Wednesday 7 September 2011

ကျေးဇူးတင်လွှာ




မင်္ဂလာပါခင်ဗျာ။ ကျွန်တော်8Yar နေအတော်အတန်ကောင်းသွားပြီ ဖြစ်ပါသဖြင့် ကျေးဇူးတင်ထိုက်သူများကို ကျေးဇူးတင်စကားဆိုပါရစေခင်ဗျာ။

ကျွန်တော် ကျေးဇူးတင်စကားဆိုလိုသူများကတော့.....

ကျွန်တော့ရဲ့ တောင်းပန်ခြင်း Post တင်တင်ခြင်းအပြေး Comment လာပေးတဲ့၊ ကျွန်တော်က တစ်ခါတစ်ခါ သမံစီးလို့ခေါ်ရတဲ့ အစ်မသမီးစံ

ကျွန်တော်ကို ဆုတောင်းပေးသွားတဲ့ အစ်ကို MGTHANT

ကျန်းမားရေးဂရုစိုက်ပါလို့ မှာသွားတဲ့ အစ်မ Angelhlaing(May everybody be happy and healthy!

ကဲ ဖြစ်ပြီ... ဘာတွေသွားစားလို့တုန်း... ဆိုပြီး စိုးရိမ်သံနဲ့ အတူ CBox မှာဝမ်းနည်းသွားရှာတဲ့ ကျွန်တော့ရဲ့ အခင်ရဆုံးသူငယ်ချင်း Candy

ကျွန်တော့ကို ဆုတောင်းပေးပြီး link ထားသွားမပေးတဲ့ Gyidaw

နေကောင်းပြီးကျန်းကျန်းမာမာနဲ့အရင်လိုလမ်းသလားနိုင်ပါစေ..လို့ ဆုတောင်းပေးသွားပေးတဲ့ အစ်ကိုချင်း

အမြန်ဆုံးနေကောင်းလာစေကြောင်း ဆုတောင်းပေးတဲ့ အလင်းသစ်

ကျွန်တော်အားရှိအောင် အမြဲလာလာအားပေးတဲ့ အစ်ကိုမောင်မျိုး

စိတ်တပူတပန်နဲ့ Comment လာပေးရှာတဲ့ အစ်မကြီး မဒိုးကန်

အမြန်ဆုံး နေကောင်း ကျန်းမာပါစေနော် ဆိုတဲ့ အစ်မမိုးခါး

ကျွန်တော့ဆီလာလည်တိုင်း Comment မထားတတ်တဲ့ အစ်မ ခင်ဦးမေ

Comment လေးတွေနဲ့အတူ ဆုတောင်းလေးတွေ ရေးပေးတတ်တဲ့ အန်တီတင့်

ခရီးကပြန်ရောက်ရောက်ချင်းအပြေးလာမေးတဲ့ အစ်ကိုဒု ခေါ် ဒုတိယလူ

ကျွန်တော်လေးစားရတဲ့ ချယ်ရီမြေမှ ဘုန်းဘုန်း နှင့်

စာမချန်ခဲ့ပေမယ့်  စိတ်ထဲကနေပြီး ဆုတောင်းပေးသွားကြတဲ့ ဘလော့ကာ မောင်နှမများနဲ့ စာဖတ်သူအပေါင်းတို့ကို ကျွန်တော်ရင်ထဲ၊ အသဲထဲ ကနေ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါရစေခင်ဗျာ။

ကောင်းသောနေ့လေး ဖြစ်ပါစေခင်ဗျာ။
8Yar
7th Sep 2011

9 comments:

mstint said...

နေကောင်းတာကြားရလို့ ဝမ်းသာပါတယ် 8Yar ရယ်။ THANK YOU ဆိုတဲ့ စာလုံးလေးကို သဘောကျတယ်း)
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးခါး said...

ဒါ ဘာမှမဟုတ်ဘူး
သူများတကာလင့်တွေနဲ့ ငံပြာရည်ကျိုဒါါါါ
မသိတာလိုက်လို့ .. :P

Candy said...

ပြန်ကောင်းသွားပြီပေါ့... တော်သေးတယ် ဗိုက်တွေဘာတွေ မခွဲရတာ ကံကောင်းတယ်လို့မှတ်... :P :P :P

8Yar said...

