Saturday 10 September 2011

ဘလော့ဂါများအကြောင်း

ကောင်းသောနေ့လေးလို့ ပထမဦးစွာ ကျွန်တော်8Yarမှ လာလည်ကြတဲ့ မောင်နှမများနှင့် စာဖတ်သူများကို နှုတ်ခွန်းဆက်သပါရစေ။

ဒီနေ့တော့ အစ်ကိုဒုTagထားတဲ့ ဘလော့ဂါများအကြောင်းကိုရေးမှာ ဖြစ်ပါတယ်။ မရေးလို့လည်းမရတော့ပါဘူး။ Tagထားတာ တစ်ပတ်လောက်ရှိသွားပြီ။ :P  ဆက်ပြီးအပျင်းထူနေရင် ကျွန်တော်တလေးတစားနဲ့ အစ်ကိုဒုလို့ခေါ်တဲ့ ဒုတိယလူက ပထမလူတို့၊ တတိယလူတို့ကိုခေါ်ပြီး ကျွန်တော်8Yarလေးကို အစ်ကိုမြစ်ကျိုးအင်းကျင်းပနေတဲ့ Blogerပွဲဈေးတန်းမှာ သွားရောင်းပါလိမ့်မယ်။ သူလည်း နှိပ်စက်စရာဆိုလို့ ဒီညီလေးတွေပဲရှိတာဆိုတော့ မပြောသာဘူးပေါ့။ ကိုယ့်အလှည့်ကျရင်လည်း နှိပ်စက်စရာ ဒီအစ်ကိုတွေပဲရှိတာဆိုတော့ ဟွင်းဟွင်းဟွင်းဟွင်း.......

အမှန်တော့ ကျွန်တော်Blog Dayမှာရေးခဲ့တဲ့အတိုင်း ကျွန်တော်ဟာBlogerတွေအကြောင်းသိပ်မသိပါ။ အဲဒါကြောင့် သိတာထက်၊ ထင်တာနဲ့မြင်တာလေးတွေ ရေးပါရစေလို့ ကြိုတောင်းပန်ပါရစေ။

ကဲပြောနေကြာတယ်....... လာလေရော့…...
ကလောင်သွား လျှာမှာတို့ပါလို့..... 
စာရွက်ကို တံတွေးစွတ်ကာ ရေးလိုက်မယ်......
ဘလော့ဂါများအကြောင်း ဖြစ်လေရော့ဟယ်.....

တစ်နေ့တစ်၌ ကျွန်တော်8Yarတစ်ယောက် အိပ်ရာမှနိုးလျှင်နိုးခြင်း မျက်နှာမသစ်၊ သွားမတိုက်၊ ရေမချိုးဘဲ Blogerမြို့လေးထဲသို့ စောင်ပေစောင်ပေနှင့် ထွက်လာခဲ့လေသည်။ သွားရင်းသွားရင်းနှင့် ပထမဆုံးဝင်ဖြစ်တဲ့အိမ်က အစ်ကိုဒုတိယအိမ်ပေါ့။ သူTagထားတာကိုး.. တတ်နိုင်ဘူးဒီလိုပဲ ညစ်ညစ်ပတ်ပတ်နဲ့ဝင်ရတော့မှာပဲ။ :P  အိမ်ထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ ကဗျာတွေကဟိုတစ်စဒီတစ်စ ချိတ်ဆွဲထားလေရဲ့။ အစ်ကိုဒုကိုတော့ အရိပ်အယောင်လေးတောင် မမြင်ရဘူး။ အဲဒါနဲ့ 8Yarတို့လည်း ငတက်ပြားခြေလှမ်းနဲ့ အဲလေ… သူကြီးမင်းခြေလှမ်းနဲ့ တစ်လှမ်းခြင်းဝင်လာခဲ့ပါတယ်။ သူ့ကိုမတွေ့မဲ့အတူတူ ကဗျာတွေကိုပဲလိုက်ကူး..... ဟုတ်ပေါင်... ကဗျာတွေကိုပဲလိုက်ဖတ်ရင်ကောင်းမလား၊ စာတွေကိုလိုက်ဖတ်ရင်ကောင်းမလား စဉ်းစားနေတုန်း.... 
“လုပ်ထားကွ..... ယောက်ဖု။”
“ကြိုးစားထား....”
“ဟုတ်ပြီဟုတ်ပြီ.... ရတော့မယ်။” ဆိုတဲ့ အစ်ကိုဒုရဲ့ သြတောတော၊ ပြာတာတာ၊ အသံကို နံရံတစ်ဖက်ကနေကြားလိုက်ရပါလေရော။ 

