Saturday 10 March 2012

8Yar ၏ရွာရိုးကိုးပေါက် နှင့် အလှုရှင်များဖိတ်ခေါ်ခြင်း


မင်္ဂလာပါနံနက်ခင်းပါခင်ဗျာ။ 8Yar တစ်ယောက် ပိတ်ရက်တွေမှာ ရှိသမျှတရားပွဲပြေး ကျွေးတာစား၊ ပေးတာယူ အဲလေ... လုပ်အားဒါနသွားကူ၊ ဓာတ်ပုံပြေးရိုက်နဲ့ တစ်ယောက်ထဲ ရွာပတ်နေတဲ့ အချိန်... ကျွန်တော်ခင်ရတဲ့ အစ်ကိုမိုးဇက်က ညီလေး မင့်ကြည့်ရတာ ကုသိုလ်လုပ်ဖို့လိုနေသလိုပဲ ဆိုပြီး သွား၊ သွား ရွာထဲပတ်ပြီး အလှူခံချေစမ်း ဆိုတာကြောင့် တစ်ယောက် ခွက်ဆွဲပြီး... အီး... အီး... အဲ.. အဲ.. မှားပြီ ဖလားဆွဲပြီး ဘလော့ရွာထဲ ဆင်းခဲ့ပါတယ်ခင်ဗျာ။

အဲ့ဒါနဲ့ ဘယ်ကိုအရင်စသွားပြီး အလှုခံရင်ကောင်းမလဲ လို့စဉ်းစားရင်းလျှောက်လာလိုက်တာ ရွာထိပ်တောင်ရောက်လာပါရော့လားဗျာ။ အခုချိန်ထိ ဘယ်အိမ်ကို စအလှုခံရမယ်ဆိုတာကို စဉ်းစားလို့ကိုမရသေးဘူး။ အစဆိုတာ သိပ်အရေးကြီးတယ်မဟုတ်လား။ ဟဲ ဟဲ... ကဲ ထူးပါဘူး။ စဉ်းစားနေယုံနဲ့ပြီးမှာ ဟုတ်ဘူး။ ကြုံတဲ့အိမ်မှာ ဝင်ခံမယ် အဲလေ... အလှုဝင်ခံမယ်ဆိုပြီး ရွာထိပ်က သမံစီးအိမ်ဝင်လာခဲ့တယ်။

တိန်! ဝင်ဝင်ချင်း ပင်ကွင်းနဲ့တွေ့ ဆိုသလို သမီးစံရဲ့ အိမ်အဝင်ဝမှာ အလှုခံဖလားကြီးကိုတွေ့လိုက်ရတယ်ဆိုရင်ပဲ 8Yar တစ်ယောက် ဘက်ဂီယာကို ဒရကြမ်းသွင်း နောက်ကြောင်းကိုပဲယွန်းခဲ့ရလေသည်။ အခြေနေမှ မကောင်းပဲကိုး။ :P

အဲဒါနဲ့ Candy အိမ်ဖက်ရောက်လာတာနဲ့ ဝင်လိုက်တယ်။ အရမ်းထူးစမ်းနေတယ် ဘာဖြစ်လို့လဲသိလား။ Candy ရဲ့ ကလားအိုကေ ဟစ်သံလည်းမကြားရလို့ ခစ်ခစ်။ ဒီတစ်ခါတော့ အပိုင်ပဲဆိုပြီး ခုန်ဝင်လိုက်တယ် ဆိုရင်ပဲ။ ဘုန်း! အင့်... ကြီးမားသော ဂတ်ထူဘုံးကြီးကိုဝင်တိုက်မိလေရဲ့။ နာလိုက်တာဗျာ။ :( လန့်လည်းအတော်လန့်သွားတယ်။ ဘာလို့များဒါကြီး လမ်းလယ်ခေါင်မှာချထားပါလိမ့်?? အမယ် ဂတ်ဘုံးမှာစာကပ်ထားသေးတယ်။ ဘာတဲ့... "အနာကြီးရောဂါသည်ဂေဟာအတွက် စုပေါင်းအလှူ" တိန်! ဒါ... ဒါ... အလှုခံဘုံးကြီးပဲ။ သိသိချင်း လှည့်ပြေးဖို့ပြင်လိုက်တယ်။ ဒါပေမယ့် ဘယ်သူများတွေ့သွားသေးလဲလို့ ပတ်ဝန်းကျင်ကို တစ်ချက်ရှိုးလိုက်တယ်။ :P အဟိ ဒူမှရှိဘူး.. ဆိုတာနဲ့ 8Yar တစ်ယောက် ခြေတင်သုတ်ပါလေတော့တယ်။

