပါး မတောင်းပဲပြည့်စုံပြီး နိဗ္ဗာန်သို့ လွယ်ကူ၊ လျှင်မြန်စွာ ရနိုင်၊ ရောက်နိုင်ကြပါစေ လို့ဆုမွန်ကောင်းတောင်းပါသည်ခင်ဗျာ။
အလှူငွေကောက်ခံပေးကြသော ကျွန်တော်တို့ အဖွဲ့ဝင် ညီအစ်ကို၊ မောင်နှမများကိုလည်း ကျွန်တော် မှ ရိုသေစွာ ကျေးဇူးတင်ရှိပါကြောင်းပြောကြားပါရစေ။ စာဖတ်သူအပေါင်းလည်း ဝမ်းမြောက်၊ ဝမ်းသာ သာဓုအနုမောဓနာခေါ်ဆိုနိုင်ကြပါစေခင်ဗျာ။
8Yar
3rd Apr 2012
Subscribe to:
Posts (Atom)