Sunday 11 September 2011

ဘလော့ဂါ ဆိုတာဘာလဲ?



ဒီနေ့တော့ အိပ်ယာနိုးတယ်ဆိုရင်ပဲ ခေါင်းထဲမှာပေါ်လာတာက ဘလော့ဂါ ဆိုတာဘာလဲ ဆိုတဲ့ အကြွေးရှင်တွေဖြစ်တဲ့ အစ်ကိုရင်၊ အစ်မ မဒန်ကိုး နဲ့ သူငယ်ချင်း Candy တို့ကိုသတိရလိုက်တယ်။ အခုလောက်ဆိုရင် နတ်ထက်ဆိုးတဲ့ အစ်ကိုရင်နဲ့ အစ်မကိုး တို့နှစ်ယောက် 8Yarလေးကို ဘယ်လိုကိုင်လိုက်မယ် ဆိုတာများဆွေးနွေးနေမလား… Candy တစ်ယောက် မြန်မာပြည်ကမှာထားတဲ့ ခဲတံတွေနဲ့ပဲ ကျွန်တော်ပုံတွေလျှောက်ဆွဲနေမလား… ဆိုတဲ့စိုးရိမ်စိတ်တွေဖြစ်မိတယ် ဆိုရင်ပဲ အိပ်ယာကငေါက်ကနဲထ Computer ဆီပြေး၊ Computer ဖွင့်ပြီး တဂျောင်းဂျောင်းနဲ့ အောက်ပါအတိုင်းစရိုက်ပါတော့သည်။

ဘလော့ဂါဆိုတာ ဘလာဂေါ့ ပါလို့ပြောပြီး Post တင်လိုက်ရင်၊ 8Yarကိုအဝေးပစ်မဲ့သူတွေ၊ အနီးကပ်ဖြုတ်မဲ့သူတွေအပြင်၊ 8Yarတို့ လိုက်ယား၊ လိုက်ယား အပြင်ထွက်လာရင် ခြေသလုံးဖက်ကိုက်မဲ့သူတွေ၊ နားရွက်ပြေးဆွဲမဲ့သူတွေ၊ ဗိုက်ကြောပြတ်အောင်လုပ်မဲ့သူတွေ နည်းမှာဟုတ်ဖူး။ အဲဒီတော့......

ဘလော့ဂါဆိုတာ......
ကျောင်းပြေး၊ အလစ်သုတ်၊ လမ်းဘေးထိုင် လေကန်၊ အရက်သောက်၊ ဖဲရိုက်၊ ကြက်တိုက်၊ ပုဆိုးကွင်းသိုင်း လမ်းပေါ်တက်၊ အော်ကြောလန်၊ ပြည်သူ့ချဉ်ဖတ်၊ ငတတ်ပြား၊ ကြက်စား၊ ၀က်များတောင်ချမ်းသာမပေးတဲ့သူ (ရောင်းစားတာကို ပြောတာနော်) စတဲ့လူတွေလို့တော့ မထင်လိုက်ပါနဲ့ခင်ဗျာ။ 

ဘလော့ဂါဆိုတာ......
အချိန်ပေး၊
ပိုက်ဆံစု (စုလို့မရရင် Over Time ဆင်း)၊
ကွန်ပျူတာဝယ်(၀ယ်လို့မရရင် သူများဆီကတောင်းသုံး၊ တောင်းလို့မရရင် ရိုက်လု အဲ….ဘွာတေး အဲဒါမပါဘူး)၊
အွန်လိုင်းတက်၊
ခံစားချက်တွေသွန်ချ၊
တစ်ချို့ကသောက်ထားတာတွေသွန်ချတယ် (အဲဒါအစ်မကိုးရဲ့ အချစ်တုံး အစ်ကိုရင်)၊ 
တစ်ချို့ကဟင်းတွေသွန်ထည့် (အဲဒါ Candy :P)၊ 
တစ်ချို့ကနည်းပညာတွေသွန်၊ တစ်ချို့ကသွားသမျှ စားသမျှတွေသွန်ထည့် (အဲ့ သွားသမျှဆိုတာ လျှောက်သွားသမျှနေရာအကြောင်း ပြောတာနော်)၊ 
တစ်ချို့ကနှလုံးသွေးတွေကို ကဗျာဆိုတဲ့ပါကင်လှလှလေးတွေနဲ့ ထုတ်ပြီးပစ်ထည့်၊ 
တစ်ချို့ကဖတ်မိသမျှသတင်းတွေရော အတင်းတွေရောသွန်ထည့်၊ 
အချို့ကတရားရေအေးလေတွေသွန်ချပေး(ဘလော့ဂါတွေက လူမှောင်တွေများလို့ထင်တယ် :P)၊ 
အဲဒီလိုရသစုံ၊ ဗဟုသုတစုံ ဟင်းအိုးကြီးထဲမှာ 8Yarတစ်ယောက် လက်ပစ်ကူးနေတာ သုံးနှစ်ပြည့်ခါနီးမှ ကမ်းပေါ်ရောက်တော့တယ်။ ရောက်တယ်ဆိုရင်ပဲ ဘယ်ကရှိထားတဲ့ အငြှိုးတွေနဲ့လည်းမသိ ရှိသမျှ သွန်ထည့်နေလိုက်တာ အခုဆိုရင်အကျင့်ကြီးတစ်ခုလိုတောင် ဖြစ်သွားခဲ့ပြီ။ ဘလော့မဂင်းရတဲ့နေ့တွေဆို မျက်ရည်လေးစမ်းစမ်းနဲ့ ကြက်သွန်လှီး အဲလေ.... ကောင်မလေးကိုဖက်ဖက်ငိုရတာအမော(ဟီး...ဟီး...အဲလိုဝမ်းနည်းတာ)။ 

