Monday 26 March 2012

မဟာအတာသင်္ကြန် Plan


မင်္ဂလာပါခင်ဗျာ။ ကြွရောက်လာကြတဲ့ စာဖတ်သူအပေါင်းနဲ့ Blog မောင်နှမတို့အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေလို့ 8Yarက ဆုမွန်ပြုပါတယ်ခင်ဗျာ။ အခုလိုကောင်းမြတ်သောအခါသမယမှာ မင်္ဂလာရှိတဲ့ အလုပ်လေးတွေလုပ်ဖို့ 8Yar တိုက်တွန်းချင်ပါတယ်ခင်ဗျာ။

ဟဲ ဟဲ... ဒီလိုနိဒါန်းမျိုးနဲ့ဆိုတော့ 8Yar တစ်ယောက် အလှုခံတော့မယ်လို့ တွေးမိလောက်ရောပေါ့နော်။ :P ဟုတ်ကဲ့ အမှန်တော့အလှုခံဖို့ထက် အလှုလုပ်ဖို့တိုက်တွန်းချင်တာပါ။ ခုဆိုရင် အတာသင်္ကြန်နီးလာတော့ ဟိုနားက ပိတောက်သံ၊ ဒီနားက တူးပို့တူးပို့သံ စတဲ့တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်မျိုးကြားနေကြမှာပါ။ 8Yar တို့လည်း ပြည်ပရောက်နေပေမယ့် ကိုယ့်ရိုးရာယဉ်ကျေးမှုပွဲကို ပျော်ရွှင်စွာဆင်နွှဲချင်တာပေါ့ဗျာ။ အချို့က ယမကာလေးနဲ့ပျော်ချင်၊ အချို့ကသီချင်းလေးနဲ့ပျော်ချင်၊ အချို့ကလည်း ကခုန်ရင်းပျော်ချင် (မှတ်ချက်။ မဒမ်ကိုးချစ်ချစ် အကိုရင်ကိုစောင်းပြောခြင်းမဟုတ်ပါ။ :P)

အဲဒီလိုကိုယ့်အစီအစဉ်နဲ့ကိုယ်ရှိနေချိန်မှာ 8Yarတစ်ယောက်လည်း အကြံနဲ့ Plan နဲ့ပါ။ 8Yarရဲ့ Plan ကိုမပြောခင် စင်္ကာပူမှာ မနေ့တစ်နေ့ကမှ ပေါက်ဖွားလာတဲ့Donation အဖွဲ့လေးနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒီDonation အဖွဲ့လေးကတော့ မေတ္တာရှင်ဖောင်ဒေးရှင်း(စင်္ကာပူ)အဖွဲ့လေးပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ် ဆရာတော်အရှင်ဇ၀န မေတ္တာရှင်( ရွှေပြည်သာ)ရဲ့ သြ၀ါဒကိုခံယူထားတဲ့ အဖွဲ့ခွဲလို့ ပြောရင်ရပါတယ်။ 8Yar က အဲ့ဒီအဖွဲ့လေးမှာအသင်းဝင်ထားတော့ မေတ္တာရှင်ဖောင်ဒေးရှင်း(စင်္ကာပူ)အဖွဲ့လေး သင်္ကြန်မှာဘာလုပ်မယ်ဆိုတာလေးပြောပြပါရစေ။

လာမယ့် ဧပြီ ၈ ရက်နေ့ ဆမ်ဘာဝမ်းဘုန်းဘုန်းဦးစီးပြီး ကျင်းပမယ့် မဟာအတာသင်္ကြန်ပွဲကို လာရောက်ဆင်နွှဲကြမဲ့ ဦးဦး ဒေါ်ဒေါ်၊ ကိုကို မမ၊ ညီလေး ညီမလေး၊ ကောင်လေး ကောင်မလေး၊ ပျိုပျို အိုအို၊ တိုတို ရှည်ရှည်၊ ပုပု ရွရွ၊ ကုကု ကွကွ၊ ရှိရှိသမျှလူအားလုံးရဲ့ ရင်ကိုအေးမြစေဖို့ ရည်စူးပြီး သောက်ရေသန့်စစ်စစ်ကို ရေမရောပဲလှုတန်းကြမှာဖြစ်ပါတယ်။ :) ဘုန်းဘုန်းမိန့်တာက လူအယောက်နှစ်သောင်းမှန်းထားတယ်လို့မိန့်ပါတယ်။။ နှစ်တိုင်း တကယ်လည်း နှစ်သောင်းအထက်လာရောက်ဆင်နွှဲကြပါတယ်ခင်ဗျာ။ ဆမ်ဘာဝမ်းဘုန်းဘုန်း ဦးစီးတဲ့ပွဲဟာ စင်္ကာပူမှာအကြီးဆုံးလုပ်တာလို့ တောင်ဆိုနိုင်တာကြောင့် လာဆင်နွှဲမဲ့လူအရေအတွက်ဟာ ဘုန်းဘုန်းမှန်းထားတာထက်တောင် များနိုင်ပါသေးတယ်။

အဲ့ဒီလောက်ဆို 8Yar ရဲ့ Plan ကိုလည်းရိပ်မိလောက်ရောပေါ့နော်။ ဟုတ်ပါတယ် 8Yar တစ်ယောက် အခုလို အခါကြီး၊ ရက်ကြီး၊ ရက်ကောင်း၊ ရက်မြတ်မှာ လုပ်အားဒါနနဲ့ ငွေအားဒါနတို့ကို တတ်နိုင်သလောက်လေး လှူတန်းဖို့ စီစဉ်ထားပါတယ်ခင်ဗျာ။ 8Yar လိုပဲ လုပ်အားဒါနပဲဖြစ်ဖြစ်၊ ငွေအားဒါနပဲဖြစ်ဖြစ် လှူချင်တယ်ဆိုရင်တော့.....

