Monday 19 September 2011

မြစ်ဧရာ ခေါ် ဧရာဝတီ



ဆို့နင့်တဲ့ ရင်နဲ့ဝေဒနာ
သေရာပါ နာကျင်လှတယ်
မြစ်ဧရာကို ပေးမတဲ့လား.....

သူကျွေးခဲ့ သားစဉ်မြေးဆက်
သမိုင်းတွင်မဲ့ နေ့ရက်တွေနဲ့
မြစ်ဧရာကို ပေးမတဲ့လား.....

မျက်ရည်နဲ့ တောင်သူမျက်နှာ
ကြေကွဲစွာ အနာဂတ်မဲ့တယ်
မြစ်ဧရာကို ပေးမတဲ့လား.....

နိုးတစ်ဝက်နဲ့ ရေလုပ်သားအိမ်မက်
ဆိုးရိုင်းစွာ မြင်မက်ရတယ်
မြစ်ဧရာကို ပေးမတဲ့လား.....

ပြောပြစမ်းပါ.... ပြောစမ်းပါ....
မြစ်ဧရာကို ပေးမတဲ့လား.....
မြစ်ဧရာကို ပေးမတဲ့လား.....

ဒီကဗျာလေးကို ကျွန်တော်ကြေကြေကွဲကွဲရေးခဲ့ရတာပါ။ ဧရာဝတီမြစ်ကြီး ပျောက်ဆုံးသွားခဲ့ရင် ဆိုတဲ့ ခံစားချက်ဟာ ကျွန်တော့ရင်ကို အကြီးအကျယ်ဆို့နင့်စေပါတယ်။ ကျွန်တော့ကဗျာလေးက ဧရာဝတီမြစ်ကြီးအတွက် အုပ်တစ်ချပ်မဟုတ်တဲ့ သဲတစ်ပွင့်ဖြစ်ခွင့်ရရင် ဖြစ်ပါရစေခင်ဗျာ။

ကြေကွဲစွာဖြင့်
8Yar
19th Sep 2011

20 comments:

Candy said...

ကဗျာလေးက ကောင်းလိုက်တာ... အင်း.. ကန်ဒီတို့လို ဒီမှာနေတဲ့သူတွေတောင် ဒီလောက်ခံစားရရင်... တံငါတွေ လယ်သမားတွေ ဘယ်လောက်စိုးရိမ်နေကြမလဲနော်...

ဖြိုးမောင်မောင်(CTM) said...

ကဗျာလေးကောင်း၏ ခံစားသွားပါတယ်။

ညီရဲ said...

အုပ်တချပ် သဲတစ်ပွင့်ကလဲ မြစ်ဧရာ အတွက် တအားပါပဲ ညီရေ...

မဒမ်ကိုး said...

ဧရာဝတီကိုလဲမပေးဘူး ကိုရင့်ကိုလဲမပေးဘူးနော်
ပန်ကန်းထဲက ငါ့မုန့်လဲမပေးဘူး
ဒါဘဲ
း)

ချယ်ရီမြေ said...

ကဗျာဖတ်ပြီး ထပ်တူခံစားရပါတယ် 8ayr ရေ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

မြသွေးနီ said...

အခုတော့ မြစ်ဆုံ စီမံကိန်းအတွက် ပြန်စဉ်းစားမယ်ဆိုပြန်ပါရောလား...?

စံပယ်ချို said...

ကဗျာဖတ်လိုက်ရတော့ရေးတဲ့သူရင်ထဲကိုမြင်ခွင့်ရလိုက်တယ်
ထက်တူခံစားလိုက်ပါတယ်

Étoile said...

ကြက်သီးတောင်ထသွားသလိုပဲ..
ဒီတိုင်း ဆောင်းပါးတွေလိုက်ဖတ်နေတာ သိပ့်မခံစားရဘူးလိုပဲ
ဆောင်းပါးတွေဖတ်တုန်းကတော့ ဘယ်သူက အမှန် ဘယ်သူက အမှားနဲ့ စဉ်းစားနေမိတယ်ထင်တယ်..
အခုတော့ ကဗျာလေးတစ်ပုဒ်က တာသွားတယ်..
ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဒီမြစ်ကြီးကိုတော့ ဒါဏ်မ၇စေချင်ဘူး...

Anonymous said...

အဟင့်..အီး.ဟီးးး
ငိုချင်လာပြီနော်..း(
(၀မ်းနည်းဖို့ကောင်းလိုက်တာ)
အစ်မမြသွေးနီပြောသလိုဆိုရင်တော့..
အရမ်းဝမ်းသာဖို့ကောင်းတဲ့သတင်းပါပဲ..
တစ်ခါတည်းသာဖျက်လိုက်ကြပါတော့.။
အဲဒီအစီအစဉ်ကို..
အိပ်ရာလည်း.ပျော်ရွှင်ပါစေကွယ်။
ခင်မင်လျှက်..
သမီးစံ
(စာဖြီးပွဲကနှစ်ရက်ကျန်သေးတယ်ကွယ်..:D)

Nge Naing said...