အစကတော့ ယောက်ဖုဆိုတဲ့သူ အပင်များတက်နေသလား ဆိုတဲ့စိုးရိမ်စိတ်နဲ့ အပြေးအလွှားသွားစပ်စုကြည့်လိုက်တော့ 
လား...... လား......
ယောက်ဖုဆိုတဲ့လူက အပင်တက်ဖို့နေနေသာသာ၊ ခုံပေါ်တောင်တက်မထိုင်ပါဘူး။ မြေကြီးပေါ်မှာငုတ်တုတ်ကြီးထိုင်ပြီး၊ လက်ထဲမှာလည်းခဲတံတစ်ချောင်းကိုကိုင်လို့ သူ့အရှေ့မြေကြီးပေါ်က စာရွက်ကို စူးစိုက်ကြည့်နေပုံက ကျန်ကျောင်းက ကြွက်ငါးကောင်ကို ခုတ်တော့မဲ့ပုံနဲ့။ ပြောချင်တာက အရမ်းကိုတည်ကြည်တဲ့ စတိုင်လ်နဲ့စူးစိုက်ကြည့်နေတာကို ပြောချင်တာပါ။ မရေးတတ်တော့ တစ်မျိုးဖြစ်သွားမှာစိုးလို့။ :P (ချိတ်ချိုးရဘူးနော် အစ်ကိုယောက်ဖု)
အဲဒါနဲ့8Yarလည်း လိုက်ကြည့်တာပေါ့ ဘာများလဲလို့။ စာရွက်ပေါ်မှာရေးထားတာက 
သူမုန်းတဲ့ ကျွန်တော်” တဲ့.... အဲ့ဒီတော့မှ ကျွန်တော်လည်း သဘောပေါက်သွားတယ်။ အော်...... ကဗျာရေးဖို့Moodသွင်းနေတာပါလား ဆိုတာ။ 

အစ်ကိုဒုကိုကြည့်လိုက်တော့ ချန်ပီယံလိဂ်ကို အားပေးနေသလား အောက်မေ့ရတယ်။ လက်သီးလက်မောင်းတန်းလို့ မထင်ရင်ကွင်းထဲဆင်းကန်မဲ့ပုံပေါ်နေတာနဲ့ မခေါ်ဘဲလှည့်ပြန်ခဲ့ပါတယ်။ အပြန်မှာ အပိုင်းအစအလွမ်း ဆိုတာလေးကိုကြိုက်တာနဲ့ ဘယ်သူ့မှမပြောဘဲယူလာခဲ့လိုက်တယ်။ ကဲနည်းနည်းမြည်းကြည့်ရအောင်။

"ခုတော့..စစ်ကူမရှီတဲ့အရပ်မှာ ငါတစ်ယောက်ထဲ..
ကိုယ့်ဒုးကိုချွန် ကိုယ့်အရိပ် ကိုနင်း..
ဒရောသောပါးနှင့် အပြေးသွားနေမီ ..
ကမ်းတွေရှီရာအရပ်ဆီသို ......"
Good တယ်ဗျာ.... နော်။

အစ်ကိုဒုအိမ်ကနေထွက်လာပြီး ဘယ်သွားရင်ကောင်းမလဲလို့ စဉ်းစားနေတုန်း Candyအိမ်က မီးခိုးတွေအူထွက်လာတာနဲ့ ထိတ်ခနဲဖြစ်ပြီး အပြေးသွားခဲ့ပါတယ်။ သူ့အိမ်ရှေ့ရောက်တော့ လူကြီးတွေရော၊ ကလေးတွေပါ တစ်ရုန်းရုန်းနဲ့ ဘာများဖြစ်ပါလိမ့်ဆိုပြီး လူအုပ်ကြီးကိုတိုးဝှေ့ပြီးကြည့်လိုက်တာ Candyတစ်ယောက် 3Dမျက်မှန်ကြီးကိုတပ်၊ ယောင်းမကိုခါးကြားထိုးပြီး တစ်ခုခုကြော်နေပုံကိုတွေ့လိုက်ရတယ်။ 

“ဘာလဲ” လို့ဘေးကလူကို မေးကြည့်လိုက်တော့ လက်တစ်ဖက်နဲ့နှာခေါင်းကိုပိတ်ပြီး နောက်လက်တစ်ဖက်နဲ့ ရေငုပ်တဲ့ပုံကိုလုပ်ပြတယ်။ ကျွန်တော်သိလိုက်ပြီ ငါးဟင်းချက်နေတယ်ဆိုတာ.... ဒါပေမဲ့ သူကြည့်ရတာ ယောင်းမပျောက်နေပုံပဲ။ ဘာပဲဖြစ်ဖြစ်လေ ဒီနေရာကမြန်မြန်ပြေးမှ မဟုတ်ရင် ငါးကြော်ကြွေးနေအုံးမယ်ဆိုပြီး ခပ်သွက်သွက်ထွက်လာလိုက်တယ်။ 