ဘယ်လိုပဲဖြစ်ဖြစ် မတူကွဲပြားဘဲ မူကွဲများတဲ့သူတွေဖြစ်ပါစေ။ တူနေတာတစ်ခုက ခံယူချက်ပါ။ ကိုယ့်မှာရှိတဲ့ သုတ၊ ရသ၊ ဒဿနနဲ့ ပညာတွေကို ဘာပြန်ခံစားခွင့်တွေမှ မမျှော်လင့်ဘဲပေးချင်နေသူတွေပါ။ အဲဒါကြောင့် ဘလော့ဂါဆိုတာ ကျွန်တော်8Yarအနေနဲ့ အွန်လိုင်း ဝေသန္တရာလက်သစ်တွေလို့ တင်စားပါရစေ။ 

ကျွန်တော့ကိုTagထားတဲ့ ဘလော့မောင်နှမများ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါရစေခင်ဗျာ။ ဒီပို့စ်လေးနဲ့အတူ ကျွန်တော့ဆီလာလည်ကြတဲ့ ဘလော့ဂါမောင်နှမများကို Tagလိုက်ပါတယ်ခင်ဗျာ။ (လာမလည်တဲ့ သူငယ်ချင်းများကိုလည်း လာလည်ရဲ့သားနဲ့ မရေးတာလို့သဘောထားပြီး စိတ်ဆိုးပါ့မယ်။ ဟီး….စတာနော်) အစ်ကိုရင်ပြောသလို “မသိမသာလှည့်ပြန်ဖို့ မကြိုးစားပါနဲ့မိတ်ဆွေ” ရဲရဲသာCommentထားခဲ့ပါ၊ နောက်ရက်အကြွေးလာတောင်းပါ့မယ်ခင်ဗျာ ဟတ် ဟတ် ဟတ် ဟတ် ချစ်လို့စတာနော်။ အဆင်ပြေမှရေးပေးပါခင်ဗျာ။

ကောင်းသောနေ့လေးဖြစ်ပါစေလို့ ဆုမွန်ခြွေလျက်
8Yar
11th Sep 2011

21 comments:

Candy said...

ဟီးဟီးဟီး... ဟုတ်တယ်..မှန်တယ်.. ဒီနေ့မှ မရေးရင် ဘာလုပ်ရင်ကောင်းမလဲ တွေးတဲ့အဆင့်ရောက်နေပြီ... ကံကောင်းသွားတယ်မှတ်ပါ... :P :P :P

Anonymous said...

မသိမသာ၊ဖာသိဖာသာ...အသာလေး
သူခိုးခြေလှမ်းနှင့်..အသာလေး..
နောက်ပြန်လှည့်သွားပါသည်။:P
"နာ"ပါဝူးနော်..

မအိမ်သူ said...

ကွန်မန့်ကို ရဲရဲထားခဲ့ရမယ်တဲ့လား.. ကျုပ်ကတော့ ခြိမ်းခြောက်တာကြီးကြောက်တာနဲ့ ကျုပ်ကွန်မန့်လေးကို မရဲတရဲလေးပဲထားခဲ့ပါတယ်တော်။ ((((((ကွန်ပျူတာထဲ အကုန်သွန်ထည့်တတ်သောသူများကို ဘလော့ဂါဟုခေါ်ပါသည်)))))) ငယ်ငယ်ကစာကျက်သလို အထပ်ထပ်အော်ပြီးကျက်မှတ်သွားပါသည်။းP

Maung Myo said...

း) ဒီဘလော့ဂါလေးလည်း တော်တော် စကားတတ်လာပြီ ကောင်းပါ့ ။

word verification ကြီးဖြုတ်ပေးပါလားခင်ဗျားးး

မိုးခါး said...