ဒီနေ့ ဘယ်လိုဖြစ်တာပါလိမ့် အစကတည်းက တစ်ခုမှအဆင်မပြေဘူး။ နောက်အိမ်တွေကို ရမ်းဝင်လို့ မဖြစ်ဘူး လို့ဆုံးဖြတ်လိုက်တယ်။ ခပ်လှမ်းလှမ်းကနေ အရင်ဆုံး အကဲခတ်မှဖြစ်တော့မယ်။ လာလေရော့ နောက်တစ်အိမ် ဒါဒုအိမ်ပါလိမ့်?? ဪဟော်.... သိပြီ တစ်လုံးထဲနဲ့ မောင်လုပ်နေတဲ့ စွယ်စုံကြမ်း အဲလေ... စွယ်စုံကျမ်း ရဲ့အိမ်ပဲ။ အိမ်ရှေ့ကနေ လှမ်းရှိုးလိုက်မယ် မှန်းစမ်း.... လား လား Candy အိမ်ကလို ဂတ်ပုန်းမျိုးပဲ စာလည်းရေးထားတယ်။ ၁။ငွေသားအလှူ ၂။ဆေး၊ ဆန်အလှူ ၃။အ၀တ်အထည် ၄။ဝှီးချဲ များကို မောင်(စွယ်စုံကျမ်း)သို့ လှုနိုင်ပြီ။ သူဘာလို့ ဒါတွေလိုနေပါလိမ့်?? တိန်! ဟီး.... နောက်မှ စဉ်းစားတော့မယ်။ :P