အန်တီတင့် > အန်တီတင့် ရေ ကျွန်တော်ရှာထားတဲ့ပုံလေးကို ကြိုက်တယ်ဆိုလို့ ဝမ်းသာပါတယ်ခင်ဗျာ။ အန်တီတင့် လည်း စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ခင်ဗျာ။

မိုးခါး > ဟုတ်ကဲ့ ငံပြာရည်ပဲကျိုကျို၊ ဆားပဲချက်ချက် ကျွန်တော်ကတော့ အစ်မမိုးခါးကို ကျေးဇူးတင်လျှက်ပါခင်ဗျာ။

Candy > ဟုတ်တယ်။ ကျွန်တော်လည်း ခွဲရပြီထင်နေတာ။ ခွဲရရင်လည်းမလွယ်ဘူး။ ကျွန်တော့မှာ ဘာ insurance မှရှိတာမဟုတ်ဘူး။ ပြီးတော့ကျွန်တော့လုပ်နေတဲ့ company ကလည်းဘာမှ claim ခွင့်မပေးဘူး။ အဲဒါကြောင့် မခွဲရပဲသက်သာလာတာကိုပဲ ဝမ်းသာမိပါတယ်ဗျာ။ ကျွန်တော့ကို အမြဲဂရုတစိုက်လာလာကြည့်တဲ့အတွက် သူငယ်ချင်း Candyကို ကျေးဇူးကမ္ဘာပါလို့ပြောပါရစေ။

မဒမ်ကိုး said...

ကဲ ကောင်းပြီဆိုရင် တာဝန်ရှိတယ်ဆရာ
စာစရေးပါး)

ငါ့မောင်လေး စိတ်လက်ချမ်းသာရှိပါစေ

အမကြီး
မဒိုးကန်

Maung Myo said...

နေကောင်းပြီဆိုလို့ ၀မ်းသာပါတယ် ညီရေ့ ကျေးဇူးတင်ဖို့မလိုပါဘူးဗျာာား)

ကျန်းမာရေး ဂရုစိုက်နော့် ပျော်ရွှင်ပါစေ ။

Unknown said...

မင်္ဂလာပါ ကို 8yar ရေ
ရပ်ဝေးမြေခြားမှာ ကျမ်းမာရေးမကောင်းရင်
ပိုခံစားရတယ်မဟုတ်လား
ကျွန်တော် နေမကောင်းတုံးကတော့ အော်အော်ပြီး ငိုပစ်လိုက်တာ
အခုလို့နေကောင်းသွားပီကြားရလို့ ၀မ်းသာပါတယ်ဗျာ

KMC@ချင်းလေး said...

ခုလိုပြန်မာလာတာသိရလို့ဝမ်းသာမိပါတယ်အစ်ကို..။ကျေးဇူးတော့မတင်ပါနဲ့ဗျာ.ကိုယ်တိုင်ကိုယ်ကျလာပြုစုပေးရတာမှမဟုတ်တာ။ မိသားစုနဲ့ဝေးရာမျာနေတဲ့သူတွေနေထိုင်မကောင်းရင်အရမ်းအားငယ်မိတတ်တာမို့ကိုယ်ချင်းစာလို့အားမငယ်ရအောင်နှစ်သိမ့်ပေးတာပါ။ နောက်လည်းသေသေချာချာဂရုစိုက်ပါအစ်ကိုအိပ်ရာရေ..:)

8Yar said...

မဒမ်ကိုး > :P ဟုတ်ရေးဖို့ကြိုးစားနေပါတယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

မောင်မျိုး > ဟုတ်ကဲ့ ကျန်းမာရေး ဂရုစိုက်ပါ့မယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

ဒုတိယလူ > ကျွန်တော်လည်း အော်အော်ငိုချင်တာ ကောင်မလေးတွေကြည့်နေလို့ ဟီး.... အကြံပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။

KMC@ချင်းလေး > ဟုတ်တယ်ဗျာ အားငယ်တာတော့ပြောမနေနဲ့။ ဒီဘလော့မောင်နှမတွေရှိနေလို့ပေါ့။ မဟုတ်ရင် ကျွန်တော်နလံတောင်ထူနိုင်မှာမဟုတ်ဘူး။ ဪကြုံလို့ပြောပါရစေ။ ကျွန်တော်က 1981 ဖွားပါခင်ဗျာ။ အစ်ကိုချင်းနဲ့ အစ်မသမီးစံ တို့အငြင်းပွါးနေတာလေး အမြင်ရှင်းအောင်လို့ပါ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။