Monday 19 March 2012

ကဗျာတစ်ပုဒ်



သတိနဲ့ အသိကြားမှာ
ဝေးကွာမှုတော့ ရှိမယ်....

အပေးနဲ့ အယူကြားမှာ
ဆွဲဆောင်မှုတော့ ရှိမှာပဲ....

ပေးချင်ပေမယ့်
ယူလို့မရတဲ့ ဘဝ....

တွေးချင်ပေမယ့်
ပျော်လို့မဝတဲ့ အကျင့်တွေကြောင့်....

စားပွဲပေါ်က ဖုံတစ်စရဲ့
သမိုင်းလည်း ပျက်ခဲ့ရပြီ....

ပေးထားတဲ့ သရုပ်ပျက် ယဉ်ကျေးမှုကို
သမိုင်းတွင်စေတာကတော့
သမိုင်းဆရာတွေရဲ့ အတ္တပေါ့....

အမှန်ပြောရရင်
ခင်ဗျားတို့ တွေးထားတဲ့ ဇာတ်ရုပ်ထက်
ပရိတ်သတ်ရင်ထဲက ဇာတ်ထုတ်က ပိုတောက်ပပါတယ်...

ရေးချင်တာအတွက် တောင်ပံတစ်စုံ ပေးမယ်ဆိုရင်
ကဗျာတစ်ပုဒ်ဟာ
ကမ္ဘာကိုတောင် ကလောင်ထိပ်ပေါ်တင်ပြီး
လှည့်ပစ်ရဲတယ်။.......

8Yar

19th Mar 2012

17 comments:

မဒမ်ကိုး said...

ခနလေး ခနလေး မောင်အိပ်ယာ ညေး ကလောင်ပေါ်တင်ပြီးကမ္ဘာကိုလှည့်မယ်ဆိုရင် နာခနအောက်ဆင်းနေပါရစေအေ .
တော်ကြာ စကောထဲဇီးဖြူသီးလှိမ့်သလိုဖြစ်မှာဆိုးလို့ပါး))

mstint said...

8Yar ရေ... ကလောင်သွားကထက်လှချည်လားကွယ်။ အားပေးသွားတယ်နော်။
လမ်းကြုံတုန်း မဒိုးဆီက 'စကော' ဆိုတဲ့စာသားလေး ကူးယူသွားတယ်
တီတင့်ပို့စ်မှာ ထည့်ချင်လို့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

8Yar ရေ
အတွေတွေမြင့်လာတယ်
တွေးစရာလေးတွေလဲရခဲ့တယ်

စံပယ်ချို said...

အတွေးလို့ရေးတာနော်

Anonymous said...

သတိနဲ့ အသိကြားမှာ ဝေးကွာမှုတော့ ရှိတယ် ..တဲ့လား အိပ်ယာရေ..
အိမ်မက်ကို သက်ပြင်းချရအောင် လုပ်တဲ့ ကဗျာပဲ ကွယ်..
အိမ်မက်း)

8Yar said...

ဟာဂျာ.... ဒီမောင်နှမတွေပဲရှိတာ ခွဲခြား၊ ခွဲခြား မလုပ်ပါနဲ့ဂျာ။ ကြောက်ရင် အစ်ကိုရင့် နှုတ်ခမ်းမွှေးဆွဲထား။ တိန်! :P

8Yar said...

လာမြှောက်ပြောလို့ ကျေးကျေးပါခင်ဗျာ။ ဟုတ်.. အစ်မဒိုးက သဘောကောင်းပါတယ်။ စာလုံးတင်မကဘူး။ တကယ့် စကောငှါးရင်တောင်၊ အစ်ကိုရင့်ကို မမေးပဲပေးလိုက်မှာပါ။ အဟီး... :p အန်တီတင့်လည်း စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေခင်ဗျာ။

8Yar said...

ဟုတ်ကဲ့ အတွေတွေကနေ၊ နောက်ဆို အထွေထွေဖြစ်အောင် ကြိုးစားပါ့မယ်ခင်ဗျာ။ ဟီး... နောက်တာ။ လာအားပေးလို့ ကျေးဇူးပါခင်ဗျာ။

8Yar said...

ဟုတ်... :)

8Yar said...

ဟုတ်တယ် အစ်မရဲ့။ ဘာလို့ သက်ပြင်းချသွားရတာလဲဟင်?? လာအားပေးလို့ ကျေးဇူးပါခင်ဗျာ။ :)

အိမ်မက်စေရာ said...

သက်ပြင်းလား ဗိုက်ဆာလို့ အဟိ( ဘာမှလဲ မဆိုင်ဘူး )

ပဥာက် said...

ဒီလိုဖြစ်နေရမယ်..ကောင်းတယ်ဟေ့ဟဟဟ

ရင်ဆူး said...

အယူအဆနဲ့ အရေးအသား ပြောစရာမလိုဘူး.........ကဗျာဆရာရေ အားပေးနေတယ်ဟေ့......

8Yar said...

အော်... ပညာရှိတွေများ ဗိုက်စာတာတောင် သက်ပြင်းချသတဲ့... တိန်! :P

8Yar said...

အမြဲလာအားပေးလို့ ကျေးဇူးအစ်ကိုပဥာက်ရေ ။ အစ်ကိုတို့ သဘောကျတယ် ဆိုလို့ဝမ်းသာရပါတယ်ခင်ဗျာ။

8Yar said...

ကဗျာဆရာ အဆင့်ကိုမမှန်းရဲသေးပါဘူး အစ်ကိုရင်ဆူးရေ။ လာအားပေးလို့ ကျေးဇူးကမ္ဘာပါပဲခင်ဗျာ။

နွေလ said...

ရေးချင်တာအတွက် တောင်ပံတစ်စုံ ပေးမယ်ဆိုရင်
ကဗျာတစ်ပုဒ်ဟာ
ကမ္ဘာကိုတောင် ကလောင်ထိပ်ပေါ်တင်ပြီး
လှည့်ပစ်ရဲတယ်။.......

သတ္တိကတော့ မိုက်တယ်ဗျာ
ကဗျာလေး အရမ်းကောင်းတယ် အစ်ကို