8Yar တစ်ယောက် ဘလော့ရွာလမ်းမကြီးအတိုင်း ဖလားကြီးပိုက်ကာ ဆက်လျှောက်လာခဲ့တယ်။ ဟိဟိ.. အစ်ကိုရင်နဲ့ အစ်မဒိုးတို့အိမ်နားရောက်လာပြီ။ သူတို့က နှစ်ယောက်ဆို တော့ အလှူငွေရရင် နှစ်ယောက်စာရမှာပဲ လို့တွေးလိုက်တယ်။ အိမ်ဖက်ကိုကွေ့ဝင်လိုက်တယ်ဆိုရင်ပဲ ကိန်! 8Yar အော်ခြင်းမဟုတ်ပါ။ အစ်ကိုရင်အိမ်ဘေးမှာ လာပြီးကျောခင်းနေသော လေးဖက်သွား သတ္တဝါလေး၏ ရှည်လျားထွေပြားနေသော အမြှီးအား တတ်နင်းမိသောကြောင့် ထွက်လာသောအသံဖြစ်ပါ၏။ အဲ့ဒီအော်နေတဲ့ သတ္တဝါလေးကို အရေးမလုပ်နိုင်ပဲ အိမ်ထဲကို အလျှင်အမြန်လှမ်းကြည့်လိုက်တယ်။ ဟိုက်!! ငွေဖလားကြီးပါလား။ နည်းတဲ့ဟာကြီး မဟုတ်ဘူး။ ငွေအစစ်သာဆိုရင်တော်တော် တန်ဖိုးရှိမှာပဲ။ :P တိန်! လာရင်းကိစ္စမေ့တော့မလို့ ဟီး... နေအုံး ဒီဖလားကြီးက အလှုခံဖလားကြီးလား? အမဒိုးကို ထမင်းကျွေးတဲ့ဖလားကြီးလား? လူတောင် ရူးချင်ချင်ဖြစ်လာပြီ။ တော်ပြီ မစဉ်းစားတော့ဘူး၊ ပြန်တာပဲကောင်းတယ်။ ဆိုပြီး သခိုးခြေလှမ်းနဲ့လှည့်အထွက် ဒါက ဘယ်ကို သွားမလို့တုန်း!!! ဆိုတဲ့ အစ်ကိုရင်ရဲ့ကြီးမားကျယ်လောင်လှတဲ့ အသံကြီးကို အနောက်ကနေကြားလိုက်ရတယ်။ ရုတ်တရက်ဆိုတော့ လည်းတုန်တက်ပြီး အတော်လန့်သွားတယ်။ စိတ်ထဲမှာလဲ သွားပြီ ဒီတစ်ခါတော့ သူဦးသွားပြီ ဆိုပြီး အတော်လန့်နေမိတယ်။ :( သူကိုဘာပြန်ပြောရမလဲဆိုတာ ဦးနှောက်ကိုအမြန်အလုပ်ပေးပြီး ပါးစပ်က စကားလုံးအချို့ ထွက်ကျမလာခင်။ အိမ်သာသွားမလို့.... ဆိုတဲ့ အစ်မဒိုးရဲ့ အသံကိုကြားလိုက်ရတယ်။ တစ်ဆက်ထဲကြားလိုက်ရတာက အေး သွားရင်လဲ ဟိုတစ်ခေါက်ကလို အနံ့တွေမကျန်ခဲ့စေနဲ့ တိန်! ဘာတွေလဲတော့မသိ။ အို... ဘာပဲဖြစ်ဖြစ် ကိုနဲ့မဆိုင်ဘူး။ ဒညှင်းသီးနဲ့ပဲ ဆိုင်လိမ့်မယ် :P အဟိ။ တော်သေးတာ ပေါ့ 8Yar ကိုတွေ့မသွားလို့။ :P ခစ်ခစ်။ အစ်ကိုရင်တို့ အိမ်ဘေးကထွက်လာတော့ အခုနက တက်နင်းခံရတဲ့ ကိုကိုခွေးက ကိုယ့်ကို မကြည့်သလိုစိုက်ကြည့်ပြီး ကျန်ခဲ့လေရဲ့။

ဒီနေ့တစ်မနက်လုံး ရွာရိုးကိုးပေါက်လျှောက်ပြီး အလှုခံထွက်လိုက်တာ ဖတ်ဖတ်သာမောသွားတယ်။ ဘာအလှုငွေမှ မရလိုက်ဘူး။ သူများတွေကို အလှုခံမရသေးရင် ကိုယ့်ဟာကိုယ်အရင် အလှုငွေထည့်မယ် လို့စဉ်းစားလိုက်ပြီး ဒိုမိန်းဝယ်ဖို့ဆုထားတဲ့ ပိုက်ဆံ 50S$ ကိုထည့်လိုက်တယ်။ :) အဲ့ဒီအတွက် လက်လဲမတုန်ဘူး၊ ရင်လဲမခုန်ဘူး ဟိဟိ... 50S$ လေးနဲ့ ရင်တုန်ပြရင် တာဝန်ရှိ ဘလော့မောင်နှမတွေ ဝိုင်းဆုံးမကြလိမ့်မယ်။ 8Yar ရဲ့ ကုသိုလ်ကို ထပ်ပြီးချီးမြောက်တဲ့အနေနဲ့ အလှုငွေများ လှူတန်းချင်တယ်ဆိုရင် အောက်က Blogger ဘုန်းဘုန်း၊ ကိုကို၊ မမ တွေကို ဆက်သွယ်လှူတန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်နှိုးဆော်လိုက်ပါတယ်ခင်ဗျာ။ အဲလိုမှမဟုတ် 8Yar ကိုမှလှူချင်တယ် အဲ့လေ... 8Yar ဆီကနေတဆင့်လှူပေးပါဆိုတဲ့ လူတွေအတွက် တာဝန်ခံ ဘလော့ဂါတွေရဲ့ အောက်နားလေးမှာ 8Yar ရဲ့ ဖုံးနံပါတ်နဲ့ E-mail လိပ်စာလေးထည့်ပေးလိုက်ပါတယ်ခင်ဗျာ။ မူရင်းဆိုက်ကို ဒီမှာ သွားကြည့်နိုင်ပါတယ်ခင်ဗျာ။

ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁

စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅ ၉၈၈၂ ၉၀၇၈

၂။ကိုရင် + မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉

ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com

မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။လွင်ပြင်လှိုင်းငယ်+မစံပယ် (Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃

၃။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁

၎။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁

၅။မိုးဇက် (ကလန်း)
bloggermoses@gmail.com
+၆၀ ၁၄၇၂ ၄၅၄၀၂
http://www.facebook.com/profile.php?id=100003084986957

မြန်မာနိုင်ငံ အကျိုးတော်ဆောင်
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅၁ ၆၄၃ ၀၈၆

၂။သမီးစံ
sandartinmyint@gmail.com
+၉၅၁ ၃၉၁ ၇၅၄
+၉၅၁ ၃၉၁ ၀၀၃


8Yar (အိပ်ယာ)
eightyar@gmail.com
9191 9264 (Singapore)

အပေါ်မှာထီပေါက်သွားတဲ့ ဘလော့မောင်နှမများခင်ဗျာ။ 8Yar တစ်ယောက် ဒီကုသိုလ်လေးမှာပါဝင်ခွင့်ရတဲ့အတွက် အပျော်လွန်ပြီး ရေးမိရေးရာ ရေးလိုက်တဲ့အတွက် မကြိုက်တာများပါသွားရင် လက်ဆယ်ဖြာထိပ်မှာမိုးလို့ တောင်းပန်ပါတယ်ခင်ဗျာ။

အစ်ကိုမိုးဇက်ပို့ပေးသော အစ်ကိုရင်ရဲ့ လေးကို အောက်မှာ ဆက်လက်ဖတ်ရှူနိုင်ပါတယ်ခင်ဗျာ။

မရမ်းချောင်းအနာကြီးရောဂါဂေဟာအတွက် အလှုရှင်များဖိတ်ခေါ်ခြင်း

အားလုံးမင်္ဂလာပါခင်ဗျား။
မြန်မာမုဒိတာလူငယ်များအဖွဲ့၏ ဒုတိယမြောက်အလှုအဖြစ် မရမ်းချောင်း အနာကြီးရောဂါသည်ဂေဟာကို ဧပြီလပထမပတ်တွင် လိုအပ်သည်များကို တတ်နိုင်သလောက် လှုဒါန်းရန် စီစဉ်ထားပါတယ်ခင်ဗျား။အလှုငွေ ရရှိမှု အပေါ်မူတည်ပြီး
၁။ငွေသားအလှု
၂။ဆေး၊ ဆန်အလှု
၃။အ၀တ်အထည်
၎။ဝှီးချဲ များကို အလှုငွေ ရရှိတဲ့အပေါ်မူတည်ပြီး လှုဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။ပါဝင်အားဖြည့် လှုဒါန်းလိုသူများအား ကျွန်တော်တို့အဖွဲ့မှ လှိုက်လှဲစွာ ကြိုဆိုပါတယ်ခင်ဗျား။
မရမ်းချောင်း အနာကြီးရောဂါသည် စောင့်ရှောက်ရေးဂေဟာအကြောင်း
ရန်ကုန်တိုင်း၊ လှည်းကူးမြို့ နယ် ဖောင်ကြီးအလွန်မှာ ဂေဟာ တပည်ရှိပါတယ်။လက်ရှိ ဂေဟာက စောင့်ရှောက်ထားသူ ဝေဒနာသည် ကျား ၅၇ဦး၊ မ ၄၆ဦး စုစုပေါင်း ဝေဒနာသည် ၁၀၃ဦး ရှိပါတယ်။
နေ့စဉ် လူနေမှုဘဝ
ဝေဒနာရှင်တွေဟာ မနက်စောစော ဘုရားဝတ်တက်ကြတယ်။ပြီးရင် စောင့်ရှောက်ရေးဂေဟာက ဆန်(၇)ပြည်လောက် ချက်ထားတဲ့ ထမင်းကို ဆီငါးကျပ်သား တစ်ဆယ်သားလောက်ထည့်ပြီး ကြော်ထားတဲ့ထမင်းကို ကျွေးပါတယ်။အလှုရှိတဲ့နေ့ဆို အသားဟင်းနဲ့ သူတို့စားသောက်နေကြပုံက အလွန်ကို အားရစရာ ကောင်းလှပါတယ်။အလှုရှင် မရှိတဲ့နေ့ဆိုရင် သူတိုပတွေဟာ ပြုတ်မနူးပဲ၊ပြုတ်နူးပဲတွေကို အရည်ကျဲချက်လိုက်၊ ကုလားပဲဟင်းလို ချက်လိုက်နဲ့ မျိုးစုံချက်ကျွေးတာနဲ့ပဲ စားကြရပါတယ်။ညစာကိုလည်း စောစောကလို စားအပြီးမှာ မြေစိုက်တဲ ဓမ္မာရုံကိုသွားကြပြီး တရားနာခြင်းအမှုကို ပြုကြပါတယ်။

