Saturday, 17 September 2011

အမှန်



အပြင်မှာ မိုးကျတယ်
အိမ်မှာ တစ်ယောက်တည်း

နာရီတွေ များတယ်
အချိန်တွေ ရှားတယ်

တွေးစရာနဲ့ ရေးစရာ မရှိပေမယ့်
ငါ့မှာ ပေးချင်တာတော့ ရှိတယ်

ခပ်ပျော့ပျော့ လေတစ်ချက်ကြောင့်
ပြင်းထန်တဲ့လှိုင်းတံပိုး ငါ့ရင်မှာထိတယ်

သိတယ်
ဒါပေမယ့်မပြောချင်ဘူး

ပြောလို့ရတဲ့ စကားတွေကျတော့
မုသားစစ်စစ်တွေ ဖြစ်နေတယ်

ကဲ.... ငါဘာလုပ်ရမလဲ?

8Yar
17th Sep 2011

19 comments:

jasmine(တောင်ကြီး) said...

နာရီတွေ များတယ်
အချိန်တွေ ရှားတယ်....


ပြောလို့ရတဲ့ စကားတွေကျတော့
မုသားစစ်စစ်တွေ ဖြစ်နေတယ်....

အဲဒီစာသားတွေ ကိုကြိုက်တယ်...
အတွေးကောင်းတယ်
ခင်မင်တဲ့ jasmine

ညီရဲ said...

မုသား စစ်စစ်တွေတဲ့လား။ စကားလုံးတွေ လှလိုက်တာ...

မေသိမ့်သိမ့် ကျော် said...

နာရီတွေ များတယ်
အချိန်တွေ ရှားတယ်

တစ်ရက် ၂၄ နာရီနဲ့ မလောက်လို့ အချိန်လေးများချေးငှားကြပါလို့...

တွေးစရာနဲ့ ရေးစရာ မရှိပေမယ့်
ငါ့မှာ ပေးချင်တာတော့ ရှိတယ်

ယူချင်ယူ မယူချင်နေ။ ပေးနေရမှာပါပဲ။း)

ခင်တဲ့
မေသိမ့်

Anonymous said...

ကြိုက်တယ်ဗျာ စာသားတွေကို တွေးတတ်လိုက်တာ အနုပညာပါရမီရှိလိုက်ပါ ပေ့အိပ်ယာရယ် လိပ်ပြာတောင့်လွင့်လောက်တယ် မင်စာသားတွေက ငါ့ရင်မှာ ထာဝရနားသွားပီကွာ...ကာရံစပ်ကြည့်တာနော် ငယ်ချင်း ခင်မင်လေးစားလျှက် မောင်(စွယ်စုံကျမ်း)

MGTHANT said...

ပေးက ပေးပါ။ စေတနာပါက မုသားစစ်စ်လည်း ရွှေအစစ်ထက် တန်ဖိုးရှိ၏

8Yar said...

jasmine(တောင်ကြီး)<< ကျေးဇူးပါအစ်မJas ရေ။ အမြဲလာလာ အားပေးတဲ့အတွက် ကျွန်တော်အရမ်း အားဖြစ်ရပါတယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

ညီရဲ<< အစ်ကိုကြိုက်တယ်ဆိုလို့ ဝမ်းသာရပါတယ် ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

မေသိမ့်သိမ့် ကျော်<< ဟား ဟား ဟား ဟား လူဆိုး အစ်မမေသိမ့်။ အချိန်ကတကယ်မလောက်တာ အိပ်တာနဲ့စားတာတင် အချိန်နှစ်ရက် ကုန်သွားပြီ။ "ယူချင်ယူ မယူချင်နေ။ ပေးနေရမှာပါပဲ။" တဲ့ အစ်မက ရည်းစားစာပေးတာကျနေတာပဲ။ ဟား ဟား ဟား ဟား Comment လေးအတွက်ကျေးဇူးပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

8Yar said...

မောင်(စွယ်စုံကျမ်း)<< ကာရံလေးနဲ့လာအားပေးတဲ့ အစ်ကိုမောင်ရေ ကျေးဇူးပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

MGTHANT<< မှတ်သားထားပါတယ် အစ်ကိုမောင်သန့်ရေ။ လာအားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

ချယ်ရီမြေ said...

အိပ်ချိန်နဲနဲလျော့၊ ကော်ဖီသောက်ပြီးတွေးရေး၊ လှိုင်းကြီးလှေအောက်ပါ၊ သိတယ်လေ.. ဒါကြောင့် ပြောလိုက်ပါ ထွက်လာမယ့်စကားက ရင်ဘတ်ချိုထဲက အဖြူရောက်မုသားတွေဖြစ်မှာပါ.. 8yar...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

Candy said...