ဟဟဟ
မောင်မျိုး .. ကွန်ပလိန်းတက်ပြန်ဘီ .. နာ့တုန်းကလဲ အဲ့လိုပဲ သိလား .. :D

သြော် .. ဂလိုကိုး .. စောင်းမပြောနဲ့ဟာ .. တည့်တည့်ပြော သတ္တိရှိရင် .. ဟွင်းဟွင်း :P

ဇော်သိင်္ခ said...

ဘလော့ဂ်ဂါဆိုတာ လေး ဖတ်သွာပါပြီ.. အိပ်ယာရေ...
ရေးတက်တယ်နော်. ဟာသလေး နှောပြီး...
:)
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

အလင်းသစ် said...

အားပေးသွားပြီ ညီလေးရေ...

ကိုရင် said...

ဆိုတော့ကာ...
ဘလော့ဂါဆိုတာ ရုပ်တည်ကြီးနဲ့ ပေါက်ကရ ပြောတဲ့သူ ဖြစ်တယ်..

word verification ကြီးရှုပ်နေတယ်..ဒါရောဆို ပြောတာ နှစ်ကြိမ်ရှိပြီ...:P

နေကောင်းပါစေ ညီလေး

စံပယ်ချို said...

ဗဟုသုတစုံ ဟင်းအိုးကြီးထဲမှာ 8Yarတစ်ယောက် လက်ပစ်ကူးနေတာ သုံးနှစ်ပြည့်ခါနီးမှ ကမ်းပေါ်ရောက်တော့တယ်...ဆိုတော့
အများကြီးသိနေပြီပဲ.....လုပ်ပါအုန်းဆရာတင်ပါတယ်ရှင်..
ဖတ်သွားပါတယ်...ရဲရဲကြီးရေးခဲ့ပါဆိုလို့သာရေးရတာပါ။

Maung Myo said...
This comment has been removed by the author.
8Yar said...

Candy > ဟွင်း ဟွင်း ဟွင်း သိနေတယ်လေ ကိုယ့်သူငယ်ချင်း အကြောင်း။ မဟုတ်ရင် Candy ရဲ့ မှော်ခဲတံကြောင့် 8Yarတစ်ယောက်အဖြူ၊ အမဲ ခေတ်ကိုပြန်ရောက်သွားနိုင်တယ်။ ဟိဟိ :P

Anonymous > ဗြဲ... သားကိုလူလည်လုပ်သွားပြီ တစ်ယောက် မိလို့ကတော့ 8Yar ခေါင်းပေါ်က ဆံပင်နှုတ်ပြီးကိုလိုက်ရိုက်ပစ်မယ်။ :P (မှတ်ချက်။ ။ မောင်နှမတွေမို့ တုတ်နဲ့မရိုက်ရက်ပါ။)

မအိမ်သူ > ဟတ် ဟတ် ဟတ် နောက်တာပါ အစ်မရယ်။ စာကျက်လို့ရရင် လာပြန်နော်။ စာရရင် ဆန်ပြုပ်တိုက်မယ်။ :P

8Yar said...

မောင်မျိုး > ဟီး ကျေးဇူးပါ အစ်ကိုမောင်မျိုး တတ်တာမဟုတ်ပါဘူးခင်ဗျာ။ အစ်ကိုတို့ကိုပျော်စေချင်လို့ ကြိုးစားထားတာပါခင်ဗျာ။
(ဟုတ်ကဲ့ Show word verification for comments? ဆိုတာလေးတော့ No လုပ်ထားပါတယ်ခင်ဗျာ။ ကျွန်တော်လည်းသိပ်မကျွမ်းကျင်တော့ ဘယ်နားမှာ ဘာလုပ်ရမယ် ဆိုတာမသိလို့ပါ။ လိုတာရှိလည်းညွှန်ပေးပါအုံးခင်ဗျာ။)

မိုးခါး > ဒါဆို အစ်ကိုမောင်မျိုး ကွန်ပလိန်းတက်တာ ကျွန်တော်က ဒုတိရမြောက်ပေါ့။ တော်သေးတာပေါ့ Lonely ဖြစ်ပီထင်နေတာ။ :P သတ္တိကတော့ရှိပါတယ်ခင်ဗျာ ဘယ်နေရာမှာရှိမှန်းမသိလို့ တစ်ခါမှ ထုတ်မသုံးဖူးဘူး။ ဟီး...

ဇော်သိင်္ခ > ကျွန်တော့ကို အားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။ အစ်ကိုတို့ ပြုံးဖြစ်တယ်ဆိုရင်ပဲ ကျေနပ်လှပါပြီခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ။

Anonymous said...

လာဖတ်သွားတယ်ညီ

8Yar said...