တစ်နှစ်ပတ်လုံး ဝေဒနာသည်တွေ နှစ်ကြိမ်ပဲ စားခဲ့ဘူးတယ်ဆိုတဲ့ ဒံပေါက်ထမင်း

ဆရာဝန်လာတဲ့ ရက်တွေမှသာ ဆေးခန်းပြခွင့်ရှိပါတယ်။လက်ရှိ အချိန်မှာ တိုင်နယ်ဆေးရုံလေးက ဆရာဝန်လေးဟာ ဆယ်ရက်တစ်ခေါက်သာ ရောက်ဖြစ်တယ် ပြောပါတယ်။အချိန်ပြည့် blue staff တစ်ယောက် ရှိပေမဲ့ လက်ရှိ လူနာအင်အားနဲ့က တော်တော့်ကို ကွာခြားနေပါတယ်။

ဒီလို ဖိနပ်တွေ စီးကြရပါတယ်။

သူတို့တွေရဲ့ ခြေချောင်းတွေဟာ တစ်ဖက်နဲ့တစ်ဖက်အတိုအရှည့် မညီကြပါဘူး။ဒါ့ကြောင့် သူတို့တွေအတွက် အထူးပြုလုပ်ထားတဲ့ ဖိနပ်တွေ စီးကြရပါတယ်။ဒါပေမဲ့ အဲဒီ အထူးပြုလုပ်ထားတဲ့ ဖိနပ်ကိုလည်း တစ်ခါတစ်လေသာ လှုဒါန်းမဲ့သူ ရှိပါတယ်တဲ့။အဲလိုအချိန်မှာတော့ ခြေထောက်မှာ ဖြစ်နေတဲ့ အနာရောဂါတွေဟာ သက်သာလေ့ရှိပါတယ်။ဖိနပ်ပြတ်သွားပြီး လှုဒါန်းမဲ့လူမရှိရင်တော့ လက်ရှိ အများစီးနေတဲ့ ဖိနပ်တွေကို ကြိုးတွေဆိုး ဖြတ်ညှပ်ပြီး စီးနေကြရပါတယ်။