အဲဒီလိုနဲ့ သမီးစံအိမ်နားရောက်တော့ သမံစီးကို ၀င်တွေ့အုံးမှပဲဆိုပြီးဝင်လာခဲ့တယ်။ ၀င်လာလာခြင်း နည်းနည်းအံ့အားသင့်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်အိမ်လုံးတိတ်ဆိတ်နေလို့လေ။ ကိုယ်ကလည်းသရဲကား နဲ့ အစ်ကိုအောင် Blog ကိုနေ့ခင်းမှကြည့်ရဲတဲ့သူ…တော်ရုံတန်ရုံဆို ပါးစပ်ကအော်ဖို့အဆင်သင့် ဟီး..... ကိုယ့်သူငယ်ချင်းပဲ ကိုယ့်ကိုတော့ မခြောက်လောက်ပါဘူးဆိုပြီး စိတ်တင်းကာဝင်လာခဲ့တယ်။ ခြောက်ရအောင် သူကသရဲမှမဟုတ်တာ နော့။ :P 

ကိုယ့်မှာလည်း ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေရင်း နံရံပေါ်က စာတစ်စောင်ကို မြင်လိုက်တယ်။ အဲဒီစာကိုဖတ်ချင်ရင် ဒီမှာသွားဖတ်ကြည့်။ အနှစ်ချုပ်ကတော့ မြို့တက်ပြီးယောင်္ကျားယူတော့မယ်….အဲလေ…စာမေးပွဲဖြေလိုက်အုံးမယ်တဲ့။ သူ့အိမ်လေးကိုတော့ Blogerမောင်နှမတွေ အပန်းဖြေလို့ရအောင် သော့မခတ်ပဲ ဖွင့်ထားခဲ့တယ်ဆိုပဲ။ အင်း….သာဓုပါဗျား…. နောက်မှ အစ်ကိုချင်းတို့၊ အစ်ကိုမောင်မျိုးတို့ အစ်ကိုမောင်သန့့်် နဲ့အစ်ကိုပီတာတို့ကိုခေါ်ပြီး တစ်ခွက်၊ တစ်ဖလားဆွဲ လိုက်အုံးမှလို့ စဉ်းစားမိတယ်။ ဟင်းနော်… သူများတို့ကို ခွက်ဆွဲ စားတယ်ထင်ရ၀ူးနော်၊ တို့က ခွက်ဆွဲ သောက်တာ။ ခစ်ခစ် ခစ်ခစ် ကလေးတွေမရှိတုန်း လူကြီးတွေသောင်းကျန်းတာပေါ့နော်။ 

လောလောဆယ်တော့ တခြားဖက်ရွေ့လိုက်အုံးမယ် ဆိုပြီး Blogerလမ်းမကြီးအတိုင်း ထွက်လာလိုက်တယ် ဆိုရင်ပဲ ဗိုက်နာချင်သလိုလို ဖြစ်လာတာနဲ့ ကိုယ်လည်းနေအကောင်းကြီးမဟုတ်လေတော့ တခြားအိမ်တွေကို နောက်မှပဲသွားကြည့်တော့မယ်ဆိုပြီး လှည့်ပြန်လာခဲ့ပါတယ်။ 

အစ်ကိုဒုရေ အကြွေးဆပ်လိုက်ပြီနော်။
အပေါ်မှာဖော်ပြခဲ့သော ဘလော့မောင်နှမများခင်ဗျာ။ လွန်တာရှိရင် ဝန္တာမိပါခင်ဗျာ။ ပျော်စေချင်ယုံသက်သက်နဲ့ရေးခြင်းဖြစ်ပါတယ်ခင်ဗျာ။ မကြိုက်တာများပါသွားခဲ့ရင် ကျွန်တော်ပြန်ပြင်ပေးပါ့မယ်လို့ တောင်းပန်ရင်း ကောင်းသောနေ့လေးဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။

8Yar
9th Sep 2011

13 comments:

KMC@ချင်းလေး said...

ကန်ဒီငါးကြော်နေတာယောက်မပျောက်နေတော့ဘာဆက်လုပ်တုန်း? မသိရတာနာတာပဲ.....ဟားဟားဟား

Candy said...

ဟားဟားဟား... ရီရလွန်းလို့ သေတော့မယ်... ရေးလည်းရေးတတ်ပါ့... :D

Angelhlaing(May everybody be happy and healthy! said...

ဘလော့ဂါအကြောင်းလေး မှတ်သားသွားတယ်လို့ :):)

မအိမ်သူ said...

