Friday 9 March 2012

ငါးထောင်တန်ဖုန်းအပေါ်အမြင် (တဂ်ပို့စ်)


အခုတလော ရွာထဲမှာ ငါးထောင်တန်ဖုံးနဲ့ ပတ်သက်ပြီး အသံတွေကြားနေရပါတယ်။ ကြားနေရင်းက ကျွန်တော့ရဲ့ ဘလော့ မောင်နှမတွေဖြစ်ကြတဲ့ မိုးဇက် နဲ့ သမီးစံတို့ကထုံးစံအတိုင်း Tag စာကျွေးပါတော့တယ်။ ကျေးဇူးပါ ခင်ဗျာ။ ကဲ မေးထားတဲ့ မေးခွန်းလေးတွေကို ဖြေပါ့မယ်။

၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
မမြင်ပါဘူးခင်ဗျာ။ ပုံမှန်ဝင်ငွေရှိသူတွေထက် ငွေပို၊ ငွေလျှံရှိသူ၊ စီးပွါးရေးပြေလည်သူတွေပဲ သုံးနိုင်တဲ့ အဆင့်မှာပဲရှိသေးတယ်လို့ မြင်ပါတယ်ခင်ဗျာ။

၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။
အများပြည်သူတွေ ကောင်းကြိုးအတွက် လုပ်တဲ့လုပ်ရပ်တွေအပေါ် 8Yar အနေနဲ့ ဝေဖန်ပိုင်းခြားဖို့ မရဲပါဘူး။ ဒါပေမယ့် အမေးရှိထားတော့ ကြိုးစားပြီးဖြေကြည့်ပါ့မယ်။ လိုချင်တာကို တောင်းဆိုတဲ့နေရာမှာ ဘက်စုံ၊ ဒေါင့်စုံကနေကြိုးပမ်းတာကောင်းပါတယ်။ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းဟာ အနည်းငယ်တော့ အန္တရာယ်ရှိနိုင်တယ်လို့ မြင်ပါတယ်ခင်ဗျာ။

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
လိုအပ်ချက်တွေကို လိုအပ်သူတွေကပြောပြမှသာ အုပ်ချုပ်သူ အစိုးရကသိမှာဖြစ်လို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြတာဟာ ကောင်းတယ်လို့မြင်ပါတယ်ခင်ဗျာ။

၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
လိုင်းကောင်းတဲ့ ငါးထောင်တန်ဖုံးများကို ကြိုဆိုပါတယ်ခင်ဗျာ။ လက်ကိုင်ဖုံးတွေသာ လူတိုင်းဝယ်ယူ အသုံးပြုနိုင်မယ်ဆိုရင် အချိန်ကုန်သက်သာပြီး လုပ်ငန်းဆောင်တာတွေ လျှင်မြန်စွာပြီးမြောက်နိုင်တဲ့အပြင် လိုအပ်တဲ့ သတင်း အချက်အလက်တွေဟာလဲ အမြဲ up to date ရနေမယ်လို့ မြင်ပါတယ်ခင်ဗျာ။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
မြန်မာပြည်ရဲ့ အခြေနေနဲ့ အနေထားကို လူတိုင်း အနည်းနဲ့ အများဆိုသလို အကဲခတ်မိကြမှာပါ။ ကျွန်တော်တို့ နိုင်ငံမှာ လိုအပ်ချက်တွေ အရမ်းများပါတယ်။ အဲဒီလို လိုအပ်ချက်တွေထဲမှာ ဆက်သွယ်ရေးဟာလည်း အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်တယ်ဆိုတာ ဘယ်လိုမှငြင်းလို့မရပါဘူးခင်ဗျာ။ ကြိုးဖုံးတွေအပြီး လက်ကိုင်ဖုံးတွေ ဘာကြောင့် တီထွင်လာရတာလဲ? အဖြေကတော့ရှင်းပါတယ် အချိန်နဲ့ ခွန်အားကို save လုပ်ချင်လို့ပါ။ ဥပမာပြောရရင် မြွေကိုက်ခံရတဲ့လူကို မြို့ဆေးရုံကိုပို့ဖို့ ရွာပတ်ပြီး လှေရှာနေတာထက် လှေပိုင်ရှင်ရဲ့ လက်ကိုင်ဖုံးကိုဆက်ပြီးလှေငှါးတာဟာ ပိုပြီးထိရောက်မှုရှိတယ်လို့ 8Yar ထင်ပါတယ်ခင်ဗျာ။ ဒါပေမယ့် မြန်မာပြည်ရဲ့ လက်ကိုင်ဖုံးတွေဟာ ဇိမ်ခံပစ္စည်းအဆင့်မှာပဲ ရှိနေသေးတာကြောင့် လူတိုင်းဝယ်ယူပြီး အသုံးမပြုနိုင်သေးပါဘူး။

အဲ့ဒါတွေကိုဖြေရှင်းဖို့ဆိုရင်....