သူတို့တွေရဲ့ မျိုးဆက်ကလေးတွေ

အနာကြီးရောဂါသည် ခံစားခဲ့ရတဲ့လူတွေဟာ သာမန်လူတွေပဲ ဖြစ်တာမို့ အိမ်ထောင်ပြုနိုင်ကြသလို သားသမီးတွေလည်း ထွန်းကား ကြပါတယ်။သူတို့မှာ ဝေဒနာရဲ့ ဖိစီးမှုတွေကြောင့် ဒဏ်ရာဒဏ်ချက်တွေနဲ့ ခံစားကြရပေမဲ့ အနာကြီးရောဂါဆေး သောက်ထား တာကြောင့် မွေးလာတဲ့ သားသမီးလေးတွေမှာတော့ ရောဂါကင်းကြပါတယ်။သူတို့ သူတို့လေးတွေဟာလည်း မှီတွယ်စရာ ဂေဟာလေးမှာ နေထိုင်ရင်း အလှုရှင်တွေရဲ့ လှုဒါန်းမှုကို မျှော်လင့်ကာချို့ တဲ့စွာ ဖြတ်သန်းနေကြရပါတယ်။
ကျွန်တော်တို့ ဘာ့ကြောင့် သူတို့ကို ကူညီသင့်သလဲ
အနာကြီးရောဂါသည်များကို အရပ်ထဲမှာ (မရိုသေစကား) အနူလို့ ခေါ်ဝေါ်ကြပါတယ်။လူတောထဲ အ၀င်မခံ ရွံကြပါတယ်။ရောဂါ ကူးမှာ ကြောက်ကြပါတယ်။ရောဂါသည်တွေ ကိုယ်တိုင်ကလည်း လူတွေကြားထဲ မသွားရဲ မလာရဲ အမြဲတမ်း စိတ်အားငယ်နေကြ ပါတယ်။အနာတစ်ခုဖြစ်ရင် လွယ်လွယ်နဲ့ မပျောက်ပဲ အဆိုးဆုံး အခြေအနေထိ ခံစားရပြီး ဖြတ်တောက်ပစ်ရပါတယ်။အနာကြီးရောဂါ ကုသဆေး သောက်ထားကြလို့ ကူးစက်နိုင်ခြင်း မရှိကြတော့ပေမဲ့ နောက်ဆက်တွဲဝေဒနာတွေက မရှုမလှပါဘူး။ ခြေလက်တွေဟာ ထုံနေကြပြီး ခြေထောက်ကို သံစူးရင်တောင်မသိနိုင်ကြပဲ ပေါင်မှာအကျိတ်ခိုလာမှ အနာရှိလောက်တယ်ထင်ပြီး ဖြဲရှာရတဲ့ဘ၀တွေပါ။တစ်ချို့ တွေဆို ဘီးတပ် ကုးလားထိုင်ပေါ်မှာပဲ ဘ၀ကို ကုန်ဆုံးနေရပါတယ်။


ဂေဟာမှ ဝေဒနာသည် အဖွားအရွယ်တစ်ဦး

အဲဒီဝေဒနာရှင်တွေဟာ အရင်က ကျွန်တော်တို့လို လူကောင်းတွေပါပဲ။ကံတရား၊ စိတ်၊ ဥတု၊ အဟာရမမျှတမှုတွေကြောင့် အရွယ်ာမျိုးစုံမှာ အနာကြီးရောဂါကို ခံစားခဲ့ကြရင်း လူတောမတိုင်းနိုင်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ကူညီသည့်သူများကို အားကိုးရင် အသက်ဆက်နေရသူတွေ ဖြစ်ပါတယ်။လက်ရှိ အဆိုပါ ဝေဒနာရှင်းများအတွက် လှုဒါန်းနေသူများ ရှိကြသော်လည်း လှုဒါန်းမှုအားမှာ ဆင်၏ ခံတွင်းကို နှမ်းပက်သလို အရမ်းကို အားနည်းနေပါသေးတယ်။

ဆေးထည့်တဲ့အခါ ခြေထောက်တင်တဲ့ခုံကို ကြည့်ခြင်းအားဖြင့် လိုအပ်မှုတွေကို ထင်သာ မြင်သာစေပါတယ်။