ငါ့သူငယ်ချင်းကတော့... ရေးထားတာ လန်ထွက်နေတာပဲ..... ဟားဟား... စာသားရော.. အဓိပ္ပာယ်ရော အရမ်းမိုက်တယ်ဗျို့..

8Yar said...

ချယ်ရီမြေ<< တင်ပါ့ဘုရား။ ဘုန်းဘုန်းတို့များ လောကီရော။ လောကုတ္တရာပါ တော်ချက်ကတော့ ဗြန်းဗြန်းကွဲပဲ။ လွန်သွားရင် ကန်တော့ပါတယ် ဘုရား။ ဘုန်းဘုန်းအရေးသားလေးကို သဘောကျမိလို့ပါဘုရား။ :) ကောင်းသောနေ့လေးဖြစ်ပါစေ။

Candy<< ကျေးကျေးပါ သူငယ်ချင်းရေ။ သူငယ်ချင်းတို့ ခံစားလို့ရတယ် ဆိုရင်ပဲ 8Yar တစ်ယောက်အရမ်းပျော်နေပါပြီဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ။ :D

AH said...

တွေးစရာနဲ့ ရေးစရာမရှိပေမယ့် မန့်တော့ မန့်ခဲပါရစေ - အရမ်းကြိုက်ပါတယ် ခင်ဗျာ။
ခင်မင်စွာဖြင့်
AH

အလင်းသစ် said...

ကောင်းလိုက်တဲ့ကဗျာ။။။ တွေးစရာတွေ အများကြီးပါတယ်။။။ ကဗျာလေး
ကြိုက်တယ်ညီလေးရေ။။

ဒုတိယလူ said...

အပြင်မှာ မိုးကျတယ်
အိမ်မှာ တစ်ယောက်တည်း

နာရီတွေ များတယ်
အချိန်တွေ ရှားတယ်

ဂေါ်ဖီတွေ ကျော်စားမယ်
ဟိဟိ..ကောင်းတယ်ကို8yar ရေ
အားပေးသွားပါတယ်ဗျာ.
.. (ဒုတိယ)

မောင်မျိုး said...

ဒီတိုင်းလေးပဲ လောကကြီးနဲ့ လားရာအတိုင်းစီးမျောလိုက်ပေါ့ ညီရေ့ အစ်ကိုတို့လည်း ဒီလိုပါပဲ ။

www.sweet-sweet-tgi.blogspot.com said...

ကြိုက်တယ်ဗျို့

8Yar said...

AH<< ဟုတ်ကဲ့မန့်ခဲ့ပါခင်ဗျာ။ ကျေးဇူးလဲတင်ပါ အစ်ကိုရေ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

အလင်းသစ်<< အစ်ကို့ လေးကို ကျွန်တော် အရမ်းအားရပါတယ် ခင်ဗျာ။ လာအားပေးတဲ့ အတွက်ကျေးဇူးပါခင်ဗျာ။

ဒုတိယလူ<< ဟုတ်ကဲ့ ကြော်စားပါခင်ဗျာ။ ပြီးရင်ကျွန်တော့ကိုလည်း တစ်ပွဲပေးပါနော်။ ကျွန်တော်လည်း ကြိုက်တယ်ဗျ။ ခစ်ခစ် :P

8Yar said...

မောင်မျိုး<< ဟုတ်ကဲ့ပါ အစ်ကိုမောင်မျိုး။ မှတ်သားထားပါ့မယ်ခင်ဗျာ။ လာအားပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

www.sweet-sweet-tgi.blogspot.com<< ကျေးဇူးပါဗျိုး။ နောက်လည်းလာလည်ဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

mstint said...

ခရီးထွက်နေလို့ အခုမှအကြွေးတွေ လိုက်ဆပ်နေတယ် 8Yar ရေ။
ကဗျာလေးအားပေးသွားတယ် တစ်ယောက်ထဲ အထီးကျန်တဲ့အခါ နာရီတွေများနေတတ်တယ် ဒါပေမယ့်အတွေးနယ်ချဲ့နေရတာမို့ အချိန်ကမလောက်ပြန်ဘူးနော် (တွေးမိတွေးရာရေးသွားတာနော်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အလွမ်းမြို့လေး said...

အလွမ်းမြို့


လာရောက်အားပေးသွားတယ်။။