၁။ ပြည်သူတွေကို ချမ်းသာအောင်လုပ်ပေးခြင်း
၂သိန်းဆိုတဲ့ငွေပမာဏကို လူတွေက ပက်ကနဲ့ ပေးပြီးသုံးနိုင်လောက်အောင် လုပ်ပေးခြင်းဖြင့် ဖြေရှင်းနိုင်သလို။

၂။ ပစ္စည်းဈေးချပစ်ခြင်း
ပစ္စည်းဈေးနှုန်းတွေကို အများပြည်သူတွေ သုံးနိုင်လောက်တဲ့ အနေအထားထိချပစ်ခြင်းဖြင့်လည်း ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
8Yar အနေနဲ့ ရွေးချယ်ခွင့်ရမယ်ဆိုရင် အမြန်ဆုံးနဲ့ အဖြစ်နိုင်ဆုံး နည်းလမ်းဖြစ်တဲ့ ဒုတိယနည်းလမ်းကိုပဲ ရွေးချယ်ချင်ပါတယ်။ လို့ပြောရင်း နိဂုံးချုပ်ပါရစေခင်ဗျာ။

အပေါ်မှာရေးခဲ့တာတွေဟာ 8Yar တစ်ယောက်ရဲ့ အမြင်သက်သက် ဖြစ်တာကြောင့် မှန်ချင်မှလည်း မှန်မှာဖြစ်တဲ့ အကြောင်း ကြိုတင်ဝန်ခံပါရစေ။

ရေးပြီးပြီဆိုတော့ နဲ့နဲ့လောက်တော့ Tag လိုက်အုံးမယ်။

သဒ္ဓါလှိုင်း
ကျွန်တော့်ဘ၀ ဇာတ်ခုံ - မောင်မျိုး

အစ်ကို၊ အစ်မတို့ရေ.. အားရင်ရေးပေးပါလို့ တောင်းဆိုလိုက်ပါတယ်ခင်ဗျာ။

အားလုံး ကျန်းမာ၊ ပျော်ရွှင်ကျပါစေလို့ ဆုတောင်းလျှက်

8Yar

14 comments:

Yin Sue said...

ငါးထောင်တန် အမြင်လာဖတ်သွားတယ် သယ်ရင်းရေ......

mstint said...

ငါးထောင်တန်ဖုန်းအပေါ် မောင်8Yar ရဲ့အမြင်လေးဖတ်သွားပြီ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ဘလော့ဂါမဲဆန္ဒနယ်က..
လွှတ်တော်အမတ် .. ကိုအိပ်ရာပြောသွားတာ
မှန်ပါတယ်း))
လူကြီးမင်းများ စဉ်းစားသင့်နေပါပြီ။

ပုံ/
သမီးစံ :P

မောင်သီဟ said...

တန်ဖိုးနည်းဖုန်းလိုင်းကတ်တွေ ပေါ်လာသင့်တယ်
ဝိုင်းဝန်းကြိုးစားပေးကြစေချင်တယ်

မောင်မောင် said...

ညီလေးရဲ. အမြင်လေးတွေကို ဖတ်သွားပါတယ်။ ပျှော်ရွှင်ပါစေ ။

8Yar said...

ကျေးဇူး ကိုရင်ဆူးရေ။ အားတဲ့ နေ့မှ ရင်ဘတ်က ဆူးကိုလာနှုတ်ပေးတော့မယ်။ တိန် :P

8Yar said...

မင်္ဂလာပါ အန်တီတင့် ရေ။ မတွေ့တာလည်းကြာပြီ။ နေကောင်းပါတယ်နော်။ လာအားပေးလို့ ကျေးဇူးပါခင်ဗျာ။

8Yar said...

ဖောင်း ဖောင်း၊ ဖြောင်း ဖြောင်း ဖြောင်း လက်ခုပ်တီးတာနော်။ ဟီး... ဟုတ်ကဲ့ အဆိုကိုထောက်ခံတဲ့ အတွက် ဝမ်းတေဘယ် အဲလေ.. ကျေးဇူးတင်ပါတယ်ခင်ဗျာ။ :D

8Yar said...

ဟုတ်ကဲ့ ကျွန်တော်လည်း မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကို တိုးတတ်စေချင်ပါတယ်ခင်ဗျာ။

8Yar said...

ကျေးဇူးပါ အစ်ကိုရေ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

လွင်ပြင်လှိုင်းငယ် said...

အမြင်လေးကို လာရောက်ဖတ်သွားပါတယ်

8Yar said...

ဟုတ်ကဲ့ ကျေးဇူးပါ အစ်ကိုလွင်ပြင်ရေ။ ပျော်ရွှင်စရာ နေ့လေးဖြစ်ပါစေခင်ဗျာ။

မောင်မျိုး said...

စာရေးဖို့ ပျင်းနေပါတယ်ဆို ဒီကောင်လေးးး

8Yar said...

ဟား ဟား ဟာ အဲ့ဒါတွေ သိလို့ အစ်ကို့ကို Tag လိုက်တာ။ မရေးချင်သေးရင် နောက် ag Tမှပဲရေးတော့ဗျာ။ နော်။ :)