အလင်းသစ် > တကူးတကာ လာအားပေးတဲ့အတွက် ကျေးဇူးပါ အစ်ကိုအလင်းရေ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

ကိုရင်သာပျော့ > အွန်လိုင်းဝေသန္တရာလက်သစ်ပါဆို လူဆိုး...။ သူများကို အဆင်းဘီးတတ်ပေးနေပြန်ပြီ ဟတ်ဟတ်ဟတ်... Comment လေးအတွက်ရော၊ ဆုတောင်းပေးတဲ့ အတွက်ပါ ကျေးဇူးကမ္ဘာပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ။
(ဟုတ်ကဲ့ Show word verification for comments? ဆိုတာလေးတော့ No လုပ်ထားပါတယ်ခင်ဗျာ။ ကျွန်တော်လည်းသိပ်မကျွမ်းကျင်တော့ ဘယ်နားမှာ ဘာလုပ်ရမယ် ဆိုတာမသိလို့ပါ။ လိုတာရှိလည်းညွှန်ပေးပါအုံးခင်ဗျာ။)

jasmine(တောင်ကြီး) > ဟီး ကိုယ့်ကိုကိုယ်သိတယ်လို့ ထင်နေတာပါခင်ဗျာ။ အမှန်က ဘာမှမသိသေးပါဘူးခင်ဗျာ။ လာအားပေးတဲ့အတွက် ကျေးဇူးပါ အစ်မရေ။ မရေးရသေးရင် အကြွေးလာတောင်းပါ့မယ်ခင်ဗျာ။ :P ကောင်းသောနေ့လေးဖြစ်ပါစေ။

8Yar said...

အမှတ်တရ နေ့စွဲများ.... > လာအားပေးတဲ့အတွက် ကျေးဇူးပါအစ်ကိုရေ။ ကောင်းသောနေ့လေးဖြစ်ပါစေ။

Unknown said...

ဟားးးးရယ်ရတယ်ဗျာ
ရေးတက်လိုက်တာ ကို8yar ရေ့
ဆန္ဒနှင့်ဘ၀ တစ်ထပ်တည်းကျပါစေဗျာ


လေးစားခင်မင်လျှက်(ဒုတိယ)

ချယ်ရီမြေ said...

ဖွင့်ဆိုချက်က တယ်ပြောင်မြောက်ပ ဝေသန္တရာလက်သစ်ဆိုပါလား... မတူကွဲပြားဘဲ မူကွဲများတဲ့သူတွေဖြစ်ပါစေ။ တူနေတာတစ်ခုက ခံယူချက်ပါဆိုတဲ့ဖွင့်ဆိုချက်ကိုတော့ အတော်သဘောကျသွားတယ် 8yar ရေ.

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

Angelhlaing(May everybody be happy and healthy! said...

မတူကွဲပြားဘဲ မူကွဲများတဲ့သူတွေဖြစ်ပါစေ။ တူနေတာတစ်ခုက ခံယူချက်ပါဆိုတဲ့...စာသားလေး လှလိုက်တာ ...:):)

8Yar said...

ဒုတိယလူ > ကျေးဂျူးဂျာ ဟတ်ဟတ်ဟတ် စကားတောင်မပီချင်တော့ဘူး။ အစ်ကိုတို့ရီသွားတယ်ဆိုရင်ပဲ အရမ်းပျော်ရပါတယ်ခင်ဗျာ။ အစ်ကိုဒုတစ်ယောက် ဆန္ဒနဲ့ ဘဝ တစ်ထပ်ထဲကျပါစေခင်ဗျာ။

ချယ်ရီမြေ > တင်ပါ့ဘုရား တပည့်တော်ပေးချင်တာလေး မြင်သွားတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်ဘုရား။ Comment လေးအတွက်လည်း ကျေးဇူးတင်ပါတယ်ဘုရား။

Angelhlaing(May everybody be happy and healthy! s > စာသားလေးကို သဘောကျတယ် ဆိုလို့အတိုင်းမသိ ဝမ်းသာရပါတယ်ခင်ဗျာ။ နောက်လည်းလာလည်ဖို့ ဖိတ်ခေါ်ပါရစေ။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

WWKM said...

ယာယာရေ..
ဘလော့ဂါပို့စ်လေးလာဖတ်သွားပါတယ်.
ယာယာတို့ စာရေးကောင်းချက်.
အများကြီးတော်တယ်...

အားပေးလျှက်

အစ်မ၀ါ

8Yar said...

WWKM @နန်းဝါ၀ါမောင်<< အစ်မဝါရေ လာအားပေးတဲ့အတွက် အရမ်းဝမ်းသာရသလို၊ အရမ်းလည်းဂုဏ်ယူရပါတယ်ခင်ဗျာ။ ကျွန်တော့ကိုပစ်မထားပဲ လာလာကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ အစ်မဝါတို့မိသားစုကျန်းမာချမ်းသာကြပါစေ ခင်ဗျာ။