ထိုသူတွေအတွက် ဆန်၊ဆီ၊ဆေး၊အ၀တ်အထည်၊ ၀ှီးချဲများ တကယ့်ကို လိုအပ်နေပါတယ်။အလှုရှင်တွေ လိုအပ်နေပါတယ်။ အကယ်၍ စိတ်ပါဝင်စားစွာ လှုဒါန်းလိုသူများအနေနဲ့ မိမိတို့ နေထိုင်ရာ နိုင်ငံအလိုက် အောက်ပါ အကျိုးတော်ဆောင်များထံ ၂.၄.၂၀၁၂ နောက်ဆုံးထားပြီး ဆက်သွယ် လှုဒါန်းနိုင်ကြပါတယ်ခင်ဗျား။

ဗြိတိန်မှ အကျိုးတော်ဆောင်
အရှင်ဇနက(သန္တိသုခ)
venjanaka@gmail.com
+၄၄ ၇၇၄၀ ၉၈၃၉ ၄၂

အမေရိကမှ အကျိုးတော်ဆောင်
ဗညားရှိန်@လင်းခေတ်ဒီနို
lynnkhitdeno301@gmail.com
+၁၂၀ ၁၈၈၈ ၉၇၅၁

စင်ကာပူနိုင်ငံမှ အကျိုးတော်ဆောင်များ
၁။ကိုငြိမ်းနိုင် @ ကိုနိုင်ထွဋ်
eikunaing@gmail.com
+၆၅ ၉၀၂၂ ၁၈၀၇
+၆၅ ၉၈၈၂ ၉၀၇၈

၂။ကိုရင် + မဒမ်ကိုး
celestial.whiteangle@gmail.com
+၆၅ ၈၃၇၅ ၁၀၆၉

ထိုင်ဝမ်မှ လှုဒါန်းလိုသူများအတွက်
ပစ်ပစ် @ ဂျယ်ရီပစ်ပစ်
+၈၈၆ ၉၃၀ ၄၁၃ ၂၂၀
jerrypigpig@gmail.com

မလေးရှားနိုင်ငံ အကျိုးတော်ဆောင်
၁။ဇင်ငြိမ်းဦး(မြန်မာ အိုင်တီနန်းတော်)
+၆၀ ၁၇၇၀ ၅၈၂ ၁၉

၂။လွင်ပြင်လှိုင်းငယ်+မစံပယ် (Sunway)
lwinpyinhlaingnge@gmail.com
+၆၀ ၁၄၆၆ ၃၀၁ ၇၃

၃။မောင်(စွယ်စုံကျမ်း) (Kalang)
zwmnna@gmail.com
+၆၀ ၁၆၃၂ ၄၉၆ ၉၁

၎။မောင်ဘုန်း
mr.janjarom@gmail.com
+၆၀ ၁၀၂၈၂၇၀၇၁

၅။မိုးဇက် (ကလန်း)
bloggermoses@gmail.com
+၆၀ ၁၄၇၂ ၄၅၄၀၂
http://www.facebook.com/profile.php?id=100003084986957

မြန်မာနိုင်ငံ အကျိုးတော်ဆောင်
၁။andrew @ကျော်စွာစိုးမြတ်
andrewkc189@gmail.com
+၉၅၁ ၆၄၃ ၀၈၆

၂။သမီးစံ
sandartinmyint@gmail.com
+၉၅၁ ၃၉၁ ၇၅၄
+၉၅၁ ၃၉၁ ၀၀၃
http://www.facebook.com/profile.php?id=100003084986957#!/mi.san1

ကျွန်တော်တို့ရဲ့ မိခင်ဆိုဒ်အား ဒီနေရာမှာ သွားရောက် လေ့လာနိုင်ပါတယ်ခင်ဗျား

လှုရှင်များအား ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်
MMYG လူငယ်များအဖွဲ့ ကိုယ်စား
ကိုရင်
-----------------------------------------------------------------------------------------------


လိုအပ်သူများကို လှူတန်းခြင်းဖြင့် ကုသိုလ်ယူကြပါစို့။

8Yar

10th Mar 2012

11 comments:

သမီးစံ said...