အိပ်ရာရေ အစ်မ ကဗျာရသကို သိပ်ခံစားလို့မတတ်ပေမဲ့ ဒီကဗျာလေးက ရင်ထဲအထိ ရောက်တယ်။ ဖတ်ပြီး ထပ်တူခံစားသွားပါတယ်။

8Yar said...

Candy<< ကျေးဇူးပါသူငယ်ချင်းရေ။ သူတို့တတွေရဲ့ခံစားချက်က ကျွန်တော်တို့ထက် အများကြီးပိုမှာပါ။

ဖြိုးမောင်မောင်(CTM)<< ကျေးဇူးတင်ပါတယ်ခင်ဗျာ။ နောက်လည်း လာလည်ဖို့ဖိတ်ခေါ်ပါရစေခင်ဗျာ။

ညီရဲ<< လာအားပေးတဲ့အတွက် ကျေးဇူးပါ အစ်ကိုညီရဲ ရေ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

8Yar said...

မဒမ်ကိုး<< ဘာကိုမှဆုပ်ကိုင်မထားစေချင်ပါဘူး အစ်မကိုးရယ်။ အားလုံးကိုလွှတ်ချထားလိုက်ပါ။ လိုက်ကောက်မဲ့ အစ်ကိုရင်ရှိပါတယ်ဗျာ။ :P

ချယ်ရီမြေ<< တင်ပါ့ဘုရား အမြဲလာအားပေးလို့ ကျေးဇူးကမ္ဘာပါပဲဘုရား။ ကောင်းသောနေ့လေးဖြစ်ပါစေဘုရား။

မြသွေးနီ<< သတင်းလေးအတွက် ကျေးဇူးပါခင်ဗျာ။ မြန်မာပြည်သားတွေရဲ့ ဆန္ဒကိုဦးစားပေးပါစေလို့ ဆုတောင်းပါတယ်ခင်ဗျာ။

8Yar said...

jasmine(တောင်ကြီး)<< ကျေးဇူးပါ အစ်မ Jas ရေ။ ကျွန်တော့လိုပဲ မြန်မာပြည်သားတိုင်း ခံစားရမှာပါ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

www.sweet-sweet-tgi.blogspot.com<< အားပေးသွားတဲ့အတွက် ကျေးဇူးပါခင်ဗျာ။ ကျွန်တော်လည်း မြစ်ကြီးကို ဒဏ်ရာမရစေချင်ပါဘူးဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

သမီးစံ<< စာမေးပွဲကြားက လာအားပေးတဲ့အတွက် ကျေးဇူးပါ အစ်မသမံစီးရေ။ အစ်မသမံစီးတစ်ယောက် စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်ပါစေခင်ဗျာ။

Nge Naing << အစ်မငယ်ရေ ကျွန်တော်ကဗျာလေး ရင်ထဲရောက်တယ်လို့ကြားရလို့ ဂုဏ်ယူမိပါတယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

KMC@ချင်းလေး said...

ထပ်တူထပ်မျှဝေယူသွားပါတယ်.. နည်းနည်းနောက်ကျသွားတာခွင့်လွှတ်ပါအစ်ကို8yar။

8Yar said...

KMC@ချင်းလေး<< နောက်မကျပါဘူး အစ်ကိုချင်းရေ။ လာအားပေးတဲ့အတွက် ကျေးဇူးကမ္ဘာပါခင်ဗျာ။

မအိမ်သူ said...

မြစ်ဧရာကို ပေးရက်တဲ့သူတွေက ပေးရက်ကြပေမယ့် မပေးရက်ကြတဲ့ပြည်သူတွေမှာတော့ ရင်ထဲမှာ ဒါဏ်ရာတွေရလို့ မျက်ရည်နဲ့မျက်ခွက်ပါ။ ကဗျာလေးက တိုသလောက် ထိမိလိုက်တာ.. ရင်ထဲစိုက်ဝင်သွားတဲ့ မြားတစ်စင်းအလားပါပဲ။

8Yar said...

မအိမ်သူ<< ဟုတ်ပါတယ် အစ်မအိမ်သူရေ။ ကဗျာလေးကို လာအားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေ ခင်ဗျာ။

မေသိမ့်သိမ့် ကျော် said...

ဧရာဝတီကို မယူသွားကြပါနဲ့။ မပေးပါရစေနဲ့။

mstint said...

ဧရာဝတီအတွက် အားလုံးစိုးရိမ်ကြောင့်ကျနေကြပါတယ် 8Yar ရေ။
'မြစ်ဧရာ' ထာဝရအေးချမ်းစွာဖြင့်စီးဆင်းနိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

8Yar said...

မေသိမ့်သိမ့် ကျော်<< ဟုတ်ပါတယ် ကျွန်တော်လည်း ဆုတောင်းနေပါတယ်ခင်ဗျာ။ လာအားပေးတဲ့ အတွက်ကျေးဇူးပါခင်ဗျာ။

mstint<< အန်တီတင့် ရေ လာအားပေးတဲ့ အတွက်ကျေးဇူးပါခင်ဗျာ။ 'မြစ်ဧရာအတွက် ကျွန်တော်တို့ ဆုတောင်းတွေပြည့်မှာပါ။ အန်တီတင့်လည်း စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေခင်ဗျာ။