ကိုအောင်ဝင်းထွဋ် - 9800 9622 / 9722 3159
ကိုဉာဏ်အေး - 8139 9604
8Yar - 9191 9264

မချစ်စု - 9792 5475
မနွယ်နွယ် - 9876 4575
အင်ကြင်းသန့် - 8540 3929

တို့ကို ဆက်သွယ်ပေးပါခင်ဗျာ။ အမှန်တကယ်လည်း အလှူရှင်တွေကို လိုအပ်တာကြောင့် စေတနာ သဒ္ဒါပေါက်သလောက် လှူတန်းကြပါလို့ တိုက်တွန်းပါရစေခင်ဗျာ။ အလှူငွေများကို ဒီလကုန် မတ် ၃၁ ရက်နေ့မှာ စာရင်းချုပ်မှာဖြစ်လို့ အဲ့ဒီရက်မတိုင်ခင် ဆက်သွယ်လှူတန်းပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။ အစက 8Yar ရဲ့ ဘလော့မောင်နှမတွေကို ဖြစ်နိုင်ရင် သတင်းပေး Post လေးတစ်ပုဒ်လောက်တင်ပေးဖို့ အကူညီတောင်းမို့ပါ။ ရက်က အတော်ကပ်နေတာကတစ်ကြောင်း၊ မပြောရဲတာက တစ်ကြောင်းကြောင့် တစ်ယောက်ထဲပဲ တင်လိုက်ပါတယ်ခင်ဗျာ။ :P

၂၀၁၂ ဆမ်ဘာဝမ်း သင်္ကြန်ပွဲ အသေးစိတ်အစီအစဉ်ကတော့

နေ့ရက်။ ဧပြီ ၈ ရက် (တနင်္ဂနွေနေ့) ၂၀၁၂။
အချိန်။ နံက် (၉) နာရီမှ ညနေ ၄-၃၀ အထိ။
နေရာ။ Near Sembawang Community Center
လမ်းညွှန်။ ဆမ်ဘာဝမ်း MRT မှ 882 စီးပြီး Sembawang Community Center မှတ်တိုင်းဆင်းရမှာ ဖြစ်ပါတယ်ခင်ဗျာ။

အားလုံးပျော်ရွှင် ချမ်းမြေ့ကြပါစေခင်ဗျာ။

8Yar

27th Mar 2012

9 comments:

အလွမ်းမြို့ said...

8Yar လေးရေ မကြီးလွမ်းတော့လာခဲ့တယ်။
သင်္ကြန်အတွက် ခုလို Plan လေးလည်း ကောင်းပါတယ်။
နှစ်သစ်မှာလည်း ပျော်ရွှင်ပါစေ


ခင်တဲ့
မကြီးလွမ်း

လွင်ပြင်လှိုင်းငယ် said...

အလှူလေးဖြစ်မြောက်အောင်မြင်ပါစေ

8Yar said...

ဟုတ်ကဲ့ လာလည်တဲ့ အတွက်ရော၊ ဆုတောင်းပေးတဲ့ အတွက်ပါ အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ မကြီးလွမ်းလည်း နှစ်သစ်မှာပျော်ရွှင်ပါစေခင်ဗျာ။ :)

8Yar said...

ပေးတဲ့ဆုနဲ့ပြည့်ပါစေခင်ဗျာ။ လှူချင်တဲ့သူရှိရင် အကြောင်းကြားပေးပါအုံးခင်ဗျာ။ :)

Candy said...

သင်္ကြန်မှာ ကုသိုလ်လေးနဲ့ ပျော်တာ အကောင်းဆုံးပေါ့.. :D
သာဓု သာဓု သာဓု ပါနော်

ပြန်ရှယ်ပေးပါ့မယ် :D

8Yar said...

ပြန်ရှယ်ပေးမယ်ဆိုလို့ ကျေးဇူးလည်းတင်တယ်၊ သာဓုလည်းခေါ်ပါတယ် Candy ရေ။ :)

mstint said...

မောင်အိပ်ယာရဲ့ကြိုးစားအားထုတ်မှုအတွက် မေတ္တာရှင်ဖောင်ထေးရှင်းအဖွဲ့ကို
ကိုယ်တိုင်မလာရောက်နိုင်ပေမယ့် တီတင့်က S$ 30 အလှူထည့်ဝင်ပါတယ်ကွယ်။
မကြာခင်အောင်မြင်စွာပြီးစီးသွားမဲ့အလှူလေးအတွက်လည်း သာဓုခေါ်သွားပါတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

8Yar said...

ဟုတ်။ ကျေးဇူးကမ္ဘာပါပဲ တီတင့်ရေ။ တီတင့် အလှူအတွက် သာဓု၊ သာဓု၊ သာဓု ပါခင်ဗျာ။ တီတင့်လည်း စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေခင်ဗျာ။

နွေလ said...

တာဒု တာဒု ဗျာ