Tuesday 6 March 2012

ဘ၀ရဲ့အမှတ်တရနေ့စွဲများ (Tag)


ဘ၀ရဲ့အမှတ်တရနေ့စွဲများ တဲ့ ကျွန်တော်ခင်တဲ့ သမီးစံက Tag စာကြွေး ခြင်းပါ။ သူများတွေက ရေးပြီးလို့ တစ်လကျော်မှ ကျွန်တော် 8Yar တစ်ယောက် ဂမူးရှူးထိုး လိုက်ရေးရခြင်းပါ။ Tag Post ရတိုင်း ကျွန်တော့ကို သတိတရ ပေးတဲ့ သမီးစံကို အရမ်းအရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ က တရားပွဲအတွက် လုပ်အားပေးနေတာကြောင့် Post အသစ်မတင်နိုင်တာကို ခွင့်လွှတ်ပေးကြပါလို့ ပြောပါရစေခင်ဗျာ။ ပျင်းတာမဟုတ်ကြောင်း ဖြေရှင်းနေတာကိုက ပျင်းကြောင်းသက်သေပြသလိုဖြစ်နေတာကြောင့် ဆက်ရှင်းပြတော့ဘူးနော်။ :P

အမှတ်တရနေ့စွဲတွေကများလွန်းတော့ ဘယ်ကနေစရေးရမှန်းတောင် မသိတော့ဘူး။ ငယ်ငယ်ကနေ ကြီးလာတာကိုရေးရင်ကောင်းမလား?။ ကြီးရာကနေ ငယ်တဲ့ဘက်ကိုရေးရမလား? အဲ.... သားပြောတာ အသက်၊ အရွယ်ကို ပြောတာနော်။ :P ဟီး.... ဖတ်သူတွေက ဉာဏ်ကောင်းလွန်းတော့ ကြိုရှင်းထားရတယ်။ မှတ်မိသလောက်ရေးမယ်ဗျာနော်။

အမည်ပေး၊ ကင်ပွန်းတပ်
8Yar မွေးတုန်းက အဘေး(အဖိုး၏ အဖေ) ဖြစ်သူသည် ဆေးရုံသို့ ကဆုံစိုင်း အရောက်လာ၍ မြန်မာနာမည်မဟုတ်သော တရုတ်အမည်ပေး၊ ကင်ပွန်းတပ်လေ၏။ အကြောင်းမှာ 8Yar သည် သူ၏ မြစ်ဦးယောက်ျားလေးဖြစ်သောကြောင့်ဟုဆို၏။

ဆန်ပြုတ်
၂တန်း တက်ချိန်တွင် တစ်ကျောင်းလုံးအား အလှူရှင်တစ်ဦးမှ ဆန်ပြုတ်ဖြင့် ဒါနပြုရာ... 8Yar မှ ထိုဆန်ပြုတ်အား အရမ်းကြိုက် သောကြောင့် နောက်တစ်ပွဲရဘူးလား ဟု ဆရာမအားမေး၏။

ရှင်ပြု ကိုရင်ဝတ်
ငယ်ငယ်တည်းက ကိုရင်ဝတ်ချင်သော 8Yar တစ်ယောက် ကိုရင်မြင်တိုင်း မိဘများကိုပူစာ....။ နားပူလွန်းသောကြောင့် ၇တန်းလောက်အရောက်မှာ ကိုရင်ဝတ်ပေး၏။ ကိုရင်ဝတ်သောညတွင် ဗိုက်ဆာ၍ ဦးဇင်းများနှင့်လိုက်၍ အအေးဘုန်းပေး....။ ပေးသည့် အအေးမှာ ဖာလူဒါဖြစ်နေ....။ တိုက်ဆိုင်ချက်က လမ်းလျှောက်ထွက်လာသော ဖခင်အားလှမ်းခေါ်၍ အအေးတိုက်။ "ပါပါး အအေးသောက်။" ဖခင်မှာ မျက်လုံးကြီးပြူး၍ "ကိုရင်လေး ဖာလူဒါ တွေဘုန်းပေးနေတယ်။" ကိုရင်မှာ မိန့်မိန့်ကြီးပြန်ဖြေ "အင်း။ " ထိုအဖြစ်ပျက်ကြောင့် ကိုရင်ထွက်မည်နေ့တွင် ဖခင်မှ 8Yar အား သဲဒဏ်၊ ရေဒဏ်များ အပြင်းအထန်လုပ် စေပြီးမှသာ ထွက်စေ၏။ ထိုအချိန်မှစ၍ ယခုအချိန်ထိ ကိုရင်သာ ၅ခါဝတ်ဖူးသွားသည်။ ပဉ္ဇင်း တက်ခွင့်ပါမစ် တစ်ခါမှမရသေးချေ။ :(