သြော်...
လက်စသတ်တော့..မနက်ကအိမ်ဝမှာတွေ့တဲ့
ဖိုက်ဘာပုံးကြီးက ကိုအိပ်ရာကိုးး)))
တတ်စွမ်းသမျှ.၀ိုင်းပြီးကူညီကြတာပေါ့..။
အမတ်လည်းလုပ်
ပရဟိတလည်းလုပ်တော့.ကောင်းပါတယ်။
ဒါမှ မဲများများရမှာလေ :D

ခင်မင်လျှက်

စံပယ်ချို said...

ဟုတ်တာပေါ့တစ်ယောက်တအား နိုင်သလောက်လေးပေါ့နော်

Candy said...

ဟဟဟ.. အလှူခံတာတောင် သူက ဟာသလေးနဲ့ :P

8Yar said...

တိန်!!! ရက်စက်လိုက်တာ သမံစီးရယ်။ အဲဒါ စည်ပင်က ခွက်! အဲလေ.... အမှိုက်ပုံးဖြစ်မှာပေါ့။ ဖလားက အဲ့လောက် ကြီးမလား အေ။ :P

8Yar said...

ဟုတ်တယ် အစ်မ Jas ရေ။ လိုအပ်တဲ့သူတွေအတွက် ကိုယ်တတ်နိုင်သလောက်လေးကူညီတာပါခင်ဗျာ။

8Yar said...

:D :D :D ကုသိုလ်လုပ်တဲ့သူတွေကို ပျော်ရွှင်စေချင်လို့ပါဗျာ။..

mstint said...

သာဓု သာဓု သာဓု ရယ်ရယ်မောမော ခေါ်သွားတယ် မောင်8Yar :D
အလှူနဲ့ပတ်သက်ပြီး တိုက်တွန်းအားပေးရင်း တီတင့်လည်း တစ်ပိုင်တစ်နိုင်
ပါဝင်လှူဒန်းဘို့ စိုင်းပြင်းနေတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မဒမ်ကိုး said...

အိုးမိုင်ဂေါ့ ဒင်းပြေးလို့မလွတ်တော့ဘူးဟဟဟ
နာ့ကိုဖုန်းနဲ့နှိပ်စက်ထားသေးတာဒင်းကး))

သာဓု၃ ကြိမ်လဲခေါ်ဆိုပါတယ်အေ .
တတပ်တအားပါဝင်ပေးတဲ့အတွက်အထူးလဲကျေးဇူးတင်ရှိပါတယ်အေး))

အမဂျီး

မဒိုးကန် (ဓညင်းသီး ကိုယ်စားလှယ် :P)

8Yar said...

:D :D :D ဟုတ်ကဲ့ လာအားပေးလို့ ကျေးဇူးပါ အန်တီတင့်ရေ။ ကျွန်တော်လည်း အန်တီတင့်ရဲ့ ကုသိုလ်ကို သာဓု၊ သာဓု၊ သာဓု ခေါ်ဆိုပါတယ်ခင်ဗျာ။ ကောင်းသောနေ့လေး ဖြစ်ပါစေခင်ဗျာ။

8Yar said...

ဟိုက်! မြန်ထှာ။ ဘယ်တုန်းက ဖတ်သွားတာပါလိမ့်။ ခစ်ခစ်... အလုပ်ကနေ လှမ်းကြည့်တာကိုး။ ဟိ ဟိ ကျေးကျေးပါ အစ်မဒိုးရေ။ နောက် အလှူတွေရှိရင်လည်းပြောနော် တင်ပေးမယ် အစ်မဒိုး အကြောင်း တိန်! မွှားလို့ အလှူအကြောင်း Post တင်ပေးမယ်လို့ ကြောတာ။ :P

Blogger said...

Ever wanted to get free Facebook Followers?
Did you know that you can get these AUTOMATICALLY AND ABSOLUTELY FREE by getting an account on Like 4 Like?