ဘလော့ဂါတွေဟာ မျက်နှာမသစ်ပဲလည်း အိမ်လည်တတ်ကြောင်း မှတ်သားစရာ တချက်တွေ့သွားပြန်ပြီ။း))


(ဟုတ်တယ် အူအတက်ရောင်တတ်တဲ့သူတွေ အစားအသောက် အနေအထိုင် မဆင်ခြင်ရင် အခန့်မသင့်တဲ့အခါ မကြာခဏပြန်ပြန်ရောင်တတ်တယ်။ ခွဲစိတ်ပြီး ဖြတ်ထုတ်ထားတာမဟုတ်ရင်ပေါ့။ အလေးအပင်မတာတို့ အစပ်တွေစားတာတို့ အစားမာမာတွေစားတာတို့ အရမ်းအဆာခံတာတို့ သိပ်မလုပ်မိစေနဲ့ပေါ့။ ကျန်းမာစေရန်ဆုတောင်းပါတယ်နော်။)

8Yar said...

KMC@ချင်းလေး > ဟတ်ဟတ်ဟတ် ကျွန်တော်လည်း ငါးကြော်စားရမှာဆိုးလို့ ပြေးထွက်လာတော့ သိလိုက်ဘူးဗျာ။ သူကိုသာမေးကြည့်ပေတော့နော်။ :P

Candy > ခစ်ခစ် အဲလိုဘရုပ်သုတ်ခပဲရတယ်။ သူငယ်ချင်းတွေပျော်တယ်ဆိုရင် ရေးရကျိုးနပ်ပါတယ်ဗျာ။

Angelhlaing(May everybody be happy and healthy! > လာအားပေးလို့ ကျေးဇူးပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

မအိမ်သူ > Blogger တိုင်းတော့ဟုတ်မယ် ထင်ပါဘူးအစ်မရယ်။ ဒါပေမယ် 100 မှာ 99 ယောက်ကကျွန်တော့လိုမျိုး ဟီး...... နောက်တာနော်။
ကျွန်တော် ကိုသေသေချာချာရှင်းပြတဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

မေသိမ့်သိမ့် ကျော် said...

ဟေးဟေး ပျော်စရာကြီးဗျိုးးး။ လာဖတ်သွားပါတယ်။

ခင်တဲ့
မေသိမ့်

Anonymous said...

လာရောက်ဖတ်ရှုသွားပါတယ်ခင်ဗျာ

Unknown said...

ကို8yar ကတော့လုပ်ပီဗျို့ ကျွန်တော်လို
ဘူးသီးဖက်ကိုမူးကြီးမက်နေရာရောင်အောင်ပို့နေတာလား
ဟားးဟားးး
အားရပါးရအူလန်ပက်လန်..လန်ထွက်နေအောင်ရယ်သွား
တယ်ဗျို့....

(ဒုတိယ)

8Yar said...

မေသိမ့်သိမ့် ကျော် > အစ်မမေသိမ့် ရေလာအားပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

အမှတ်တရ နေ့စွဲများ.... > ကျေးဇူးတင်ပါခင်ဗျာ။ နောက်လည်းလာလည်ပါနော်။

ဒုတိယလူ > ဟား ဟား ဟား ဟား ... ချစ်လို့ကျီစားတာပါ အစ်ကိုဒုရယ်။ အခုမှပဲပေါ်လာတော့တယ် ဆရာသမားက။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။ :D

ချယ်ရီမြေ said...

8yar ရေ... ဘလော့ဂါဆိုတာ... အဲလိုမျိုးကိုခေါ်တာပေါ့လေ...8yar အဘိဓာန်ကနေ ဖွင့်ဆိုလိုက်တဲ့ဘလော့ဂါကတော့ အတော်စိတ်ဝင်စားစရာကောင်းပါတယ်ဗျို့.....

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

mstint said...

ဘလော့ဂါအကြောင်းလေးတွေဖတ်ရတာ ကြည်နူးစရာပါ။ ကျန်းမာရေး ကောင်းသွားတဲ့အတွက်လည်း ဝမ်းသာပါတယ် 8Yar ရေ။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အလင်းသစ် said...

အာဂ ဘလော့ဂါများပါလား ကွယ်ရို့။။။ဟေဟေ့။။

8Yar said...

ချယ်ရီမြေ > Comment အတွက်ကျေးဇူးပါ ဘုရား။ ကောင်းသောနေ့လေးဖြစ်ပါစေ။

mstint > ကျွန်တော့ကို သတိတရလာလာကြည့်ပေးတဲ့ အတွက်အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ အန်တီတင့်လည်း စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေ....

အလင်းသစ် > ဟား ဟား ဟား ဟား ဟုတ်တယ် အစ်ကို အဲဒါကျွန်တော်တို့ မောင်နှမတွေပေါ့။ ခစ်ခစ်ခစ်။