မိဘကျေးဇူးဆပ်ခြင်း။
အရွယ်လေးရောက်လာတော့ စာအုပ်၊ စာပေတွေဖတ်ကာ မိဘကျေးဇူးဆပ်ချင်လာ၏။ ထို့ကြောင့် တစ်ခုသော ဖခင်မွေးနေ့၌ နံနက်စောစော အိပ်ယာမှထကာ ဖခင်အမြဲစီးသော ဆင်ကြယ် ဖိနပ်အဟောင်းလေးအား ဆပ်ပြာတိုက်၍ ရေဆေးပေးခဲ့၏။ ဖခင်နိုးသောအခါ ဖိနပ်ရေဆိုနေသောကြောင့် ညကမိုးများရွာလေသလား ဟု ကောင်းကင်ကိုမော့ကြည့်နေသော ဖခင်ကိုကြည့်၍ အကျေနပ်ကြီးကျေနပ် နေခဲ့..။ တစ်ခုသော မိခင်မွေးနေ့တွင်လည်း သူမ၏ ကတီပါဖိနပ်အသစ်ကြီးအား ရေဆေးပေးခဲ့....။ မိခင်သိသွားသောအခါ မဆူပဲ ရယ်နေခဲ့သည်။ :D

ငွေရောင် ဆိုင်ကယ်လေး
၈တန်းအောင်သောအခါ 8Yar လိုချင်သော စူပါကပ် ဟွန်ဒါ ငွေရောင် ဆိုင်ကယ်လေးအား မရှိသည့်ကြားက ဝယ်ပေးကြရှာ။ ၁၀ တန်းအောင်ပြီးသောအခါ စီးပွါးရေးအတွက် ငွေလိုတာကြောင့် 8Yar ၏အချစ်တော် ဆိုင်ကယ်လေးကို ရောင်းပေးလိုက်သည်။

စူဇူကီး ဆိုင်ကယ်
တက္ကသိုလ်စတက်တော့ စူဇူကီး ဆိုင်ကယ်လေးတစ်စီးပြန်ဝယ်ပေး။ ကျေးဇူးပါ ဖေဖေနဲ့ မေမေရေ။ :)

ဘွဲ့ရပြီ
၂၀၀၅ တွင် ရုက္ခဗေဒဖြင့် ဘွဲ့ရ.....။

လူပျိုလေးမလုပ်တော့ ဟုဆုံးဖြတ်
၉-ဧပြီ-၂၀၀၈ တွင် ချစ်သူလေးနဲ့ ဆင်တူလက်စွပ်လေးဝတ်၍ တရားဝင်ချစ်သူဖြစ်ခဲ့။

ငွေရှာမယ်
၂၀-ဩဂုတ်-၂၀၀၈ တွင် စင်ကာပူကိုရောက်ရှိလာခဲ့ပါသည်။

ဘလော့ဂ်အပင်လေးကို စပျိုး
၁၄--ဩဂုတ်-၂၀၁၁ မှာ 8Yar (အိပ်ယာ) ဘလော့ဂ်လေးကို စတင်ပြီး ချစ်သော ဘလော့ဂ်မောင်နှမများနှင့် ရင်းနှီးခွင့်ရခဲ့ပါသည်။ ကျေးဇူးပါ ဘလော့ဂ်လေးရေ။ ဒီဘလော့ဂ်မောင်နှမတွေနဲ့ ကမ္ဘာတည်သ၍ ခင်မင်ခွင့်ရပါစေလို့ ဆုတောင်းရင်း ဒီ Post လေးကိုနိဂုံးချုပ်ပါရစေခင်ဗျာ။

8Yar

6th Mar 2012

25 comments:

Anonymous said...

ပါးပါး ဖာလူဒါ တောက်မယ်နော်

ဟန်ကြည် said...

အလုပ်များနေလို့ အလည်သိပ်မရောက်ဖြစ်တာ ခွင့်လွှတ်ပါဦး အိပ်ရာရေ...အမှတ်တရတွေအကြောင်း ဖတ်ရတော့လည်း ကိုယ့်အမှတ်တရတွေကို ပြန်စဉ်းစားမိပါရဲ့...

မောင်မျိုး said...

2008 တည်းက ရည်းစားနေပြီပေါ့ ဒါဆိုဆရာတင်ရတော့မယ်ဗျာား)

Anonymous said...

8 yar ရေ လာအားပေးသွားတယ်..
လူပျို မလုပ်တော့ဘူးဆိုတော့ .....အော် ကောင်းပါတယ် လို့ ပြောမလို့ပါ..း)
ချစ်သူနဲ့ အဆင်ပြေတဲ့ ခရီးလမ်းလေး ဖြတ်သန်းနိုင်ပါစေ..ကွယ်

အစ်မ
အိမ်မက်စေရာ

8Yar said...

ဟား ဟား ဟား ကျနော်လဲ တော်တော်ချာပါတယ်ဗျာ။ လာအားပေးလို့ ကျေးဇူးပါခင်ဗျာ။

8Yar said...

ဖတ်ခွင့်ရရင် ဖတ်ချင်ပါတယ်ဆရာဟန်ခင်ဗျာ။ မအားတဲ့ကြားကလာလည်လို့ ကျေးဇူးပါခင်ဗျာ။

8Yar said...

အစ်ကိုမောင်မျိုးက လူပျိုကြီးလုပ်တော့ဘူးလားဗျ။ ဟီး.... :P ဆရာတော့မတင်ပါနဲ့ဗျာ။ ပန့်ပိုးဆို ပန့်ပိုးပါ့မယ်။ :D

8Yar said...

ဟင့်.. နောက်နဲ့နော် လူပျိုလေးပြန်လုပ်လိုက်မှာ။ ဟိ ဟိ :P ဆုတောင်းပေးလို့ ကျေးဇူးပါ အစ်မအိမ်မက်ရေ။

Candy said...

အင်... ခုမှ တရေးနိုးနေတယ်
နာ့လည်း ဖာလူဒါတိုက် :P

လွင်ပြင်လှိုင်းငယ် said...

တရေးနိုးရေးပေမယ့် အပြေးလေးလာဖတ်သွားပါတယ်

Anonymous said...

8ယာကလည်း အိပ်နေတာလားမသိဘူး..အလန့် သကြား...အလန်းထညက်...အခုမှပဲရေးတော့တယ်..လူပျို မဟုတ်ဘူးလားဟင်..ဒန် ဒန်း ဒဏ်

8Yar said...

ရော့သောက်။ ပြီးရင် သဲဒဏ်၊ ရေဒဏ်လုပ်ဖို့ပြင်ပေတော့။ ဟတ်ဟတ်....

8Yar said...

ကျေးဇူးပါ အစ်ကိုလွင်ပြင်ရေ။ နောက်ဖြည်းဖြည်းလာပါဗျာ။ 8Yar ထွက်မပြေးပါဘူး။ ဟီး... :P

8Yar said...

မလန့်နဲ့ မလန့်နဲ့ ပြန်ခေါ်ပေးမယ် လိပ်ပြာကို.. :P ။ တိန်! မေးစရာလား လူကြား၊ သူကြားထဲမှာ။ :D

မဒမ်ကိုး said...

အိပ်ပျော်နေတာကိုးး လတ်စသတ်တော့း))

နောက်တစ်နေ့ထပ်ထည့်ရေးရတော့မှာနော်

လက်ထပ်တဲ့နေး)))

ခင်တဲ့

မဒိုးကန်

mstint said...

ဘဝရဲ့အမှတ်တရနေ့စွဲလေးတွေ ဖတ်သွားတယ် မောင်အိပ်ယာရေ။
ရေးထားတာလေးတွေ ရိုးရိုးရှင်းရှင်းလေးနဲ့ကောင်းတယ်။
အချစ်တော်ဆိုက်ကယ်လေးကိုအလိုက်တသိရောင်းပေးလို့
ပိုကောင်းတဲ့စူဇူးကီးဆိုက်ကယ်လေးရတာပေါ့ကွယ်။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

မေတ္တာဖြင့်
အန်တီတင့်

မောင်သီဟ said...

အမှတ်ရစရာ အမှတ်တရနေ့စွဲတွေပါပဲ

Yin Sue said...

8yar ရေ လူပျိုလေးမလုပ်ဟု ဆုံးဖြတ်ချက်ချလိုက်တော့မှဘဲ နေ့စွဲအကုန်ပါတော့တယ်.....ချစ်သူကောင်းမှု့အကြောင်းပြုပြီး နေ့စွဲတွေ မှတ်တတ်လာပြီပေါ့....
နောက်ကျမှတင်တာကို နောက်ကျမှ အပြေးအလွှားလာဖတ်သွားပါကြောင်း .....တယ်ရင်း 8yar ရေ

သမီးစံ said...

ကိုအိပ်ရာ..
တရုတ်နာမည်က ဘာတဲ့လဲ
ရေးဖို့ကျန်သွားတယ်ထင်တယ် :P
တောင်ကြီးက လျောင်ကီးလား :D
ပျော်ပျော်ပါးပါးအမှတ်တရနေ့များစွာကို
ဖတ်ရှုအားပေးသွားပါကြောင်း.........။

ခင်မင်လျှက်

8Yar said...

ဟတ် ဟတ်... ကျွန်တော်လည်း စဉ်းစားတယ် အဲ့ဒီနေ့မှပေါင်းရေးမလားလို့ :P ခစ်ခစ်..

8Yar said...

ဟုတ်... လာအားပေးလို့ ဂုဏ်ယူပါတယ်ခင်ဗျာ။ နောက်လည်း လာအားပေးဖို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။

8Yar said...

ဟား ဟား ဟား အဲဒါ မမှတ်မိရင် ဗိုက်ကြောပြတ်လိမ့်မယ်ဗျ။ ဟိဟိ.. :P အပြေး အလွှားလာလို့ ကျေးကျေးပါခင်ဗျာ။

8Yar said...

ဟီး... 8Yar ရဲ့ အကျင့်တွေသိနေပါရောလားဗျာ။ ဒီတစ်ခါ ကျန်ခဲ့တာ မဟုတ်ပါဘူး။ တမင် မရေးတာပါ။ မြန်မာလိုရေးရင် ဝိုင်းရယ်ကြမှာဗျ။ ဟီး.. :P လာအားပေးလို့ ကျေးဇူးဗျာ။

ကြယ်ပြာ said...

ဒီပို့စ်လေး ဖတ်လို့ကောင်းလိုက်တာ။ မိဘကျေးဇူးဆပ်တာနဲ့ ကိုရင် ဖာလူဒါ ဘုန်းပေးတာ အကြိုက်ဆုံးပဲ။

8Yar said...

ဟီး ကျေးဇူးပါခင်ဗျာ။ ရော့ လဖာလူဒါသောက်သွားအုံးနော်။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။ :)